Subscribe to our RSS Feed

မြန်မာ နိုင်ငံသည် IAEA အဖွဲ့ဝင် ဖြစ်၍ အဏုမြူ စွမ်းအင်မှ လျှပ်စစ် ထုတ်လုပ် မှုကို ဆောင် ရွက် သင့်ကြောင်း အစိုးရအား တိုက်တွန်း



From :မြဝတီ

ပထမအကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေး ဆဋ္ဌမ နေ့သို့ လွှတ်တော် ကိုယ်စား လှယ်များ  တက်ရောက် လာကြစဉ်။  
 
ပထမအကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေး ဆဋ္ဌမ နေ့သို့ လွှတ်တော် ကိုယ်စား လှယ်များ တက်ရောက် လာကြစဉ်။
 
နေပြည်တော် ဇန်နဝါရီ ၂၃
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အနေဖြင့် လန်ပိ အဏ္ဏဝါ အမျိုးသား ဥယျာဉ်၏ ဇီဝမျိုးစုံ မျိုးကွဲများ အပါအဝင် ဂေဟ စနစ်များ အစဉ်သဖြင့် ဖွံ့ဖြိုးတိုး တက်ရေး မူလ ရည်ရွယ်ချက်များ အတိုင်း အောင်မြင်စွာ အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရန် အတွက် ချမှတ်ထားသော ရေတို/ ရေရှည် လုပ်ငန်းစဉ်များ အတိုင်း တစိုက် မတ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး  မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးလှအေး၏ ကော့သောင်းမြို့နယ် လန်ပိ အဏ္ဏဝါ အမျိုးသား ဥယျာဉ်အား လက်ရှိ ထိန်းသိမ်း ဆောင်ရွက်လျက် ရှိသည့် အစီ အစဉ်နှင့် ရေရှည်ဆောင်ရွက် ထိန်းသိမ်းသွားမည့် အစီအမံ များကို သိရှိလိုခြင်း မေးမြန်းချက်နှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  သစ်တော ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးမြင့်မောင်က ဖြေကြားသည်။

ဆက်လက်၍ အမျိုးသား ဥယျာဉ်တွင် သိပ္ပံနှင့် ဇီဝဆိုင်ရာ လေ့လာ စူးစမ်းမှု များကို တိုးချဲ့ ဆောင်ရွက် ရန်အတွက် သစ်တောဦးစီး ဌာနသည် အီတလီ နိုင်ငံ အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်း ဖြစ်သည့်  Istituto Oikos နှင့်ပူးပေါင်း၍ (၄)နှစ် သက်တမ်း ရှိသော သဘော တူညီမှု တစ်ရပ်အား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက် နေ့တွင် လက်မှတ်ရေး ထိုးခဲ့ပြီး ယင်းသဘော တူညီချက် အရ အမျိုးသား ဥယျာဉ် အုပ်ချုပ် လုပ်ကိုင်မှု စီမံချက်ရေး  ဆွဲခြင်းနှင့် ယင်းစီမံချက် အကောင်အထည် ဖော်ခြင်း တို့ကို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိစီမံ အုပ်ချုပ်မှု အနေဖြင့် အမျိုးသား ဥယျာဉ် အတွင်းတွင် ဇီဝ မျိုးစုံမျိုး ကွဲများ စာရင်းနှင့် လူမှု စီးပွားရေး စစ်တမ်းများ ကောက်ယူ၍ အုပ်ချုပ် လုပ်ကိုင်မှု စီမံချက် ရေးဆွဲခြင်း၊ ဘုတ်တိုင်များ စိုက်ထူ၍ နယ်နိမိတ် သတ်မှတ်ခြင်း၊ ကြားခံနယ်မြေ ဧရိယာ သတ်မှတ်ရေး အဆိုပြုနိုင်ရန် ကွင်းဆင်း ဆောင်ရွက်ခြင်း၊ ကြားခံ နယ်မြေ သတ်မှတ်ခြင်း၊ ဝန်ထမ်းများ ဖွဲ့စည်း တာဝန် ပေးအပ်ခြင်းနှင့် ရေချို လုံလောက်စွာ ရရှိခြင်း၊  အနာဂတ် ကာလ စီမံ အုပ်ချုပ်မှုများ အနေဖြင့် အမျိုးသား ဥယျာဉ် အုပ်ချုပ် လုပ်ကိုင်မှု စီမံချက်အား အကောင် အထည် ဖော်ခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ဖော်ထုတ်ခြင်း၊ ကြားခံ နယ်မြေ စီမံ အုပ်ချုပ်ခြင်း၊ ဆလုံ မျိုးနွယ်စု တို့၏ အခြေခံ ပညာနှင့် ကျန်းမာရေး မြှင့်တင် ဆောင်ရွက်ခြင်း၊ သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန် စီမံ ဆောင်ရွက်ခြင်း၊ နယ်စပ် ဖြတ်ကျော်၍ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်များ တရားမဝင် ရောင်းဝယ် နေမှုအား ဆက်စပ် ဝန်ကြီးဌာန များဖြင့် ဖွဲ့စည်းထားသော National Wildlife Law Enforcement Task Force နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်း များနှင့် ပူးတွဲ၍ ထိန်းသိမ်းရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးတင်ယုက ပြည်သူ့ လွှတ်တော် က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး နည်း ဥပဒေများ နှင့်စပ်လျဉ်း၍ ကော်မတီ၏ အစီရင် ခံစာကို ဖတ်ကြားရာတွင် လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနက ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေ များကို ပဉ္စမ အကြိမ် ပြည်သူ့ လွှတ်တော် (၁၂)ရက် မြောက်နေ့ အစည်း အဝေးတွင် ပြင်ဆင်ချက် များဖြင့် အတည်ပြုခဲ့ပြီး အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပေးပို့ လာခဲ့ပါကြောင်း၊ ပြည်သူ့ လွှတ်တော်က မူလ နည်းဥပဒေကို နည်းဥပဒေ (၄)ခု ပြင်ဆင်ပြီး နည်း ဥပဒေ ခွဲငယ် (၂)ခ ဖြည့်စွက် ထားပါ ကြောင်း၊ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ အနေဖြင့် ယင်းနည်း ဥပဒေများကို လေ့လာရာတွင် ပြည်သူ့ လွှတ်တော်၏ ပြင်ဆင် အတည်ပြု ချက်များသည် လျော်ကန် သင့်မြတ် ပါသဖြင့် ပြည်သူ့ လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက် အတိုင်း အမျိုးသား လွှတ်တော်က သဘောတူ လက်ခံ သင့်ပါကြောင်း ဖတ်ကြား တင်ပြသည်။

ယင်းနောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး နည်းဥပဒေ များနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်/ ဖြည့်စွက်ချက်များ အတိုင်း အမျိုးသား လွှတ်တော်က အတည်ပြုသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာ မြင့်ကြည်က မြန်မာ နိုင်ငံသည် ASEAN အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး IAEA အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်၍ မြန်မာ နိုင်ငံတွင် အဏုမြူ စွမ်းအင်မှ လျှပ်စစ် ထုတ်လုပ်မှုကို ဆောင်ရွက်သင့်ကြောင်း  ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးလှဆွေက ထောက်ခံ ဆွေးနွေးပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။

အစည်းအဝေး သတ္တမ နေ့ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
 
 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်