Subscribe to our RSS Feed

ငြိမ်းချမ်းရေးနှင့် ပတ်သတ်ပြီး ဗဟိုကော်မတီဝင်များသဘောထားကွဲလွဲ

From : http://www.kachindailynews.com/2013/01/blog-post_1218.html

  ၂၀၁၁ဇွန်လမှစပြီး တာပိန်ရေအားလျှပ်စစ်စက်ရုံမှ စပြီး အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရကာ ငြိမ်းချမ်းရေး ပျက်ပြားခဲ့ရသည်။ အစိုးရဘက်မှ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်တိုင်း ၎င်းတို့ ခေါင်းဆောင် အချင်းချင်း သဘောထားကွဲလွဲမှုတွေက ပိုပိုလာခဲ့ကြကာ ငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိဘဲ ဆက်လက် တိုက်ပွဲများ ဖြစ်ကာ ယခုချိန်တွင် အစိုးရတပ်တွေက လိုင်ဇာမြို့နဲ့ ၅မိုင်ပတ်ဝန်းကျင်ကို ရောက်ရှိနေပြီးဖြစ်သည်။

 




 ဇန်န၀ါရီလ ၁၉ရက် မနက်၆နာရီမှစပြီး အပစ်ရပ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လုပ်ဆောင်ရန် အတွက် အစိုးရကမ်းလှမ်းခဲ့ပြီးနောက် အဲဒီနေ့ မနက်၉နာရီတွင် လိုင်ဇာမြို့ရှိ KIO ဒုဥက္ကဌ ဦးအင်ဘန်လှ ပိုင် ကျင်ရှင်းဟိုတယ်တွင် KIA/KIO ခေါင်းဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ တပ်မဟာမှူးများနှင့် အရာရှိကြီး များ အစည်းအဝေးလုပ်ခဲ့ကြသည်။ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်မှ ကျန်မာရေး အခြေအနေကြောင့် တက် ရောက်နိုင်ခြင်း မရှိခဲ့ပေ။
အစည်းအဝေးအား “ ၂၁ရာစုပင်လုံညီလာခံ၌ပါဝင်နိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး လုပ်သင့် မလုပ်သင့်”  ခေါင်းစဉ်ဖြင့် အစည်းအဝေးပြုလုပ်ကာ သဘောထားခံယူမှုများပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် KIA နှင့် အစိုးရတပ် စတင် ဖြစ်ပွားခဲ့သည့်ကာလတစ်လျှောက်လုံးအား ယခုချိန်တွင် ပြန်လည်သုံးသပ်၍ မိမိတို့ ခေါင်းဆောင်များ အနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပြီး အကြံဥာဏ်တောင်းခဲ့ကြောင်းသိရှိရသည်။ ဗဟိုကော်မတီဝင်အများစု မှ နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးရန် အကြံပြုခဲ့သော်လည်း အစည်းအဝေး တက်ရောက်ခြင်းမရှိသည့် KIO ဒုဥက္ကဌဦးအင်ဘန်လှနှင့် စစ်ဦးချုပ် ဂမ်ရှောင်နှင့် ဒုဦးစီးချုပ် ဂွမ်မော်အပါအ၀င် စစ်ဘက်ခေါင်းဆောင် အချို့မှ နိုင်ငံရေးဆွေးနွေးမှုကို လုံးဝလက်မခံခဲ့ကြကြောင်း သိရှိရသည်။ ဗဟိုကော်မတီ ၀င်များနှင့် ခေါင်းဆောင်အများစု မှာ ၎င်းတို့၃ဦးကို လွန်ဆန်နိုင်ခြင်းမရှိဘဲ ဆက်လက်ဆွေးနွေးမှု ပြုလုပ်ခဲ့ သော်လည်း အစည်းအဝေး ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်းသိရှိရသည်။



အစည်းအဝေးနှင့်ပတ်သတ်ပြီး ခေါင်ဆောင်းတစ်ဦးနှင့်တစ်ဦး မကျေနပ်မှုတွေဖြစ်ပေါ်နေခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုသည့် ဗဟိုကော်မတီဝင်များက အစိုးရနှင့် ဆက်သွယ်မှုများမရှိနိုင် စေရန် အစည်း အဝေး ပြီးသည့်အချိန်တွင် ဗဟိုကော်မတီဝင်များနှင့် ငြိမ်းချမ်းရေးကို လိုလားသည့် ခေါင်းဆောင်များအား ပြင်ပသို့ ထွက်ခွါခွင့်မပေးဘဲ လုံခြုံရေးအကြောင်းပြ၍ လိုင်ဇာဟိုတယ်တွင် နေထိုင်ခိုင်းခဲ့ကြောင်း သိရှိ ရသည်။ လိုင်ဇာဟိုတယ်ကိုလည်း အစောင့်ထူထပ်စွာ စောင့်ကြပ်နေ ကြောင်း လိုင်ဇာ မြို့ခံတစ်ဦး၏ အဆိုရသိရသည်။ KIAရှိ တပ်မဟာမှူး အချို့က ငြိမ်းချမ်းရေးကိုစိတ်ဝင်စားသော်လည်း ဂမ်ရှောင် နှင့် ဂွမ်မော်တို့ကို ကြောက်ရွံ့နေကြသောကြောင့် ငြိမ်းချမ်းရေးစကားကို မပြောရဲ ဖြစ်နေကြောင်း သိရှိရသည်။ KIA ခေါင်းဆောင်များအနေဖြင့် ယခုအတိုင်း ဆက်လက် ဆောင်ရွက်သွားပါက တပ်တွင်း လက်နက်ကိုင် ပုန်ကန်မှုများပင် ဖြစ်လာနိုင်ကြောင်း KIA အရာရှိတစ်ဦးမှ ပြောကြားသည်။

 www.MyanmarExpress.net

4 comments:

ဂမ်ရှောင် ကခေါင်းထဲ သုက်ပိုးရောက်ပြီးကြောင်နေပြီထင်တယ်။ KIA တွေကိုပြောလိုက်မယ် မင်းတို့ငြိမ်းချမ်းရေးမယူလဲကိစ္စမရှိဘူး မင်းတို့ကိုအတင်းမယူခိုင်းဘူး။သိပ်လဲဖင်ခေါင်းကျယ်မနေနဲ့။ မင်းတို့ ကကျည်ဆံတောင်းရင်လည်းကျည်ဆံပေးရတာပေါ့ကွာ။

သုတ်ခန်းသွားလို့ကြောင်တာပါ။

ကချင်တွေဆုတောင်းပွဲလုပ်နေကြပြီ- ဆေးမမှီတော့ပါ။
၁။တိုက်ပွဲစကာစ kiaချောင်းပစ်လို. ပစ်မိန်.မပေးထားလို. တပ်ကငုတ်တုတ်ထိုင်ခံနေရချန်ဆုတောင်းတာက KIA/KI0တော်လှန်ရေးအောင်မြင်ပါစေတဲ့.
၂။တိုက်ပွဲအလယ် တပ်ကပစ်မိန်.ပေးလိုက်တော့တောင်းတဲ့ဆတောင်းက KIAတွေအသေများလာပြိး မူဆိုးမတွေများလာတော့ စစ်ကြိးမြန်မြန်ပြိးပါစေတဲ့
၃။အခုလိုkiaတွေအသေလွန်ပြိး စခန်းတွေအကုန်ကျကုန်တော့ kia/KIOအနေနဲ.လက်ရှိမိုင်းထောင်လူသတ်မီးရှို.နေတဲ့ ဒုစရိုက်အပြစ်တေကနေခွင်.လွှတ်ပေးဘို.ဆုတောင်းပြိး ရီစရာဆုတောင်းတခုကိုလည်းထပ်တောင်းသွားကြပြန်ပါတယ်။ ကချင်ပြည်နယ်အတွင်းသမ္မာအာဇီဝနဲ. အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ တိုးတက်ပါစေ ကချင်ပြည်နယ်မှာ ဘက်စုံဓမ္မပညာများ တိုးပွားများပါစေဟုမြစ်ကြိးနားမြို.နယ် ဂျော်ဘွန်တောင်မျှော်စင်ကုန်းမှာ မယှက်မကြောက် ဆုတောင်းခဲ့ကြပြန်ပါတယ်။လိုချင်တာက ငြိမ်းချမ်းရေးတဲ့ ဟားဟားဟား -ရီချင်စရာကြိးပါလား။

ဟုတ်တယ် အဲဒီကောင်တွေ ကျောက်ရူးတွေ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်