Subscribe to our RSS Feed

ဝ၁၃-၂ဝ၁၄ ခုနှစ်မှ စ၍ အခြေခံ ပညာ မူလတန်းတွင် ပြည်သူ့နီတိ ဖတ်စာ သင်ကြား ပို့ချမည်

From : မြဝတီ

၂ဝ၁၃-၂ဝ၁၄ ပညာ သင်နှစ်မှ စ၍ အခြေခံ ပညာ မူလတန်း ကျောင်းတွင် ပြည်သူ့နီတိ ဖတ်စာအုပ်ဖြင့် သင်ကြားပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာနမှ သိရသည်။ လက်ရှိတွင် ပြည်သူ့ နီတိကို ဖတ်စာအုပ်ဖြင့် သင်ကြားပေးခြင်း မရှိသေးဘဲ ပြည်သူ့နီတိ ဆိုင်ရာ ပြင်ပ စာပေများ ကိုးကားသင်ကြား ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘာသာရပ် အတွက် ပုံနှိပ် စာအုပ်များ ရိုက်နှိပ်ပြီး ဖြစ်ကာ အခြေခံ ပညာ သူငယ် တန်းမှ စတုတ္ထတန်း အထိ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခင်က အဆိုပါ ဘာသာရပ်ကို ဘာသာရပ် တစ်ခု အနေဖြင့် မဟုတ်ဘဲ ဖွံ့ဖြိုးရေး အချိန်များတွင် သာ သင်ကြား ပေးခဲ့ပြီး ယခု လက်ရှိတွင် အခြေခံ ပညာ မူလတန်း ကျောင်းများ၌ ပုံမှန်သင်ကြား ပေးနေသည့် ဘာသာရပ် အနေဖြင့် ကလေးများ စိတ်နေ စိတ်ထားနှင့် နေထိုင်မှု ပုံစံများကို မှန်ကန်မှု ရှိစေရန် ရည်ရွယ်၍ စာရိတ္တနှင့် ဘဝတွက်တာ အစရှိသည့် ဘာသာရပ် များကိုပါ ထည့်သွင်း သင်ကြားပေးလျက် ရှိကြောင်းသိရသည်။


  www.MyanmarExpress.net

3 comments:

လူမြိုလို့ လူမျိုးမပျောက်ဖို့ ဘာသာရေးအခြေခိုင်ရမယ်လေ။ လုပ်သင့်တာကြာပြီ။

ဒီလိုကြားရတာ တကယ်ကိုဝမ်းသာမိပါတယ်ဗျာ

ဌာနဆိုင်ရာဝန်ထမ်းတွေ အမှုထမ်း

အရာထမ်းရော သင်ပေးသင့်တယ်ဗျ

ဒါမှပြည်သူတွေ ရုံးကြောက်ရောဂါ

ပျောက်မှာနော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်