Subscribe to our RSS Feed

ဗန်းမော်-လွယ်ဂျယ်လမ်းအား KIA မှ ပိတ်

From : http://www.kachindailynews.com/2013/01/kia_6632.html

  ကချင်မှ ထွက်ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ ပို့ဆောင်ခြင်းနှင့် တရုတ်ပြည်မှ ပစ္စည်းများကို တင်သွင်းရန် လမ်းကြောင်းများစွာ ရှိပါသည်။ သို့သော် KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသည့် အတွက် လမ်းများ မှာ သွားလာလို့ မရဘဲ ရှိနေပါသည်။ ဗန်းမော်မြို့မှဆိုလျှင် ဗန်းမော်-လိုင်ဇာလမ်းနှင့် ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်း (၂)ခုကို အသုံးပြုပြီး ကုန်စည် သယ်ဆောင်မှုများပြုလုပ်လျက်ရှိပါသည်။



 

သို့သော် တိုက်ပွဲတွေကြောင့် ဗန်းမော်-လိုင်ဇာလမ်းကို အသုံးပြုခွင့်မရရှိဘဲ ဗန်းမော်-လွယ်ဂျယ်လမ်းကို အသုံးပြုပြီး ကုန်စည်များ သယ်ဆောင်မှုကို ပြုလုပ်နေကြပါသည်။ သို့သော် ယမန်နေ့က မိုးမောက်ဈေး အနီးတွင် KIA မှ ၎င်းလမ်းကြောင်းကို လုံးဝပိတ်လိုက်ပြီဆိုတဲ့ အကြောင်း ရေးထားသည့် ကြေငြာချက် တစ်စောင်အား တွေ့ရှိခဲ့ရပါသည်။
KIA မှ ကုန်စည်ပို့ဆောင်ဖို့အတွက် ကျန်သည့် တစ်ခုတည်းသောလမ်းကြောင်းကို ပိတ်လိုက်သည့် အတွက် ဒေသခံများအတွက် များစွာ အခက်အခဲဖြစ်ပေါ်စေသည့်အပြင် မိမိတို့၏ ထွက်ကုန်များလည်း ပို့ဆောင်ခြင်း မရှိသည့်အတွက် ပျက်စီးမှုများရှိသလို ဒေသတွင်း တရုတ်ကုန်ပစ္စည်းများ ဈေးတက်လာမှုများ ဖြစ်ပေါ်လာနိုင် ပါသည်။ KIA ၏ လွယ်ဂျယ်လမ်းကြောင်းကို ပိတ်ပင်ခဲ့တာကြောင့် ဒေသခံများအတွက် အခက်အခဲများစွာ ဖြစ်မည်ဖြစ်ကြောင်း ဗန်းမော်မြို့ခံတစ်ဦး၏ အဆိုအရ သိရှိရပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်