Subscribe to our RSS Feed

၂ဝ၁၂ ခုနှစ်အတွင်းမိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူငါးသိန်းကျော်အထိရှိလာ

From :messenger

ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံး ပြုသူဦးရေ ၂ဝ၁၂ ငါးသိန်းကျော်ခန့်် ရှိလာပြီး၊ ၂ဝ၁၁ ခုနှစ်ကထက် ၃သိန်းကျော်ခန့် မြင့်တက်လာကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအင်ဂျင်နီယာချုပ်ဦးဌေးဝင်း က ပြောသည်။
၂ဝ၁၁ ခုနှစ်တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူဦးရေမှာ ၂ သိန်းကျော်ခန့်သာရှိပြီး ၂ဝ၁၂ ခုနှစ်အတွင်းGSM ၂ သိန်းဖုန်းနှင့် WCDMA ၂ သိန်းခွဲ တန်ဖိုးနည်းဖုန်းများချထားပေးခြင်းကြောင့် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြု သူဦးရေ ၃ သိန်းကျော်ခန့် မြင့်တက် လာကာ ၂ဝ၁၃ နှစ်ဆန်းပိုင်း အ တွင်း၌ တန်ဖိုးနည်းဖုန်းများထပ်မံချထားပေးပါကအင်တာနက် အသုံး ပြုသူဦးရေဆက်လက်မြင့်တက်လာ နိုင်ကြောင်းသိရသည်။
''တန်ဖိုးနည်းဖုန်းတွေ ထပ်ချ ပေးမယ်ဆိုရင်တော့ ဖုန်းနဲ့အင်တာနက် သုံးတဲ့သူတွေပိုများလာနိုင်ပါတယ်။ ဘယ်နေ့ချပေးမယ်။ ဈေးနှုန်းဘယ် လောက်ဆိုတာကတော့ ဆက်သွယ်ရေးဝန်ကြီးဌာနဆီကိုစာတင်ထားတာဆိုတော့ အတိအကျပြောလို့ မရသေးပါ ဘူး'' ဟုဦးဌေးဝင်းကပြောသည်။
''၂ဝ၁၂ ခုနှစ်အတွင်းမှာဖုန်းနဲ့ အင်တာနက်သုံးတဲ့ လူတွေပိုများလာပါတယ်။ တစ်ခါတည်းအင်တာနက်လိုင်းချိတ်ဖို့လျှောက်တဲ့ သူတွေ လည်းများလာတယ်။ အရင်ကလိုင်းမချိတ်တဲ့ သူတွေတောင် ပြန် လာပြီးတော့ လျှောက်လာကြပါ တယ်'' ဟုလူကြီးမင်းဖုန်းအရောင်းဆိုင်မှ ကိုပြည်စိုးထွန်းကပြောသည်။
မိုဘိုင်းဖုန်းနှင့် အင်တာနက် လိုင်းချိတ်ရာတွင် ၁ ရက်စောင့်ရပြီးဆက်သွယ်ရေးဌာနမှ ကျပ် တစ် သောင်းသတ်မှတ်ထားကာဖုန်းအရောင်းဆိုင်များမှ တစ်ဆင့်လျှေက် ထားပါကတစ်သောင်းနှစ်ထောင်ခန့် ရှိကြောင်းသိရသည်။


   www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်