Subscribe to our RSS Feed

မန္တလေး-မူဆယ်၏ ကားလမ်းတွင် ဖရဲသီးတင်ကားတစ်စီးအား KIA မှ မိုင်းထောင်တိုက်ခိုက်ခဲ့

From :KDN



      မိုးရာသီအကုန်မှစပြီး မြန်မာနိုင်ငံ၏ မြစ်ချောင်း၊ မြေနုကျွန်းများနှင့် ယာခင်းများတွင် ဈေးကောင်း ရသော ဖရဲသီး များကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ဖရဲသီးများကို တရုတ်သို့ ကားကြီးကားငယ်များဖြင့် ပို့ဆောင် ရောင်းချလျက်ရှိပါသည်။ ဖရဲသီးအလုံးပေါ်မူတည်ပြီး ၇၀၀ မှ ၁၅၀၀ အထိ ရရှိနေကြသည့်အတွက် တောင်သူများ အတွက် တွက်ခြေကိုက်သလို သယ်ဆောင်နေသည့် ကားများအတွက်လည်း အဆင်ပြေနေ ပါသည်။ ဖရဲသီး ကားများသည် မန္တလေးမှတစ်ဆင့် လားရှိုး-မူဆယ်လမ်းကြောင်းကို အသုံးပြုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြ ပါသည်။


သို့သော် ယမန်နေ့ ညနေ(၅)နာရီခွဲခန့်တွင် မန္တလေးမှ မူဆယ်သို့ သယ်ဆောင်လာသော ဖရဲသီးတင်ကား တစ်စီးသည် မူဆယ်မြို့အနီး နန့်ကွန်ရွာတွင် ကေအိုင်အေအဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပြီး ပျက်စီးသွား ခဲ့ပါသည်။ ယာဉ်မောင်းမှာ ဒဏ်ရာရရှိကာ မူဆယ်ဆေးရုံသို့ တင်ထားရကြောင်း သိရှိရသည်။ မိုင်းပေါက်ကွဲမှု ကြောင့် ယာဉ်မှာပျက်စီးသွားကာ တင်ဆောင်လာသော ဖရဲသီးအမြောက်အများ ပျက်စီးခဲ့သည်။ ကေအိုင်အေနှင့် စစ်တပ်သို့ ကချင်ပြည်နယ်တွင် တိုက်ပွဲတွေဖြစ်ပွားနေပြီး ကချင်ပြည်နယ်အတွင်းရှိ ကားလမ်း၊ ရတားလမ်းများကို မိုင်းခွဲဖျက်ဆီးမှုများကို တစ်ချိန်လုံးပြုလုပ်နေရာမှ အခုမန္တလေး-မူဆယ် ကားလမ်းများတွင် မိုင်းထောင်မှုတွေ ပြုလုပ်လာနေသည့်အတွက် ကားသမားများမှ စိုးရိမ်ပူပန်မှုများရှိသလို ဖရဲသီးစိုက် တောင်သူ များမှလည်း ဖရဲသီးများကို မတင်ပို့လျှင် အရှုံးပေါ်နိုင်သဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

 

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်