Subscribe to our RSS Feed

ခရိုနီတို့၏ပိုက်ဆံ တရားဝင်ငွေ မဟုတ်လျှင် လက်မခံဟု ဒေါ်အောင်ဆန်းစုကြည် ဆို

From : popular

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက် နှစ်နှစ်ပြည့်ရန်ပုံငွေပွဲတွင် အမှာစကားပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်

ခရိုနီမှပေးသောငွေသည် တရားဝင်ငွေ မဟုတ်ပါက လက်မခံနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ လွှတ်တော်အစည်း အဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ပြောကြားခဲ့သည်။
 ”NLD  ရန်ပုံငွေအတွက်ဆိုရင် ခရိုနီပိုက်ဆံကို လက်ခံမှာမဟုတ် ဘူးလို့လည်း အန်တီမပြောပါဘူး။ ပေးလည်း မပေးဖူးပါဘူး။ ဘာဖြစ် လို့ လက်မခံရမှာလဲ။ အန်တီ သိပ် နားမလည်ဘူး။ ဒီငွေက တရားမဝင် ငွေဆို အန်တီလက်မခံဘူး။ တရား ဝင်ငွေဆိုရင် ကောင်းတဲ့ကိစ္စအ တွက်ပေးတာပဲ”ဟုဒေါ်အောင်ဆန်း စုကြည်က ထောက်ပံ့ငွေနှ င့်ပတ်သက် ၍ လက်ခံနိုင်ခြင်းနှင့် လက်မခံ နိုင်ခြင်းအပေါ် သုံးသပ်ပြောကြား သည်။လက်ရှိတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်သို့ ခရိုနီမှ ထောက်ပံ့ သောငွေကြေး မရှိသေးသော်လည်း တရားဝင်ငွေထောက်ပံ့မည်ဆိုပါက လက်ခံသွားမည်ဖြစ်ကြောင်း ၄င်း က ပြောသည်။လက်ရှိတွင် ပညာရေးရန်ပုံငွေ ပွဲတွင် ရရှိသောငွေနှင့် ထောက် ပံ့ လှူဒါန်းသော ငွေများနှင့် ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည်က ”လှူတဲ့ငွေက အကောင်းအတွက် လှူရင် လှူပါစေပေါ့။ အရင် ၈၈ တို့ ပညာရေးရန်ပုံငွေတုန်း ကလည်း ဒီလိုပဲ လေလံပစ်ပြီးလုပ်ကြတာပဲ မဟုတ်လား။ NLD ရန်ပုံငွေက NLD ရန်ပုံငွေပဲ” ဟု ဆိုသည်။ခရိုနီများမှ ထောက်ပံ့သော ငွေကြေးသည် အခြားသောနေရာ တွင် သုံးမည့်အစား မိမိတို့နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများအ တွက် ချဉ်းကပ်ပံ့ပိုးလာပါက ကြိုဆို မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ဇန်နဝါရီ ၉ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်အဆောက်အအုံ မီဒီယာအခန်းရှေ့၌ပြောကြားခဲ့သည်။”ခရိုနီလို့ အခေါ်ခံရတဲ့သူတွေ က NLD နဲ့ တခြား လူမှုရေးလုပ် နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုး တယ် ဆိုရင် ပံ့ပိုးပါစေပေါ့။ ဒီပိုက်ဆံတွေ ကို တခြားနေရာမှာ အလဟဿ ဖြစ်အောင် ဖြုန်းမယ့်အစား ပံ့ပိုး သင့်တဲ့နေရာကို ပံ့ပိုးဖို့အတွက် သုံး တယ်ဆိုရင် ကောင်းတဲ့ကိ စ္စပါပဲ။ NLD ကို ချဉ်းကပ်လာတာလားဆို တာ မစဉ်းစားဘူး။ NLD ကို ချဉ်း ကပ်တာလား၊ဘယ်အဖွဲ့အစည်းကို ချဉ်းကပ်တာလဲဆိုတာကို မကြည့် ဘူး။ ဘာကိုထောက် ပံ့တာလဲ၊ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူကို အကျိုးပြုမယ်၊ ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေးကို အ ကျိုးပြုမယ်၊ လိုအပ်နေတဲ့ ကျန်း မာရေး ပညာရေးကိစ္စတွေကို အ ကျိုးပြုမယ်ဆိုရင် ဒါဟာ ကြိုဆိုရ မယ့်ကိစ္စပါပဲ” ဟု ၄င်းက ပြော ကြားခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ ပညာရေးကွန်ရက် နှစ်နှစ် ပြည့် ရန်ပုံငွေပွဲတွင် ရွှေသံ လွင်မီဒီ ယာ(Sky Net)မှ ငွေကျပ်သိန်း ၁၃ဝဝ၊AGD ဘဏ်မှ ကျပ်သိန်း ၇ဝဝ၊ ဦးအောင်မင်းထွန်းနှင့် အ ကယ်ဒမီ ထွန်းအိန္ဒြာဗိုတို့မှ ကျပ် သိန်း ၁ဝဝ၊ MDG Co.,Ltd မှ
ငွေ ကျပ် သိန်း ၁ဝဝ၊Naing Group Co.,Ltd မှ ကျပ်သိန်း ၅ဝ နှင့် Asia World Co.,Ltd  မှ ကျပ်သိန်း ၅ဝ အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ ပြီး အလှူရှင်ပေါင်း ၈၆၅ ဦး အသီးသီး လှူဒါန်းခဲ့ကြောင်း ယင်း ပါတီမှထုတ်ဝေသော ဒီလှိုင်းဂျာနယ် တွင် ဖော်ပြထားသည်။”နိုင်ငံရေး လုပ်တဲ့နေရာမှာ အာဃာတကိုအခြေခံပြီး လုပ်တာ မျိုး မကြိုက် ဘူး။ ခရိုနီဆိုတာလည်း ခရိုနီအမျိုးမျိုး ရှိပါတယ်။ ခရိုနီလို့ ဘာလို့ခေါ်လဲဆိုတော့ နဝတ၊ နအဖခေတ်မှာတုန်းက ချမ်းသာလာ ခဲ့လို့ပေါ့။ သူတို့ချမ်းသာပုံ ချမ်းသာ လာကြ တဲ့နည်းကလည်း တစ် ယောက်နဲ့တစ်ယောက် မတူကြ တာပဲ။ ချမ်းသာလာတဲ့နေရာမှာ မတရားမှုတွေ ပါသလား၊ မပါသ လားဆိုတာ ကြည့်ရမယ်။ ကျွန်မ အမြဲပြောနေ ကျစကားကိုပဲ ပြောရ ပါမယ်။ ပြစ်မှု မထင်ရှားသရွေ့ အ ပြစ်မဲ့တယ်လို့ပဲ သတ်မှတ်ရပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ခရိုနီနှင့်ပတ်သက်သော အချက်များ နှင့်သူ ၏အမြင်ကိုပြောကြားသည်။

 www.MyanmarExpress.net
 

4 comments:

If the monks did not question whether a person is giving dana out of his legitimate earnings what could be the reason for Daw Suu and her party, the NLD, to question the donation from the cronies. Should Daw Suu and the NLD take the moral high ground by not accepting the donation from the so-called cronies? I think not. Otherwise one would be like Singapore - execute those who are caught with a few kiligrams of narcotics drugs but at the same time unashamedly allow drug related money and drug lord to do business there. Where do you draw the line?

Welcone MEG ....for u r change

စေတနာအမှန်နဲ့ လှု တာလား

အကျိုးမျှော်လို့ ညောင်ရေလောင်းတာလား

အကျိုးမမျှော်ဘူး စေတနာ သက်သက်ဆိုရင်

အမည်မဖော်ဘဲလှုပါလား

အစိုးရ တို့နိုင်ငံရေး ပါတီတို့နဲ့ကင်းပြီး

လူမူရေးသိသန့် လုပ်ဆောင်နေတဲ့အဖွဲ့ တွေ

မြန်မာပြည်မှာအများကြီးရှိပါတယ် ။

ဦးသန်းရွှေ ဦးမောင်အေးတို့ ဦးသိန်းစိန်တို့

နောက်ကနေ သိန်းဘယ်လောက်

စာလုံးကြီးတွေရေးပြီးလေးထောင့်ပုံးတွေနဲ့

လိုက်ဖားလှုခဲ့ ကြတဲ့လူတွေ

အခုဒေါ်စုနောက်ပါရောက်လာပြီ

နေရာယူတာတော့ မက်ဆီ ဒိုလေး ရွန်းနေ

ဗန်ဗာစီ တို့ထက်သာပါ့ ဗျာ။

ခရိုနီအလိုမရှိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်