Subscribe to our RSS Feed

ကျွန်တော်သာ လွှတ်တော်အမတ်ဖြစ်ခဲ့လျှင် KIO/KIA ကိစ္စ ဒီလိုတင်ပြချင်

From : http://www.oppositeyes.info/2013/01/kiokia_24.html

ကချင်ပြည်နယ် လဂျားယန်ဒေသတွင် အစိုးရတပ်များ၏ နယ်မြေရှင်းလင်းစစ်ဆင်မှုများကို ဇန်န၀ါရီ ၁၉ ရက်နေ့ မနက် ၆ နာရီမှ စတင်ပြီး ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြား ချက်ဖြစ်သော မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ် တိုက်ခိုက်မှုများမပြုလုပ်ရန်ဆိုသည့် အချက် ကို တိကျစွာလိုက်နာသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံ အတည်ြ ပုပြော ကြား သည်ဆိုသည့် အချက် များအပါအ၀င် အချက် ၈ ချက်ပါ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန် ချက်ကို နိုင်ငံပိုင်သတင်းဌာနများ၊ ဂျာနယ်များမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်ကို ကြားသိ ရချိန်တွင် ငြိမ်းချမ်းရေးကိုလိုလားသော တိုင်းရင်းသား ပြည်သူတစ်ဦးအနေဖြင့် အလွန်ဝမ်းသာမျှော် လင့်ခဲ့ ရ ပါသည်။
အစိုးရမှ ဤသို့ ငြိမ်းချမ်းရေးလမ်းစကို ပြန်လည်လက်ကမ်း ခဲ့သော်လည်း ကေအိုင်အေတို့က အစိုးရ ၏ဖြေ လျှာ့ပေးမှုကို မျက်ကွယ်ပြုကာ ကမ်းလာသောလက်ကို ပုတ်ချခဲ့ပါသည်။ အစိုးရက ပစ်ခတ် တိုက်ခိုက် မှု များ ရပ်နားမည်ဆိုသည့် ကမ်းလှမ်းချက်ထုတ်ပြန်ပြီး ညမှာပင် ငြိမ်းချမ်းရေးကို မလို လားသောေ ကအိုင်ေ အ တို့က အကြမ်းဖက် တိုက်ခိုက်မှုများဖြင့် ပြန်လည်တုံ့ပြန်လာခဲ့ပါ သည်။ လုံခြုံရေး ယူနေေ သာ အစိုးရ တပ် စ ခန်းနဲ့ စစ်ကြောင်းများကို နှောင့်ယှက်ဖောက်ခွဲ ဖျက်ဆီးတိုက်ခိုက်ခြင်း၊ ခရီးသည် တင် ယာဉ် များနှင့် အရပ်ဘက်ယာဉ်တန်းများကို ချုံခို ဖောက်ခွဲတိုက်ခိုက်ခြင်း၊ အရပ်သားများ အသုံးပြုေ နသော လမ်းကြောင်း များကို မိုင်းထောင်ခြင်း၊ အရပ်သားပိုင်ကုမ္ပဏီများကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ် များကို နေ့စဉ်ပြုလုပ်လာခဲ့ပါသည်။ 
ကမ်းလှမ်းချက်ထုတ်ပြန်ပြီး ၅ ရက်အတွင်း ကေအိုင်အေ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ သည် ကချင်ပြည်နယ်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများအား အကြမ်းဖက် တိုက်ခိုက်မှု များကို (၈)ကြိမ်တိုင်တိုင် ဆက်တိုက်ပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ကေအိုင်အိုအဖွဲ့နှင့် တွေ့ဆုံ ညှိနှိုင်းေ ဆွးနွေးေ ရးအတွက် ကမ်းလှမ်းသည့်စာကို  ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပေးပို့ခဲ့ပါသည်။ ကမ်းလှမ်းစာတွင် ဖော်ပြ ထား သည့် နှစ်ဖက်တာဝန်ရှိသူများ မျက်နှာချင်းဆိုင်တွေ့ဆုံရန် ခက်ခဲမူရှိနေသောကာလတွင် ပွင့် လင်းမြင် သာသော “Electronic Online” ဆွေးနွေးမှုတွေလုပ်ဖို့ အစိုးရဘက်က အဆိုပြု ချက်ဟာ ဖြစ်နိုင်ေ ချ မရှိဘူးလို့ ကေအိုင်အိုက  ပြောခဲ့ကြောင်းလည်းသိရပါသည်။ ၎င်းစာတွင်  ဇန်နဝါရီ လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်သူ့ဆန္ဒကို အလေးအနက် ထားပြီး နှစ်ဖက် ဆွေးနွေးမှုတွေလုပ်ဖို့၊ ယုံကြည်မူတည်ဆောက်ဖို့၊ စစ်ရေးအရှိန်တင်းမာ နေတာတွေကို လျှော့ချပစ်ဖို့ သက်ဆိုင်ရာ နှစ်ဖက် စလုံးကို တိုက်တွန်းထားသည်ကိုလည်း ကေအိုင်အိုအဖွဲ့က မျက် ကွယ်ပြု ခဲ့ပါသည်။
ကေအိုင်အေ/ကေအိုင်အိုခေါင်းဆောင်များသည် ကေအိုင်အေဌာနချုပ် လိုင်ဇာရှိ ကေအိုင်စီ ဥက္ကဋ္ဌ အင်ဘန် လ ပိုင်ဆိုင်သော ကျင်ရှင်း ဟိုတယ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး အပစ် အခတ်ရပ်စဲရေး လုပ် သင့်၊ မလုပ်သင့် ဆွေးနွေး ခဲ့ရာ အများစုမှ ပစ်ခတ်မှုကိုရပ်ပြီး နိုင်ငံရေး စားပွဲဝိုင်းတွင် ဆွေးနွေး သင့်ကြောင်း အကြံပြု ခဲ့ကြသော်လည်း အစည်းအဝေးသို့ မတက် ရောက်သော ဦးအင်ဘန်လ၊ စစ်ဦးစီးချုပ် ဂမ်ရှောင်နှ င့် စစ်ဘက်အရာရှိများက စစ်ပွဲ ရပ်ဆိုင်းခြင်းကို လက်မခံသဖြင့် အစည်းအဝေး အတွင်း သဘော ထားကွဲလွဲပြီး ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြပါ။ စစ်ရေးခေါင်းဆောင်များက အကြမ်းဖက် စစ်ပွဲကို ဆက်လက် တိုက်ခိုက်လိုကြပြီး ဗဟိုကော်မတီဝင်များသည် စစ်ဘက်ခေါင်းဆောင်များ၏ ကြိုးဆွဲရာ ကပြနေကြ ရပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရ၏ကမ်းလှမ်းမှုကို ကေအိုင်အေအဖွဲ့အနေနှင့် လက်ခံမှာ မဟုတ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများကို UNFC တပ်ပေါင်းစုအဖွဲ့အနေနဲ့သာ ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြော ဆို ကြေညာလာ ပါသည်။ UNFC  ဆိုသည်မှာ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အ စည်းခေါင်းေ ဆာင် များ နှင့် ၎င်းတို့၏ မိသားစုများ ကောင်းစားရေး၊ စီးပွားရေးအကာအကွယ်ပေးရေးနှင့် တရားမဝင် မူးယစ်ေ ဆး ဝါးရောင်းဝယ်မှုလုပ်ရန် ဖွဲ့ထားသော အဖွဲ့ဖြစ်ပါသည်။ ၎င်းအဖွဲ့မှာ တိုင်းရင်းသား များကို ကိုယ်စားပြု သယောင် ထင်ရသော်လည်း UNFC ဥက္ကဋ္ဌမှာ ကေအိုင်အိုမှ အင်ဘန်လ ဖြစ်ပြီး နိုင်ငံရေးဦးဆောင်အဖွဲ့နှင့် ဗဟိုကော်မတီမှာလည်း ကေအိုင်အိုနှင့်  ကေအိုင်အေက တစ်ကိုယ်ကောင်းဆန်တဲ့ ခေါင်းဆောင်တွေက အများ စုဖြစ်ပြီး အကြမ်းဖက်သမားများကို အကာအကွယ်ပေးနေသောအဖွဲ့ဖြစ်ပါသည်။ ဒါကြောင့် ကေအိုင်ေ အနဲ့ UNFC က သဘောထားတစ်ခုတည်းဖြစ်မှာသေချာပါသည်။
ကေအိုင်အေအဖွဲ့မှာ ဘဏ်ကိုဓားပြတိုက်ရာကနေ စတင်ပေါက်ဖွားလာသည့်အဖွဲ့ဖြစ်ပါသည်။ ကေအိုင်ေ အ အဖွဲ့ရပ်တည်ခဲ့သော ကာလ တစ်လျှောက်မှာလည်း လူသတ်၊ မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီး၊ အဓမ္မ လူသစ် စုဆောင်း၊ မုဒိန်းကျင့်၊ ကချင်လူမျိုးအချင်းချင်းအပေါ်မှာ ရော ကျန်တဲ့ တိုင်းရင်းသား လူမျိုးစုေ တွ အပေါ် မှာပါ အနိုင်ကျင့်နေသည့် အကြမ်းဖက်အဖွဲ့ အစည်းတစ်ခုသာ ဖြစ်ပါသည်။ ၂၀၁၁ခုနှစ် ငြိမ်း ချမ်းရေး ပျက်ပြားချိန်မှစ၍ အကြမ်းဖက် ဖျက်ဆီးမှုများ ပိုမိုလုပ်ဆောင်လာပါသည်။
ကေအိုင်အေ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ကမ်းလှမ်းချက်ထုတ်ပြန်ပြီး ရက်ပိုင်း အတွင်းမှာပင် ကချင်ပြည်နယ်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့်နေရာများအား အကြမ်းဖက်တိုက်ခိုက်မှု (၈)ကြိမ် ဆက်တိုက် ပြုလုပ်လာခဲ့ပါသည်။ ယခုလို  အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို အကြောင်း အမျိုး မျိုးပြပြီး လက်မခံဘဲ အဖျက်လုပ်ငန်း တွေကို ဆက်လက်လုပ်ကိုင်နေသောကြောင့် ကေအိုင်အေ အဖွဲ့ကို သာမန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်၍မရဘဲ အကြမ်းဖက် အဖွဲ့အစည်း တစ်ရပ် အဖြစ်သာ သတ်မှတ်ပြီး ပြတ်ပြတ်သားသား ချေမှုန်းရမှာ ဖြစ်ပါတယ်။ 
အစိုးရတပ်တွေအနေနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများကို တစ်ဖက်သတ် မပြု လုပ် ရုံနဲ့ ကချင် ပြည်နယ်ကြီး ငြိမ်းချမ်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကြမ်းဖက်သမားကို အကြမ်းဖက် သမား လို ပြတ်ပြတ် သားသား အမြစ်ဖြတ်ချေမှုန်းရပါမည်။  အစိုးရတပ်တွေအနေနဲ့ ရန်သူအင်အား နည်းများ မဆို ကေသရာဇာ ခြင်္သေ့ထုံး နှလုံးမူပြီး အင်အားကိုအပြည့်အ၀ ထုတ်သုံးသင့်ပါသည်။ အမြောက် လက် နက်ကြီးတွေ၊ လေယာဉ်တွေသာမက လိုအပ်ရင် ဒီ့ထက်ပြင်းထန်ကြီးမားတဲ့ လက်နက်အင်အား တွေ ကို ထုတ်သုံးသင့်ပါပြီ။ 
မီဒီယာတွေကလည်း အစိုးရ၏ သတင်းထုတ်ပြန်ချက် အားနည်းမှုအပေါ် အခွင့်ကောင်းယူပြီး ကေအိုင်အေ ၏ သတင်းကိုသာ အသားပေးဖော်ပြ နေကြသည့်အတွက် ကြာလာလျှင် အစိုးရတပ်က သူပုန်ဖြစ်ပြီး ကေအိုင်အေ အကြမ်းဖက်သမားက တရားဝင် အဖွဲ့အစည်း လို့ ပြည်သူလူထုက ထင်ယောင်ထင်မှား ဖြစ် လာ ပါတော့မည်။ အစိုးရ တပ်တွေအနေနှင့် ဒီလို မပြတ်မသားလုပ်နေလျှင်  တဖြည်းဖြည်း လုံးပါးပါး လာပါ လိမ့် မည်။ အကြမ်းဖက်သမားတွေကြားထဲတွင်  သမ္မတကြီး ၏အမိန့်အရဆိုကာ အစိုးရတပ်များ ဒီအတိုင်း ငုတ်တုတ်မေ့နေလျှင် စည်းမစောင့်သည့် ကေအိုင်အေ၏ အမှည့်ခြွေမှုကြောင့် လုံးပါးပါးရပါလိမ့်မည်။ အချိန်ကြာ လာလျှင် တိုင်းရင်းသူတွေ ဒုက္ခရောက်ရုံသာမက ကချင်ဒေသတွင်းရှိ အစိုးရတပ် ဌာနချုပ်တွေ မှာ ကျန်ရစ်တဲ့အမျိုးသမီးတွေ၊ ကလေးသူငယ်တွေလည်း ကေအိုင်အေ၀င်စီးလို့ အရှင်လတ်လတ် ငရဲကျ ရမယ့် အဖြစ်ကို ရောက်လာ ပါတော့မည်။ အစိုးရတပ်တွေ အထိနာရုံမက ဒေသနေ တိုင်းရင်း သားပြည် သူတွေ လည်း အတိဒုက္ခ ရောက်ကြရပါတော့မယ်။ 
ယခုကဲ့သို့ အစိုးရအနေဖြင့် မပြတ်မသားလုပ်ဆောင်နေခြင်းမှာ ပြည်ထောင်စုပြိုကွဲရန် လမ်းစ လည်းဖြစ် လာနိုင် ပါသည်။ ကေအိုင်အေ ကို ငြိမ်းချမ်းရေးကမ်းလှမ်းနေခြင်းမှာလည်း “ကျွဲပါးစောင်းတီး” အချည်းနှီး သာဖြစ် ပါသည်။ လိုင်ဇာအ၀ကို ရောက်နေပြီးမှတော့ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်သင့်ပါသည်။ လိုင်ဇာ ကို တိုက်ခိုက်နေမှန်းသိလျက်နှင့် လွတ်ကင်းရာသို့ မရွှေ့မပြောင်းဘဲ မြို့တွင်းတွင် ဆက်လက် နေထိုင် သူများသည်လည်း အပြစ်မဲ့တိုင်းရင်းသား ပြည်သူတွေ မဖြစ်နိုင်တော့ပါ။ အကြမ်းဖက် သမားတွေ သာဖြစ်ပါ တယ်။
ခေါင်းဆောင်၏ ဆုံးဖြတ်မှုမပြတ်သား သည့်အတွက်ကြောင့် လက်တွေ့လုပ်ကိုင် နေရသူတွေ မဆုံးရှုံး သင့်ဘဲ ဆုံးရှုံး၊ ဒုက္ခ မရောက်သင့်ဘဲ ရောက်ရတာတွေကိုလည်း သမ္မတကြီးတို့၊ တပ်ချုပ်ကြီးတို့ ငယ်ဘ၀ မှာ တွေ့ကြုံခဲ့ရဖူးမှာဖြစ်ပါတယ်။ ဒါတွေကိုအမှတ်ရ ပြီး နိုင်ငံတော်ကိုလည်း အကျိုးမပေး၊ ကချင် လူထုကို လည်း ကိုယ်စားမပြု၊ ငြိမ်းချမ်းရေးကို လည်း လက်မခံဘဲ ကိုယ်သဘောကိုယ်ဆောင်ပြီး အဖျက်လုပ် ရပ်တွေ ကိုသာ အဆက်မပြတ်ကျူးလွန် နေတဲ့ ကေအိုင်အေအဖျက်သမားများကို အမြစ်ပြတ်ချေမှုန်းဖို့ သင့် ပါပြီ။ သေချာသည့်အချက်မှာ မျက်ကန်းကိုယ်ကျိုးသမားတချို့ကလွဲ၍ တိုင်းရင်း သားပြည်သူ အားလုံး နီးပါးက အကြမ်းဖက်သမား ကေအိုင်အေကို အမြစ်ပြတ် ချေမှုန်းစေချင်နေပါသည်။ ကျွန်တော်သာ လွှတ်တော် အမတ်ဖြစ်ခဲ့လျှင် ဒီ ကေအိုင်အေ အကြမ်းဖက်သမားတွေကို အမြန်ဆုံး အမြစ်ပြတ်ချေ မှုန်းပေး ဖို့ ပြည်သူတွေကိုယ်စား လွှတ်တော်ကတစ်ဆင့် သမ္မတကြီးထံ တင်ပြတောင်းဆိုသွားမှာပါ။
မောင်ပြည်သူ
 
 www.MyanmarExpress.net
 

4 comments:

ကျ နော် သာ ကာ ကွယ် ရေး စစ် ဦး စီး ခူပ် ဖြစ် ခဲ့ လျှင်


တပ် မ တော် မိ သား စု တွေ ကို မိ ဘ မဲ့ ခ လေး တွေ မုတ် ဆိုး မ တွေ အ ဖြစ် မ ခံ နိုင် ဘူး Kia သူ ပုန် တွေ ကို ထု ချေ ပစ် မယ်

သ မ္မ တ လုပ် ပုံ နဲ့ တော့ တပ် မ တော် မီူး ပြုတ် ကုန် တော့ မှာ ဘဲ

ဂေါ် ဘာ ဂျော့ ကို သ တိ ရ ပါ ညိမ်း ချမ်း ရေး နို ဘယ် ဆု ကြောင့် ဆို ဖိ ယက် ကြိး ကွဲ ပါ လေ ရော

အဲ ဒါ ကို န မူ နာ ယူ ပါ သမ္မတ ကြီး ခင် ဗျား

KIA /KIO ကိုအမြစ်ပြတ်ချေမှုန်းရေးအဆိုကို လုံးဝလုံးဝထောက်ခံပါတယ်။

ကေအိုင်အေ၊ ကေအိုင်အို ကို လုံးဝ (လုံးဝ) အမြစ်ဖြုတ် တိုက်ခိုက်မှု အဆို ထောက်ခံခြင်းမှာ မှန်ကန်ပါတယ်။

ထောက်ခံပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်