Subscribe to our RSS Feed

တပ်မတော် စစ်ကြောင်း တစ်ခုနှင့် ကေအိုင်အေ အဖွဲ့တို့ လက်ဆွဲ နှုတ်ဆက်

From : mwd


ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး အမြန် ရရှိရန် ရည်ရွယ်၍ တပ်မတော်သည် နိုင်ငံတော် သမ္မတ ရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် နေ့နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ သတင်း ထုတ်ပြန် ကြေငြာချက် (၃/၂၀၁၃)ပါ အတိုင်း မိမိကိုယ်ကို ကာကွယ်ခြင်းမှ အပ ပစ်ခတ် တိုက်ခိုက်မှု မပြုခြင်းအား အလေးထား လိုက်နာလျက် ရှိပါသည်။ဖားကန့် မြို့နယ် အတွင်း နယ်မြေ စိုးမိုးရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်း ၁ ခုသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁  ရက်နေ့ ၁၂၃၀  နာရီတွင် ဝှေလုံ/ဝှေခါ အရှေ့ဘက် ဂျာရားယန် ကျေးရွာ အနီး ရောက်ရှိခဲ့စဉ် ကျေးရွာ ဥက္ကဌ မှ ရွာဝန်းကျင် ၌ ကေအိုင်အေ ၃၀  ခန့် ရှိနေကြောင်း လာရောက် သတင်း ပို့ခဲ့သည်။ထိုအချိန်တွင် ရွာအတွင်းမှ ကေအိုင်အေ  ၁၀ ဥင်္ီးခန့်သည် လက်နက်မပါ အရပ်ဝတ်ဖြင့် တပ်မတော် စစ်ကြောင်း ရှိရာသို့ လာရောက် ခဲ့ပါသည်။ထိုအချိန်တွင် တပ်မတော် စစ်ကြောင်း အနေဖြင့် ပစ်ခတ်ခြင်း မပြုလုပ်ဘဲ တပ်အသင့် နေရာယူ၍ စောင့်ဆိုင်း ခဲ့ပါသည်။ ၄-၂-၂၀၁၃  ရက်နေ့ ရွှေလီ တွေ့ဆုံမှု၏ ရလဒ်ဖြစ်သော ငြိမ်းချမ်းရေးကို ရှေ့ရှု့၍ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။ထိုသို့ လာရောက် ရာတွင် ကေအိုင်အေ ရင်း(၆)မှ ဗိုလ်ကြီး လဒွဲ  ဆိုသူမှ ဦးဆောင် လာခြင်း ဖြစ်ပါသည်။ တပ်မတော် အနေနှင့်လည်း ခင်မင် ရင်းနှီးစွာ လက်ဆွဲ နှုတ်ဆက်ပြီး ဂျရားယန် ရွာကိုဖြတ် ကျော်၍ ရည်မှန်းချက်ကို ဆက်လက် ထွက်ခွာ သွားကြောင်း သတင်း ရရှိသည်။

 www.MyanmarExpress.net
 

2 comments:

The best news from this site in 2013,Feb.!

Yes, it was great news for all.For future it will be get great combinatiin each others among us.I supposed so much.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်