From : Eleven
Myanmar Express ၀က်ဘ်ဆိုက်နှင့် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဦးရဲထွဋ်တို့၏ Gmail Account များထံသို့လည်း Google မှ ပေးပို့သော သတိပေးစာများ ရောက်ရှိခဲ့ကြောင်း ၎င်းတို့၏ ထုတ်ဖော် ပြောဆိုမှုများ အရ သိရှိရပါသည်။
မြန်မာ ဂျာနယ်လစ်များ ၏ Gmail Account များကို State-sponsored attackers များက ၀င်ရောက်ရန် ကြိုးပမ်းနေကြောင်း သတင်းများကို နိုင်ငံတကာ သတင်းစာမျက်နှာများ၌ ခေါင်းကြီး သတင်းအဖြစ် ဖော်ပြလာချိန်တွင် Myanmar Express ၀က်ဘ်ဆိုက်နှင့် ဦးရဲထွဋ်တို့ကလည်း အဆိုပါ သတိပေးချက်များကို ၎င်းတို့လည်း လက်ခံ ရရှိခဲ့သည်ဟု ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က Google ထံမှ သတိပေးစာကို လက်ခံရရှိကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။ ထို့အတူ Myanmar Express ၀က်ဘ်ဆိုက်ကလည်း Google ၏ သတိပေးစာကို Myanmar Express ၏ အီးမေးလ်ဖြစ်သော mm.exps@gmail.com ထံသို့ ၂၀၀၉ ခုနှစ်မှ စတင်ပြီး ယနေ့အချိန်အထိ ရောက်ရှိနေသည်ဟု ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပင် ၎င်းတို့၏ ၀က်ဘ်ဆိုက်၌
ဖော်ပြခဲ့ပါသည်။
"မနက်ထဲက Google ကနေ State Sponsored attacked သတိပေးစာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ဖြေခဲ့ရတယ်။ ကျွန်တော်က ဒီလို တိုက်ခိုက်တာ မျိုးဟာ အစိုးရရဲ့ မူဝါဒ မဟုတ်ဘူး။ အခု သတိပေးချက်ဟာ အရင် Google ကပို့ဖူးတဲ့ မေးလ် သတိပေးချက်နဲ့ ပုံစံ ကွာတယ်။ တကယ်လို့ Google က ပို့တယ်ဆိုရင်လည်း ဘယ် နိုင်ငံ အစိုးရ၊ ဘယ် အဖွဲ့အစည်းလည်း ဆိုတာ တိတိကျကျ ပြောဖို့ ကောင်းတယ်၊ ဒီလို ယျေဘူယျရေးတာဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ပုံရိပ်ကို ထိခိုက်စေတယ် လို့ ဖြေကြားခဲ့ပါတယ်။ အခုညနေ လေးနာရီ ဆယ့်ငါးမိနစ်မှာတော့ ကျွန်တော်လည်း အတိုက်ခံရ နိုင်ကြောင်း အခုလို သတိပေးချက် လက်ခံ ရရှိပါတယ်။ ဒီတော့ မြန်မာ အစိုးရက attacked လုပ်တာဆိုတာ မဟုတ်တာတော့ သေချာပါတယ်လို့ပဲ ပြောချင်ပါတယ်"ဟု ဦးရဲထွဋ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရေးသားခဲ့ပါသည်။
Eleven Media Group ၏ ၀က်ဘ်ဆိုက်၊ Facebook နှင့် The Voice Weekly ဂျာနယ်၏ Facebook တို့ နည်းပညာသုံး တိုက်ခိုက်ခံရမှုများ အပါအ၀င် ဂျာနယ်လစ်များ၏ Gmail Account များ တိုက်ခိုက်ခံရနိုင်ချေ သတိပေးချက်များ လက်ခံရရှိမှုအပေါ် နိုင်ငံတကာ ဂျာနယ်လစ်များဖြင့် ဖွဲ့စည်းထားသော နယူးယောက် အခြေစိုက် CPJ (Committee to Protect Journalists) အဖွဲ့ကလည်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သတင်း ရေးသားခဲ့ပါသည်။
www.MyanmarExpress.net

.jpg)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်