From : Myit Makha Mediagroup on 18 Feb, 2013
www.MyanmarExpress.net
ကမ္ဘာ့ရွှေဈေးရိုက်ခတ်မှုကြောင့်
သုံးရက်အတွင်း မြန်မာ့ရွှေဈေးကွက်၌ ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း
နီးပါးခန့် ဈေးကျခဲ့ကြောင်း ဈေးကွက်အတွင်းက သိရသည်။
ထိုကဲ့သို့ ရွှေဈေးကျသွားသဖြင့် မြန်မာရွှေကုန်သည်များလည်း ထိခိုက်မှုများခဲ့ကြောင်း ရွှေလုပ်ငန်းရှင်းတို့က ဆိုသည်။
“အန်ကယ်တို့တော့ တော်တော်ထိသွားတယ်။ ရွှေဈေးကတက်ရိပ်ပြပြီး၊ တကယ်တမ်းကျတော့ ဈေးကျ သွားတယ်” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်းများအဖွဲ့ဝင် ဦးရွှေကြည်က ပြောသည်။
ယနေ့ မြန်မာ့ရွှေပေါက်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် (၇၄၉၆၀၀)နှုန်းရှိကာ ပြီးခဲ့သော ၃ ရက်ခန့်က အခေါက် ရွှေပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ကျပ်(၇၅၇၀၀၀) ရှိခဲ့သည်။
ကမ္ဘာ့ရွှေပေါက်ဈေးမှာမူ တစ်အောင်စလျှင် ၁၆၁၅.၇၀ ဒေါ်လာဖြစ်ကာ ပြီးခဲ့သော ၃ ရက်ခန့်က တစ်အောင်စလျှင် ၁၆၃၀.၆၀ ဒေါ်လာ ဖြစ်သည်။
ထိုကဲ့သို့
ရွှေဈေးကျသွားသဖြင့် ရွှေဆိုင်များအနေဖြင့် ရောင်းအားအနည်းငယ် တက်လာကြောင်း
ကိုလည်း တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင်က ပြောသည်။
“ရွှေတွေကတော့
ကိုယ့်လက်ထဲမှာ ရှိတာပေါ့နော်။ ရွှေဈေးကျသွားတဲ့အတွက် တန်ဖိုး ကတော့
လျော့သွားတာပေါ့။ ဈေးကျတဲ့အတွက် အခု ရွှေကတော့ အရောင်း အ၀ယ်သွက်နေပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
မြန်မာ့ရွှေဈေးကွက်မှာ ၂၀၁၃ နှစ်ဆန်းပိုင်းမှစ၍ တည်ငြိမ်နေခဲ့ပြီး တက်ဈေး ကျဈေး အနည်းငယ် သာရှိခဲ့သည်ဟု ရွှေဆိုင်များမှ သိရသည်။
ယခုနှစ်ဆန်းပိုင်းရွှေဈေးနှုန်းများမှာ
ဇန်န၀ါရီလ(၁၅) ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် (၇၆၃၄၀၀) ဇန်န၀ါရီ
(၃၀)ရက်တွင် (၇၆၅၂၀၀)ကျပ်နှင့် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က (၇၅၂၀၀၀) ကျပ်
ဈေးပေါက်ခဲ့သည်။
နေ့စွဲ
|
ပြည်တွင်းရွှေဈေး (၁၆ပဲရည်)
|
၃၁-၁၂-၂၀၁၂
|
၇၂၅၀၀၀ ကျပ်
|
၃၁-၀၁-၂၀၁၃
|
၇၆၅၂၀၀ ကျပ်
|
၁၅-၀၂-၂၀၁၃
|
၇၅၇၀၀၀ ကျပ်
|
၁၈-၀၂-၂၀၁၃
|
၇၄၉၆၀၀ ကျပ်
|


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်