Subscribe to our RSS Feed

မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်သွယ်သည့်(၆၅) နှစ်မြောက် အထိမ်းအမှတ် သဝဏ်လွှာများ အပြန်အလှန်ပေးပို့

From : YMG


 မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်သွယ်သည့်(၆၅) နှစ်မြောက် အထိမ်းအမှတ် သဝဏ်လွှာများ အပြန်အလှန်ပေးပို့
========================================================= ==========
နေပြည်တော် ဖေဖော်ဝါရီ  ၁၈

၂ဝ၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန် ဆက်သွယ်သည့် (၆၅)နှစ်မြောက် အထိမ်းအမှတ် အခါသမယ၌ နှစ်နိုင်ငံ ခေါင်းဆောင်များ နိုင်ငံခြားရေး ဝန်ကြီးများအကြား ဝမ်းမြောက်ကြောင်း သဝဏ် လွှာများ အပြန်အလှန်ပေးပို့ခဲ့ပါသည် -

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်ထံသို့ ပေးပို့သည့် သဝဏ်လွှာ-

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်နှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန် ဆက်သွယ်မှု ထူထောင်သည့် (၆၅)နှစ်မြောက် ရက်မြတ် အခါသမယတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ အစိုးရနှင့် ပြည်သူများ ထံသို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရနှင့် ပြည်သူများကိုယ်စား လည်းကောင်း၊ မိမိမှ လည်းကောင်း လှိုက်လှဲစွာ ဂုဏ်ယူ ပါကြောင်းနှင့် မိမိတို့နှစ်နိုင်ငံနှင့်ပြည်သူများ အကြား တည်ရှိသည့် ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက် မှုများ ဆက်လက် တိုးတက် စေရန် ဆုမွန် ကောင်းများကို အဆွေတော်မှ တစ်ဆင့် ပို့သ ဂုဏ်ပြု အပ်ပါသည်။

လွန်ခဲ့သည့် (၆၅)နှစ်အတွင်း နှစ်နိုင်ငံကြား သံတမန် ဆက်သွယ်မှု ထူထောင်ခဲ့ချိန်မှ စတင်၍ နှစ်နိုင်ငံ အကြား အပြန်အလှန် အကျိုးဖြစ် ထွန်းသော ပူးပေါင်း ဆောင်ရွက်မှုအပေါ် အခြေခံသည့် ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးများ ရှင်သန် ဖြစ်ထွန်း လျက်ရှိပြီး ကဏ္ဍစုံတွင် ပူးပေါင်း ဆောင်ရွက် မှုများမှာလည်း တိုးတက် ခဲ့ပါသည်။

မြန်မာ-ရုရှားဆက်ဆံရေး ဆက်လက် တိုးတက် စေရေးသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံ အကျိုးစီးပွား ဖြစ်ပြီး မြန်မာနိုင်ငံသည် နှစ်နိုင်ငံ အကြားတွင် ရှိသော ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုး ထား ထိန်းသိမ်းပါသည်။ ရုရှား ပြည်သူများမှ မြန်မာ နိုင်ငံအပေါ် တစိုက်မတ်မတ် ကူညီပေး နေမှုများ အတွက် ကျေးဇူးတင်ရှိပါ ကြောင်းလည်း အလေး အနက်ထား ပြောကြားလိုပါသည်။ လာမည့် နှစ်များ အတွင်း မိမိတို့၏ ပူးပေါင်း ဆောင်ရွက် မှုများမှ တစ်ဆင့် မိမိတို့ နှစ်နိုင်ငံနှင့် ပြည်သူများ အကြား ချစ်ကြည် ရင်းနှီးမှုနှင့် အပြန် အလှန် အကျိုး ဖြစ်ထွန်း စေသော ပူးပေါင်း ဆောင်ရွက်မှု များမှာ ပိုမို တိုးတက် ဖွံ့ဖြိုးလာမည်ဟု ယုံကြည် ပါသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ရုရှားနိုင်ငံသည် အောင်မြင် မှုများစွာ ဆက်တိုက် ရရှိခဲ့သည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ရရသည့် အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါသည်။ ဤအောင်မြင်မှုသည် ရုရှား အစိုးရနှင့် ရုရှား ပြည်သူတို့၏ တက်ကြွသော ကြိုးပမ်း အားထုတ်မှုများ၏ ပြယုဂ်ပင်ဖြစ်ပါသည်။ စွမ်းဆောင်ရည် ပြည့်ဝသော ရုရှား ခေါင်းဆောင် များ၏ ဦးဆောင်မှုအောက်တွင် ရုရှားပြည်သူများ၏ တက်ကြွသော ကြိုးပမ်း အားထုတ် မှုများကြောင့် ရုရှားနိုင်ငံမှာ အမြင့်ဆုံးသော အောင်မြင်မှုများ ဆက်လက် ရရှိမည်ကိုလည်း အလေးအနက် ယုံကြည်ပါသည်။

ဤရက်မြတ်အခါသမယတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံသာယာဝပြော စေကြောင်းနှင့် ရုရှားပြည်သူ များကျန်းမာ ချမ်းသာစေကြောင်း ဆုမွန် ကောင်းများ ပို့သအပ်ပါသည်။
===========================================

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်ထံမှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့သည့် သဝဏ်လွှာ -

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား သံတမန် ဆက်သွယ်မှု ထူထောင်သည့် (၆၅)နှစ်မြောက် အခါသမယ အတွက်မိမိ၏ လှိုက်လှဲစွာဂုဏ်ပြုမှုကို လက်ခံ စေလိုပါသည်။

ပြီးခဲ့သည့်နှစ်များအတွင်း မိမိတို့နှစ်နိုင်ငံသည် အပြု သဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု အတွေ့ အကြုံများစွာ ရရှိခဲ့ပါသည်။ ဤပူးပေါင်း ဆောင်ရွက်မှု အပေါ် အခြေခံကာ နှစ်နိုင်ငံ ဆက်ဆံရေး  ပိုမိုကြည်ပြန့် တိုးပွား လာစေရေးကို ဦးတည်ကာ တက်ကြွသော ပူးပေါင်း ဆောင်ရွက် မှုများကို ဆက်လက် လုပ်ကိုင် သွားကြမည်ဟု ယုံကြည် ပါသည်။

အဆွေတော် အောင်မြင်၍ ကျန်းမာပျော်ရွှင် စေရန်နှင့် ဖော်ရွေပျူငှာသော မြန်မာပြည်သူများ ကျန်းမာပြီး တိုးတက်ကြီးပွားစေရန် ဆုမွန် ကောင်းများ ပို့သ လိုက်ပါသည်။
================================================

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ ရုရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆာဂျီလ်ပ်ဗ်ရော့ဗ်ထံသို့ ပေးပို့သည့် သဝဏ်လွှာ -

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန် ဆက်သွယ်မှု ထူထောင်သည့် (၆၅) နှစ်မြောက် ရက်မြတ် အခါသမယကို လှိုက်လှဲစွာ ဂုဏ်ယူ ပါကြောင်းနှင့်မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့အကြား အကျိုး ဖြစ်ထွန်သော ပူးပေါင်းဆောင်ရွက်မှုကို အဓွန့်ရှည် တည်တံ့ ခိုင်မြဲစေကြောင်း ဆုမွန် ကောင်းများ ပို့သ လိုက်ပါသည်။

နှစ်နိုင်ငံအကြား အစဉ်အလာရှိသော ချစ်ကြည်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေးနှင့် နားလည်မှုများသည် မိမိတို့နှစ်ဖက် ကြိုးပမ်း အားထုတ်မှု များကြောင့် ရှေ့လာမည့် နှစ်များစွာတွင် ပိုမိုခိုင်မာ လာမည် ဟုလည်း ယုံကြည်ပါသည်။

အဆွေတော်၏ မကြာသေးမီက နေပြည်တော်သို့ လာရောက်ခဲ့သော ခရီးစဉ်သည်လည်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရန်အတွက် အရေးပါသည်ကို အမှတ်ရစေပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေးတွင် သာမက နိုင်ငံတကာ နယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက် မှုများကို အဆွေတော်နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် မျှော်လင့် ပါသည်။

ရုရှားနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့် သွားရန်မှာ မြန်မာနိုင်ငံ၏ ခိုင်မာသော နိုင်ငံရေး ဆုံးဖြတ်ချက် တစ်ခုဖြစ် ကြောင်းကိုလည်း အလေးထား ဖော်ပြလိုပါသည်။ နှစ်နိုင်ငံအကြား အစဉ် အလာရှိသော ချစ်ကြည်ရင်းနှီးမှု အပေါ် အခြေခံကာ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ မျက်နှာ စာများတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အထောက် အကူပြုနိုင်မည်ဟု ယုံကြည် မျှော်လင့် ပါသည်။

နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သော ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုမှာ လာမည့် နှစ်များ အတွင်း အမြင့်ဆုံးသို့ ဆက်လက်တိုး တက်နိုင်စေရန် ဆုမွန် ကောင်းများ ပို့သအပ်သည်။
========================================================== ===========
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလ်ဗ်ရော့ဗ်ထံမှ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံသို့ ပေးပို့သည့် သဝဏ်လွှာ -

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံအကြား သံတမန် ဆက်သွယ်မှု ထူထောင်သည့် (၆၅)နှစ်မြောက် အခါသမယ အတွက် လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါသည်။

ဖော်ရွေပျူငှာသော မြန်မာပြည်သူများနှင့် မိမိတို့ ဆက်ဆံရေးသည် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုတို့ အပေါ် အခြေခံပြီး အပြုသဘော ဆောင်သည့် လက္ခဏာရှိကာ နိုင်ငံရေး အပြောင်း အလဲများကြောင့် အတက်အကျ မရှိသော ဆက်ဆံရေး ဖြစ်ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် များစွာ အတွင်း နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊စစ်ရေး ဆိုင်ရာ နည်းပညာနှင့် အခြားကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှုများတွင် ရရှိခဲ့သည့် ပြည့်ဝသော အတွေ့ အကြုံသည် လာမည့် နှစ်များစွာ အတွင်း နှစ်နိုင်ငံ စီမံကိန်းများ အောင်မြင်စွာ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် နိုင်မည့် ခိုင်မာသော အခြေခံကောင်း ဖြစ်ပါသည်။ မိမိတို့နှစ်နိုင်ငံသည် ယနေ့ကမ္ဘာတွင် ဖြစ်ပေါ် နေသော အရေးကြီး ပြဿနာများတွင် တူညီသော ရပ်တည် ချက်များဖြင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ နယ်ပယ် များတွင် ပူးပေါင်း ဆောင်ရွက် မှုများကို ကျေနပ် အားရမှု ရှိပါသည်။

နေပြည်တော်နှင့် မော်စကိုမြို့တို့၌ ကျင်းပခဲ့သော ဆွေးနွေး ပွဲများတွင် နွေးထွေးသော ဆက်ဆံမှုကို ပြန်လည် အမှတ်ရမိပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနများ အကြား ပုံမှန်ဆက်ဆံရေးများ တိုးတက် လာမည်ဟု ယုံကြည်ပါသည်။

အဆွေတော်ဝန်ကြီး ကျန်းမာချမ်းသာ၍ အောင်မြင် မှုများရရှိစေရန်ဆုမွန်ကောင်းများပို့သလိုက်ပါသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်