Subscribe to our RSS Feed

ဖားကန့်မြို့တွင် KIA အဖွဲ့မှ တံတားစောင့်ရဲကင်းအား လာရောက်ပစ်ခတ်

From :http://www.kachindailynews.com/2013/02/kia_2752.html

ကချင်ပြည်နယ် ဖားကန့်မြို့ မြို့မရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်ကြားတွင် လုံခြုံရေးယူနေသည့် ရဲကင်း အား ဖေဖော်ဝါရီလ(၉)ရက်နေ့ ညပိုင်းတွင် KIA လက်နက်ကိုင်အဖွဲ့များမှ လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။ 

KIA အဖွဲ့မှ လက်နက်ကိုင်(၁၀)ဦးခန့်သည် မရှီကထောင်ရပ်ကွက်နှင့် မြို့မရပ်ကွက်အကြားရှိ သံဘောင် ဘေလီ တံတားအနီးသို့ ချဉ်းကပ်လာစဉ် တံတားလုံခြုံရေးယူနေသော ရဲတပ်ရင်း(၃၀)မှ အဖွဲ့များနှင့် တွေ့ဆုံပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုတွင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရရှိသွားတဲ့ အရပ်သားကတော့ ဦးဥာဏ်သာ(မှော်ဝမ်းရပ်ကွက်နေသူ)ဖြစ်ပြီး မြို့မရပ်ကွက်မှ မှော်ဝမ်း ရပ်ကွက်ကို ပြန်အလာမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ KIA အဖွဲ့တွေ ပြန်ထွက်သွားတော့ တာဝန်ရှိသူ တွေက ဦးဥာဏ်သာကို ဖားကန့်ဆေးရုံသို့ ပို့ပေးခဲ့ပါတယ်” ဟု တံတားအနီးမှ ဒေသခံများက ပြောပြပါသည်။
တပ်မတော်နှင့် KIA အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် တာဝန်ရှိသူများမှ တွေ့ဆုံဆွေးနွေးထားခဲ့သော်လည်း KIA အဖွဲ့များမှ တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးအဖွဲ့များကို ချောင်းမြောင်းပစ်ခတ်ခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများ မကြာခဏ ပြုလုပ်နေကြကြောင်း သိရသည်။ KIA အဖွဲ့မှ ယခုကဲ့သို့ လာရောက်ရန်စပစ်ခတ်နေပါက တပ်မတော်နှင့် KIA အဖွဲ့များအကြား တိုက်ပွဲများ ပြန်ဖြစ် လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများမှ ပြောပြပါသည်။
 
www.MyanmarExpress.net
 

2 comments:

တရုတ် စ နက် တွေ ပါ တရုတ် ရဲ့ အ ကြံ တွေပါ ကချင် ရှမ်း ဝ နိုင်း ရင်း သား တွေ ကို ခု တုးံ လုပ် ပြိး မင်း တ်ု့ နယ်တွေ ကို အ နု နည်း နဲ့ သိမ်း ယူ မှာ ပါ

အလကားနေရင်း ရဲ ဘဲလုပ်နေတယ်။မင်းတို့တပ်ကိုကျ တော့ကြောက်တယ်မဟုတ်လား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်