From :OE
ဒဏ်ရာပြင်းထန်စွာရထားသည့်လူနာနှင့်အတူ လူနာရှင်များကိုလေယာဉ် လက်မှတ် မရှိဘဲ ခေါ်တင် ခဲ့ သည့် အစိုးရ ပိုင်လေကြောင်း လိုင်းတစ် ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှုး တစ်ဦး၏ ဆုံးဖြတ် ချက် မှာ စွန့်စား မှုတစ်ခုဖြစ်သည်။
www.MyanmarExpress.net
ဒဏ်ရာပြင်းထန်စွာရထားသည့်လူနာနှင့်အတူ လူနာရှင်များကိုလေယာဉ် လက်မှတ် မရှိဘဲ ခေါ်တင် ခဲ့ သည့် အစိုးရ ပိုင်လေကြောင်း လိုင်းတစ် ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှုး တစ်ဦး၏ ဆုံးဖြတ် ချက် မှာ စွန့်စား မှုတစ်ခုဖြစ်သည်။
ထားဝယ်မြို့လေဆိပ်မှ လေယာဉ် ထွက်ခွာရန် တံခါး ပိတ်ပြီးနောက်လေယာဉ်
တံခါးပေါက်မှ တဆင့် ပိုက်တန်း လန်းနှင့် ကလေးငယ် တစ်ဦး အားပွေ့ချီ
လျက်လေယာဉ် ဆီအော်ဟစ်ပြေးလွှား လာနေသူများ ကိုလေ ယာဉ်ပြတင်းမှတဆင့် လေယဉ်မှုး
ဦးသန်းထွေးတွေ့ခဲ့ရသည်။
ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ခဲ့သည့် ၁၅နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်ကြောင်း
သိရသည့်အခါ လေယာဉ်မှုး တစ်ဦးလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို
မေ့ဖောက်လျက်အရေးပေါ်အသက်ကယ်နိုင်ရေးအတွက် လက်မှတ်မရှိ ခွင်ပြုချက်မရှိသည့်
အရေးပေါ်လူနာနှင့် လူနာရှင်များ အားလေယာဉ်ပေါ်တွင်တင် ဆောင် လာ ရန်ဆုံး
ဖြတ်ခဲ့သူဖြစ်သည်။
မိမိ အလုပ်၊ နေရာနှင့် ရင်းကာ လူသားစိတ် အပြည့်ဖြင့် အသက်တစ်ချောင်း ကယ်တင်
ရန်ကြိုးစား ခဲ့သော ဦးသန်းထွေး ၏ သူရဲ ကောင်း စိတ်ဓာတ်ကြောင့် 7Day News
သူရဲကောင်းအဖြစ်ရွေး ချယ် လိုက်ခြင်းဖြစ် သည်။
ဓာတ်ပုံ - လေယာဉ်မှူးဦးသန်းထွေးအား ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပေးအပ်ချီးမြှင့် ခဲ့ သည်။



3 comments:
လေး စား ပါ တယ်။ နေ ရာ တိုင်း မှာ ရာ ထူး တွေ ငွေ တွေ ထက် အ ရေး ကြီး တာ ကို လုပ် ပြ လိုက်တာ လေး စား ပါ တယ်။
ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိတ်ခါကျပါတယ်ဗျာ
မျက်ရည်လည်လောက်အောင် ကောင်းလှတဲ့ သတင်းလေးပါ။
လေယာဉ်မှူးကြီး ကျန်းမာပေါစေ။ မြန်မာလူမျိုးတွေဟာ လူသားဆန်တဲ့ စိတ်ရင်းကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ ဒီစိတ်ဓါတ်ကို မြဲအောင်ထားရင် ကဘာ မှာ မြန်မာပြည်ဟာ ထူးခြားတဲ့ တိုင်းပြည် လူတွေ လာကြည့်လောက်တဲ့ တိုင်းပြည် ဖြစ်လာမှာ အမှန်ပါဘဲ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်