Subscribe to our RSS Feed

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်အား ဆန္ဒပြ ဘုန်းကြီးများ ကန့်ကွက်

From : ..emg


လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် သံဃာတော်များက ကန့်ကွက်ခဲ့ကြသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် အရှင်သဇ္ဇနက "သာသနိက အဆောက်အဦတွေ ရွှေ့ဖို့ဆိုတာကို လုံးဝ သဘောမတူပါဘူး။ ဒီအတွက် ကိုရင်တို့အနေနဲ့ အသက်ပါရင်းပြီး လုပ်ဆောင်ခဲ့ကြရတာ။ မြန်မာပြည်သူတွေ ရဟန်းသံဃာတွေအနေနဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ အထူး မှာချင်ပါတယ်" ဟု မိန့်ကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းအား အကြံပြုထားပြီး ယင်းနည်းလမ်းအား ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၎င်းပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံများကို ရှောင်ကွင်းပြီး ကြေးနီသတ္တု တူးဖော်ထုတ်လုပ်မည် ဆိုလျှင်လည်း ယင်းအဆောက်အဦးများ၏ ကြံ့ခိုင်မှု မုချထိခိုက်မည် ဖြစ်ခြင်းတို့ကြောင့် သာသနိက အဆောက်အအုံများကို လုံးဝထိခိုက် ပျက်စီးမှု မရှိစေဘဲ လက်ရှိအနေအထားများအတိုင်း သင့်တော်မည့် နေရာသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း သုံးသပ်အကြံပြုထားသည်။

"မြန်မာနိုင်ငံရဲ့ တောင်ပေါ်မှာရှိတဲ့ ဘုရားတွေစေတီတွေရွှေ့ပြီး သယံဇာတ ထုတ်ယူမယ်ဆိုရင် ပြည်သူတွေက လက်ခံမှာလား။ ဦးဇင်းတို့အနေနဲ့ ဒါကို လုံးဝလက်မခံသလို အစီရင်ခံစာမှာ သာသနိကအဆောက်အအုံတွေ ရွှေ့ဖို့ အကြံပြုထားတာကိုလည်း စိတ်မကောင်းဘူး။ သံဃာတော်တွေ အများကြီး မီးလောင်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ လုပ်ဆောင်ဖို့ တင်ပြချက်တွေ မပါတာဟာလည်း မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို ပစ်ပယ်ထားတာလို့ ခံစားရတယ်" ဟု လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း သီတဂူ အာယုဒါနဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် ဒဏ်ရာရသံဃာတော် ဦးစန္ဒောဘာသက မိန့်ကြားသည်။

ဒဏ်ရာရ သံဃာများ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်သံဃာ ဦးဝိမလကလည်း "ဦးဇင်းတို့အနေနဲ့ အစီရင်ခံစာပါ အချက်အချို့ကိုသာ ကန့်ကွက်တာပါ။ အချို့အချက်တွေကို သဘောကျပါတယ်။ ကြေးနီစီမံကိန်း ဆက်လုပ်သင့် မလုပ်သင့်ဆိုတာက ဒေသခံတွေနဲ့ ပြည်သူလူထုရဲ့ သဘောထားက အရေးကြီးပါတယ်။ ဦးဇင်းတို့အနေနဲ့ ပြည်သူလူထုရဲ့ သဘောထားအပေါ်မှာပဲ ရပ်တည်သွားမှာပါ။ ဦးဇင်းတို့အနေနဲ့ သာသနိက အဆောက်အအုံတွေ ပျောက်ပျက်မယ့် ဘယ်ကိစ္စကိုမဆို ကန့်ကွက်မှာပါ။ သံဃာတော်တွေကို မီးလောင်ဒဏ်ရာ ရရှိအောင် လုပ်ဆောင်သူတွေကို ဖော်ထုတ် အရေးယူပေးစေချင်ပါတယ်" ဟု မိန့်ကြားခဲ့သည်။  


.. www.MyanmarExpress.net
 

8 comments:

ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိတ်ခါကျပါတယ်ဗျာ

အင်းသေခါနီးမှအနေအထိုင်မတတ်တော့ပြည်သူ့ချဉ်ဖတ်
ဖြစ်သွားရှာပေါ့...တစ်သက်လုံးလုပ်ခဲ့သမျှသဲထဲရေသွန်ဖြစ်သွားပြီ...လွှတ်တော်ထဲမှာဘယ်လိုမျက်နှာမျိုးနဲ့ဝင်ထိုင်အုံးမှာလဲ...ရှက်စရာတော့ကောင်းသား

၂၀၁၅ရွေးကောက်ပွဲမှာဘယ်ပါတီကိုမဲထည့်ရမှန်းတောင်မသိတော့ပါဘူးဗျာ...ဒေါ်စုပါတီကိုတော့ဆလံပါပဲ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်မယ်

Daw Su a khet USDP a kwet. la kha lal tet Phone zay lal cha?

စောက်ရူးတွေ comment ရေး မြန်မာပြည်တဲ့လေး ။

စစ် အ စိုးရ ကို အုပ် ချုပ် ခိုင်း လိုက် လေ ။ ဒါ နဲ့ ပဲ တန် တဲ့ နိုင် ငံ ဆို တော့

အပြည့် အဝ ထေါက် ခံ ပါ တယ် ခ င် ဗျာ

အန်တီစုက 2015 မှာ သမ္မတလုပ်ချင်တယ်ဆိုတော့ဒီလိုလေး ပြောချင်ပါသေးတယ်.ဒီလို လုပ်ပေးမယ်၊ ဟိုလိုလုပ်ပေးမယ်နဲ့ပျားရည်နဲ့ဝမ်းချ။ဟိုလို ဖြစ်စေရမယ်၊ ဒီလိုဖြစ်စေရမယ်နဲ့အလွယ်စကားတွေပြောပြီး ဆွယ်တရားတွေလည်းဟော။အော်ဇရာထောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်ရိုးသားတဲ့ပြည်သူများခမျာကြားဖြတ်မှာသားသတ်ကို ဓါးအပ်မိပြီလား”” ဆိုပီး နောင်တတွေ ရနေကြပါတယ် ခင်ဗျာ။( လုလင်- ပြောသည် )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်