Subscribe to our RSS Feed

တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များအားလုံး စလစ်မလိုပဲ တင်သွင်းခွင့်ပြု

From :the voice

၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ကာ တင်သွင်းခွင့် ပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ် ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်လိုက်သဖြင့် Hilux, Extra Cab စသည့်တံခါးနှစ်ပေါက် ပစ်ကပ်ယာဉ်များကို လုပ်ငန်းသုံး ယာဉ်များ အခွန်ဆောင်ရသည့်နှုန်း အတိုင်း ကုန်သွယ်ခွန်နှင့် က.ည.န ခွန် စုစုပေါင်း တင်သွင်းလာသောကား CIF တန်ဖိုး၏ ၈ ရာခိုင်နှုန်းသာ အခွန်ဆောင်ရ မည်ဖြစ်သည်။

ယခင်က Light Truck ယာဉ်များနှင့် အခြားလုပ်ငန်းသုံး ယာဉ်များကိုသာ လုပ်ငန်းသုံးယာဉ် အဖြစ် သတ်မှတ်ကာ Hilux ကားများကိုမူ ယာဉ်အိုဟောင်း အပ်နှံစနစ်ဖြင့် တင်သွင်းခဲ့ရခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် မေလတွင် ၂၀၀၇ ခုနှစ်အထက် အိမ်စီးယာဉ်များ ကိုသာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စလစ်မလိုဘဲ တင်သွင်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

 
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်