Subscribe to our RSS Feed

မင်းရဲကျော်စွာ ကားရောင်းဝယ်ရေးစခန်း(ယာယီ)ကို မော်တော်ကားရောင်းဝယ်ရေးအသင်းမှ အသိအမှတ်ပြု

From : . myanma age


ဟံသာဝတီကားရောင်းဝယ်ရေးဝင်းကို ပိတ်သိမ်းပြီး မင်းရဲကျော်စွာကားရောင်းဝယ်ရေးစခန်း(ယာယီ) နှင့် သီရိမင်္ဂလာဈေးဟောင်းတို့တွင် ပြောင်းရွှေ့ကာ ကား အရောင်းအ၀ယ်များ ပြုလုပ်လျက်ရှိရာ မင်းရဲကျော်စွာ ကားရောင်းဝယ်ရေးစခန်း(ယာယီ)ကို မော်တော်ကား
ရောင်းဝယ်ရေးအသင်းက အသိအမှတ်ပြုလက်ခံသည်
ဟု တာဝန်ရှိသူ ဦးသက်နိုင်က ပြောကြားသည်။

ဟံသာဝတီကားရောင်းဝယ်ရေးဝင်းကို ဖျက်သိမ်းသဖြင့်
ဖေဖော်ဝါရီလအတွင်းတွင် ကားအရောင်းအ၀ယ်ပြုလုပ်
သူများ ဆန္ဒဖော်ထုတ်သည် အထိအခြေအနေတင်းမာ
ခဲ့သော်လည်း ယခုအခါ အစိုးရမှသတ်မှတ်ပေးသော
နေရာနှစ်နေရာထဲမှ မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး
စခန်း(ယာယီ)ကို ကားရောင်းဝယ်ရေးသမားများမှ ကျေနပ် လက်ခံနိုင်သကဲ့သို့ မော်တော်ကားရောင်းဝယ်ရေးအသင်း
ကလည်း အသိအမှတ်ပြု လက်ခံပြီဖြစ်ကြောင်း သိရသည်။

“ဟံသာဝတီကားဝင်းပိတ်တော့ သီရိမင်္ဂလာဈေးနဲ့
မင်းရဲကျော်စွာ နှစ်နေရာကိုပြောင်းဖို့ပေးထားတဲ့နေ
ရာမှာ ၀င်းထဲက ကားသုံးပုံနှစ်ပုံက မင်းရဲကျော်စွာကို
ပြောင်းကြတယ်။ သီရိမင်္ဂလာဈေးကိုတော့ ကျွန်တော်တို့ ၀ယ်ရောင်းလုပ်တဲ့လူတွေက သိပ်မကြိုက်ကျဘူး။
ကျွန်တော်လည်း မင်းရဲကျော်စွာကိုပဲပြောင်းတယ်။” ဟု ကားရောင်းဝယ်ရေးပြုလုပ်သူ ဦးဌေးကပြောကြားသည်။

သီရိမင်္ဂလာဈေးဟောင်းကိုပြောင်းရွှေ့ သော ကားရောင်း ၀ယ်ရေးသမားများမှာ အဆင်မပြေမှုများနှင့်ရင်ဆိုင်နေရ
ကြောင်း၊ အဆောက်အဦးထဲတွင် ဖြစ်သဖြင့် အလင်းရောင်
ကောင်းကောင်းမရခြင်း၊ တိုင်နှစ်တိုင်လျှင် ကားသုံးစီးထည့်
သွင်းခြင်းကြောင့် ကားဝယ်ချင်သူများမှာ ကားကို သေချာ ၀င်ရောက်ကြည့်ရှု၍မရခြင်း၊ စားသောက်ဆိုင်မရှိခြင်းတို့
ကြောင့် အခက်အခဲများတွေ့နေရကြောင်း သီရိမင်္ဂလာဈေး
သို့ ပြောင်းရွှေ့သော ကားရောင်းဝယ်ရေး ပြုလုပ်သူတစ်ဦးက
ပြောကြားသည်။

“အခု ၆ဘီးကားကြီးတွေကို ဘုရင့်နောင်အဝေးပြေး ကားဝင်း
ဘေးကိုပြောင်းဖို့စာထွက်လာပြီးလို့ ပြောင်းသွားကြပြီ။ အခု
ကြားနေတာက သီရိ မင်္ဂလာဈေးက ကားတွေကို ဒီဘက် မင်းရဲကျော်စွာဘက်ကို လာပေါင်းဖို့ ဒီလ ၁၈ရက်နေ့မှာ စာ ထွက်မယ်လို့တော့ကြားနေတယ်။ ဟိုကလူတွေ အဆင်မပြေ
ဖြစ်နေတယ်ကြားတယ်” ဟု ကားရောင်းဝယ်ရေးပြုလုပ်သူ ကိုသီဟကျော်ကပြောကြားသည်။

မင်းရဲကျော်စွာ ကားရောင်းဝယ်ရေးစခန်း(ယာယီ)တွင်
လည်း နားနေဆောင်မရှိခြင်း၊ ဈေးဆိုင်ခန်းများ မရှိသေး
ခြင်းတို့ကြောင့် အခက်အခဲ တချို့ ရင်ဆိုင်နေရကြောင်း
သင်္ကြန်အပြီးတွင် နားနေဆောင်များ၊ ဆိုင်ခန်းများ ဆောက် လုပ်ပြီးစီးမည်ဟု မျှော်လင့်ကြောင်း ယခုအခါ ကွန်ကရစ် လမ်းများခင်းခြင်းများကိုလုပ်ဆောင်လျက်ရှိပြီး၊ အတွင်းတွင်
လမ်း ၆လမ်းပါဝင်သည့် ပတ်လမ်းကို ခင်းမည်ဖြစ်ကြောင်း၊
လမ်းမီးတိုင်များ ကို တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကတော့ ဒီနေရာကိုပေးလိုက်တာတကယ်ကို
ကျေးဇူးတင်တယ်။ ဒီနေရာကိုပေးလိမ့်မယ်လို့တောင်
မထင်ထားဘူး ဒါကြီးက ကျန်း မာရေးဝင်းကြီးလေ။
သွားရေးလာရေးလည်း အဆင်ပြေတယ်။ နေရာအထိုင်
မကျသေးတာ တစ်ခုပဲ ရှိတယ်။ ဒီနေရာမှာ ၃နှစ်လောက် လုပ်ခွင့် ပေးမယ်လို့ ကြားနေရတယ် တကယ်လုပ်ခွင့်ပေး
မယ်ဆိုရင်တော့ ၀မ်းသာရမှာပေါ့ဗျာ။ ဒီမင်းရဲကျော်စွာ ကားရောင်းဝယ်ရေးစခန်းကို မော်တော် ကားရောင်းဝယ်ရေး
အသင်းက အသိအမှတ်ပြုပါတယ်” ဟု မော်တော်ကား
ရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူ ဦးသက်နိုင်က
ပြောကြားသည်။

သီရိမင်္ဂလာကား ရောင်းဝယ်ရေးစခန်းကိုမူ မော်တော်ကား
ရောင်းဝယ်ရေးအသင်းမှ အသိအမှတ်မပြုကြောင်း၊ ထို
နေရာကို ပြောင်းရွှေ့ခိုင်းစဉ် ကတည်းက သဘောမတူ
ခဲ့ကြောင်း၊ မင်းရဲကျော်စွာ ကားရောင်းဝယ်ရေးစခန်း(ယာ
ယီ)တွင် ဖြစ်ပေါ်သော ကားရောင်းဝယ်ရေး ပြသနာများကို
မော်တော်ကား ရောင်းဝယ်ရေးအသင်းမှ တာဝန်ယူဖြေရှင်း
ပေးမည် ဖြစ်သော်လည်း၊ သီရိမင်္ဂလာဈေး ကားရောင်းဝယ်
ရေး စခန်းမှ ပြဿနာ များကိုမူ မော်တော်ကားရောင်းဝယ်ရေး
အသင်းမှ တာဝန်ယူမည်မဟုတ်ကြောင်းကိုလည်း ဦးသက်နိုင်က ထည့်သွင်းပြောကြားသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်