Subscribe to our RSS Feed

ယခုနှစ် ရန်ကုန်သင်္ကြန်ပိုစည်ကားဖွယ်ရှိ

From : 7day


လာမည့်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရန် ရန်ကုန်မြို့သားအများစု စိတ်ဝင်စားနေကြပြီး ရန်ကုန်သင်္ကြန်မှာ ယခင်နှစ်များထက် စည်ကားဖွယ်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရန် ၂၀၁၃ မတ်လ ၆ ရက်မှစ၍ နေရာများ လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာထားပြီးဖြစ်သည်။

မဏ္ဍပ်လျှောက်လွှာများ ခေါ်ယူပြီးသည့်နောက်ပိုင်း မဏ္ဍပ်ဆောက်လုပ်ရန် နေရာအတိအကျ မသိရှိရသေးသော်လည်း မဏ္ဍပ်ဆောက်ရန် အစီအစဉ်ပြုလုပ်နေမှုများရှိနေကြောင်း စီစဉ်သူများက ပြောသည်။

“ဒီနှစ်တော့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်မဏ္ဍပ်တွေ ဆောက်ဖြစ်ချင်တယ်။ တကယ်လို့ ဆောက်ခွင့်ရရင်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (ဗဟိုမဏ္ဍပ်)တွေမှာ ဆီးဂိမ်းလှုံ့ဆော်ရေး အပြင်အဆင်တွေနဲ့ လုပ်ချင်တာ” ဟု ရန်ကုန်သင်္ကြန်တွင် နှစ်စဉ်လိုလို မဏ္ဍပ်များဖြစ်မြောက်အောင် စီစဉ်ပေးနေသည့် ဆီးဂိမ်းအကြံပေးကော်မတီမှ ကိုမိုးအောင်ဆွေက ပြောသည်။

“မဏ္ဍပ်လျှောက်မှာပေါ့။ နေရာကျယ်ကျယ်ရဖို့ အရေးကြီးတယ်။ ကျွန်တော်တို့က ဒီနှစ်ဖျော်ဖြေရေးမဏ္ဍပ်လုပ်ချင်လို့ပါ” ဟု ဘိုဘိုအက်န်တာတိန်းမန့်မှ ကိုဘိုဆန်းက ပြောသည်။

ယမန်နှစ်က နိုင်ငံရေးပါတီများ မဏ္ဍပ်ဆောက်ခွင့် မရရှိခဲ့သော်လည်း ယခုနှစ်တွင်မူ နိုင်ငံရေးပါတီများ မဏ္ဍပ်ဆောက်ခွင့်ရရန် မျှော်လင့်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဦးသုဝေက ပြောသည်။

“ကျွန်တော်တို့ ပါတီအနေနဲ့ မဏ္ဍပ်ဆောက်ဖို့တော့ မရှိပါဘူး။ ပါတီတွေက မနှစ်ကတော့ ဆောက်ခွင့်မရပေမယ့် ဒီနှစ်တော့ ရမယ် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။ နိုင်ငံရေးပါတီများ မဏ္ဍပ်ဆောက်လုပ်ခွင့်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုယ်ပိုင်မဏ္ဍပ် တည်ဆောက်ရန် အစီအစဉ်မရှိသော်လည်း ယမန်နှစ်ကဲ့သို့ သံချပ်နှင့်အလှပြယာဉ်များကို ကိုမင်းကိုနိုင်ဦးဆောင်၍ စာပေနှင့် အနုပညာရှင်အချို့ ပူးပေါင်း၍ လှည့်လည်မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ ကိုစိုးထွန်းက ပြောသည်။

အနုပညာရှင်များထဲမှ ရတနာမိုင်တည်ထောင်ထားသည့် မိုင်လေးအင်တာတိန်းမန့်ကလည်း ကန်တော်ကြီး ငါးပြတိုက်တွင် My Century (ယာယီ) အမည်ဖြင့် မဏ္ဍပ်ဆောက်လုပ်မည်ဖြစ်ပြီး ဖျော်ဖြေမည့် အဆိုတော်များအနက် အောင်လ (Reason)၊ ဆိုတေးနှင့် ရတနာမိုင်တို့ကို အတည်ပြုပြီးဖြစ်ကြောင်း သိရသည်။

“မဏ္ဍပ်လက်မှတ်တွေကို ကန်တော်ကြီးငါးပြတိုက်မှာ ၀ယ်လို့ရနေပါပြီ” ဟု ရတနာမိုင်က ပြောသည်။ ထို့ပြင် အောင်ရဲလင်းကလည်း သူငယ်ချင်းများနှင့် ကိုယ်ပိုင်မဏ္ဍပ်တည်ဆောက်ရန် စီစဉ်နေပြီး အဆိုတော်အများစုမှာမူ ယခုနှစ် သင်္ကြန်တွင် ဖျော်ဖြေရန် ကမ်းလှမ်းမှုများ ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်ကာလရောက်ရှိရန် အချိန်လိုနေသေးသော်လည်း မဏ္ဍပ်တည်ဆောက်ရန် စိတ်ဝင်စားသူများအပြင် အပန်းဖြေဥယျာဉ်အချို့လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

“သင်္ကြန်မှာ ကစားကွင်းကိုပဲ ပိတ်မယ်။ ပန်းခြံကိုတော့ ဖွင့်ထားမှာပါ။ ရေပက်ခံကားတွေနဲ့ သင်္ကြန်လည်တဲ့သူတွေ လာနားချင်နားနိုင်အောင်ပေါ့။ ပန်းခြံက မနှစ်ကနဲ့စာရင် ဒီနှစ်လူပိုဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်က ပြည်သူ့ဥယျာဉ်ကို လူလည်း ပိုသိသွားပြီဆိုတော့ လူလည်းပိုစည်မှာ” ဟု ရန်ကုန်ပြည်သူ့ဥယျာဉ်မှ မန်နေဂျာ ဒေါ်အေးအေးအောင်က ပြောကြားသည်။

နှစ်သစ်ကူးပါတီကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင်လည်း ပထမဆုံးအကြိမ် မြန်မာ့နှစ်သစ်ကူးပွဲတော်မဏ္ဍပ်ကို ဆောက်လုပ်ရန် စီစဉ်မည်ဖြစ်ကြောင်း MRTV-4 မှ ဦးမျိုးမြတ်သူက ပြောသည်။

“နယူးရီးယားနှစ်သစ်ကူးပါတီကို လုပ်ခဲ့တယ်။ ဒါကြောင့် မြန်မာနှစ်သစ်ကူးကိုလည်း လုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီနှစ်မှာစပြီး
မဏ္ဍပ်ဆောက်ဖို့ စီစဉ်ပါတယ်။ ခုတော့ မဏ္ဍပ်ဆောက်ဖို့ ခွင့်ပြုချက်တင်ထားပါတယ်။ ထိုင်းကုမ္ပဏီ Creative Index နဲ့ ပူးပေါင်း လုပ်ကိုင်မှာပါ” ဟု ၎င်းက ပြောကြားသည်။

လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများမှာ ယခင်နှစ်ကထက် ပိုမိုအားကောင်းလာသည့် အနေအထားကြောင့် ယခုနှစ်သင်္ကြန်မှာ ပိုမိုစည်ကားနိုင်ကြောင်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။ ယခင်သင်္ကြန်နှစ်များက နာရေးလုပ်ငန်းများကိုသာ လုပ်ကိုင်ခဲ့သော်လည်း ယခုနှစ် သင်္ကြန်တွင် နာရေးလုပ်ငန်းများနှင့်အတူ သင်္ကြန်သံချပ်ကားများပါ အသင်းသားများနှင့် လှည့်လည်ဖျော်ဖြေမည်ဖြစ်သည်။

“ကျွန်တော်တို့က ဒီနှစ်ကစပြီး သံချပ်ထွက်မှာ။ အခု အဖွဲ့အစည်းတွေ အရမ်းများလာတော့ အဖွဲ့တွေကလည်း သင်္ကြန်မှာ ကြော်ငြာတဲ့အနေနဲ့ ထွက်ကြမှာပဲ။ ဒီနှစ်သင်္ကြန်ကတော့ ပိုစည်မှာ သေချာပါတယ်” ဟု ဦးကျော်သူက ပြောသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

 www.MyanmarExpress.net

5 comments:

အနေအထိုင်မတတ်တဲ့ ကောင်မတွေအတွက် ပြုပြင်ဖို့ Comment လှလှလေးတွေ ရေးဖို့ ပြင်ဆင်ထားတယ်။ တွေ့မယ်။ မြန်မာ့ရိုးရာ သင်္ကြန်ကို သရုပ်ပျက်အောင် လုပ်တဲ့ ကောင်မတွေ။ အဲ့ဒိအခါကျမှ ကျုပ်ကို တိုတိုနဲ့ထိအောင် လုပ်တတ်တယ်လို့ မပြောနဲ့။ ကို x

မြန် မာ့ ရိုး ရာ ဆို ပေ မယ့် ရင် ဖုံး ထမီတွေ နဲ့ ရေ က စား ခိုင်း နေ တာ မ ဟုတ် ပါ ဘူး ခာတ် ဆန် ပြီး လုံ ခြုံ တဲ့ အ ဝတ် အ ထည် တွေရှိ ပါ တယ် မြန် မာ မ လေး များ ရယ် ကိုယ့် ကြောင့် နိုင်ငံ့ နဲ့  လူ မျိုး ဂုဏ် မညှိုး နွမ်း ပါ စေ နဲ့ နော်

စောက်ကျက်သရေမရှိတဲ့ရန်ကုန်သင်္ကြန်
အပေါ်ကပုံတွေကြည့်ပြီးရွံ့တယ်ကွာ
မြန်မာရိုးရာသင်္ကြန်မဟုတ်တော့ဘူးကွ
ဖာရိုးရာသင်္ကြန်ဖြစ်နေပြီကွ

စောက်ကျက်သရေမရှိတဲ့ရန်ကုန်သင်္ကြန်
ကောင်မတွေကိုကရွနေတာ
မစာနာလို့ပြောတာမဟုတ်ပါဘူး
နည်းနည်းတော့ထိန်းမှပေါ့

စောက် ကျက် သ ရေ မ ရှိ တဲ့ ရန် ကုန် သ င်္ကြန် ဘဲ ကွ
စောက် ကောင် မ တွေ ကိုယ့် နိုင် ငံ ဂုဏ် ကို မ ထိန်း တော့ ဘူး လား ကွ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်