Subscribe to our RSS Feed

ဂျပန်လေလံဈေးတက်သဖြင့် ကားဈေး အနည်းငယ်မြင့်တက်

From : .7day


ဂျပန်နိုင်ငံ၏ လေလံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပြည်တွင်းကားဈေးကွက်တွင် ၂၀၀၈ မော်ဒယ်အထက်ကားများ ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ကားတင်သွင်းသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ဂျပန်နိုင်ငံ လေလံဈေးကွက်တွင် အခြေခံဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ဈေးနှုန်းများ မြင့်တက်ခဲ့၍ ပါမစ်မလိုဘဲ တင်သွင်းခွင့်ရရှိထားသည့် ၁၃၀၀ စီစီ အင်ဂျင်ပါဝါကားများ၏ ဈေးနှုန်းမှာ ဈေးကွက်အတွင်း ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ စတင်မြင့်တက်လာပြီဖြစ်ကြောင်း ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

“အရောင်းအ၀ယ်ကတော့ ပြန်သွက်လာတယ်။ မတ်၊ ဧပြီလတွေက ကားဝယ်တဲ့လတွေပဲ” ဟု FARMER AUTO ကားအရောင်းပြခန်းမှ ဒေါက်တာစိုးထွန်းကပြောသည်။

ထို့အပြင် လက်ရှိကာလသည် ဂျပန်နိုင်ငံတွင် ကားလေလံဆွဲသည့် ကာလဖြစ်သဖြင့် ပြည်ပမှ ကားသင်္ဘောများ
အ၀င်နည်းလာခြင်းကြောင့် ပြည်တွင်းကားဈေးကွက် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားတစ်ဦးကပြောသည်။

ထို့အပြင် အပ်ကားများ၏ စလစ်ဈေးနှုန်းများမှာ ကျပ် ၈၅ သိန်းမှ သိန်း ၉၀ အထိရှိပြီး အပေါ်ကားအချို့လည်း အရောင်းအ၀ယ်ပြန်ဖြစ်လာခဲ့ကာ ဈေးနှုန်းအချို့မှာ မြင့်တက်လာခဲ့သည်။ Prado, Harrier, Surf အစရှိသော အမြင့်ကားများ၏ ဈေးနှုန်း ကျပ် ၁၅သိန်းမှ သိန်း၂၀ အထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ၎င်းကဆိုသည်။

 
... www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်