From :
.http://www.oppositeyes.info/2013/03/blog-post_2502.html
. www.MyanmarExpress.net
မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်း ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
ထုတ်သည့်ကျပ် ၅၀၀၀ တန်များ ရွက်ေ ရ မည်မျှ ရှိသည်၊ ကျပ် ၅၀၀၀ တန်အတုများ
မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် အသီးသီး တွင် လည်ပတ်မှုရှိနေပါက
မည်ကဲ့သို့ ထိန်းချုပ်မည်နှင့် စပ်လျည်းသည့်မေးခွန်း အား ဏ္ဍာရေးနှင့် အခွန်
ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် မှ ရှင်းလင်းဖြေကြားရာတွင်
မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ၃၁-၁-၂၀၁၃ ရက်နေ့ အထိ ထုတ်ဝေထားတဲ့ ကျပ် ၅၀၀၀
တန် ငွေစက္ကူအရေအတွက် တန်ဖိုး ပမာ ဏမှာ ကျပ် ၂၈၀၀ ဘီလီယံကျော်ရှိကြောင်း၊
ကျပ် ၅၀၀၀ တန်အတုများဟာ မြန်မာနိုင်ငံတော်အတွင်းရှိ ဘဏ်များမှာ မလည်ပတ်
နိုင်စေရန်အတွက် ငွေကြေး ဆိုင်ရာ စည်းမျဉ်းများ လုပ်ထုံးလုပ်နည်းများနဲ့
ငွေစက္ကူအတုအစစ်ခွဲခြားတဲ့ စက်များဖြင့်ပါ ကြပ် မတ်ဆောင်
ရွက်လျက်ရှိသော်လည်း ဘဏ်များမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏအရ ဘဏ်များမှာ ငွေစ
က္ကူ အတုတွေ လက်ခံရရှိနိုင်မှု ရှိနိုင်ပါကြောင်း၊
သို့သော်လည်းပဲ လည်ပတ်သုံးစွဲနိုင်လောက်တဲ့ အရည်အတွက် မရှိနိုင်ပါကြောင်း၊
ကျပ် ၅၀၀၀ တန်ငွေ စက္ကူ စတင် ထုတ်ဝေတဲ့ ၁-၁၀-၂၀၀၉ ရက်နေ့မှာ ၂၀၁၃ ခုနှစ်
ဇန်နဝါရီလအထိ ကာလအတွင်းမှာ ၅၀၀၀ ကျပ် တန် ငွေစက္ကူအတု ၃၇၅၈ ရွက်
တန်ဖိုးအားဖြင့် ကျပ် ၁၈၇၉၀၀၀၀ ကို စစ်ဆေးလက်ခံရရှိခဲ့တဲ့ အတွ က်
လုပ်ထုံးလုပ်နည်းနဲ့အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့မှူးရုံးကို
ပေးပို့ အပ်နှံခဲ့ပြီးဖြစ်ပါကြောင်း နှင့် ကျပ် ၅၀၀၀ တန်အတုများဟာ
အထက်မှာတင်ပြသလိုပဲ မလည်ပတ်နိုင်ပေမယ့် လည်း စီးပွားရေးေ လာ ကမှာ
လည်ပတ်နေနိုင်ပါကြောင်း ဒီအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးလုပ်ငန်း
စီမံခန့်ခွဲမှု ဌာန ရဲ့ငွေကြေး ဆိုင်ရာစည်းမျဉ်းများနဲ့
လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း ကျွန်တော် တို့
အတု အစစ်တွေ ခွဲခြားနိုင်အောင် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်
တိုင်ကြားအရေးယူခြင်း၊ အတု အစစ် ခွဲခြားတဲ့စက်များအသုံးပြုခြင်း စသည်ဖြင့်
ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်း လင်းဖြေကြား ခဲ့ပါသည်။
. www.MyanmarExpress.net



2 comments:
တော်တော်ညံ့တယ်။
Htay Myint si hmar a myar gyi!
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်