Subscribe to our RSS Feed

ပြည်မြို့တွင် NLD ပါတီဝင် အချင်းချင်း ဆန္ဒပြမှုဖြစ်ပွား

From :   CJMyanmar, 8.3.2013


(၇၊ ၃၊ ၂၀၁၃)ည ၆ နာရီခွဲခန့်က ပြည်မြို့ NLD ပါတီရုံးရှေ့တွင် NLD ပါတီအဖွဲ့ဝင်တစ်ဦးပင်ဖြစ်သူ ဦးကျော်ဆန်း ဦးဆောင်သော လူဦးရေ (၁၀၀)ခန့်က ပြည်မြို့ NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းအား မကျေနပ်သောကြောင့် ဆန္ဒပြခဲ့ကြကြောင်း CJMyanmar က သတင်းရသည်။ ပြည် NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းသည် ခရိုင်ညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရပြီး အဆိုပါ ရွေးချယ်ခံရခြင်းအပေါ် မကျေနပ်သဖြင့်လည်းကောင်း၊ အခြားပုဂ္ဂိုလ်ရေးမကျေနပ်ချက်များကြောင့်လည်းကောင်း ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့ခံတစ်ဦးက CJMyanmar သို့ပြောသည်။ ဆန္ဒပြသူများက ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ လက်ကိုင်စပီကာဖြင့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကြောင်း သိရပါသည်။
   www.MyanmarExpress.net

2 comments:

ဒီ nld ကတော့ ကပ်သင့်နေတာလားမသိ၊ ဗိုလ်လုပ်ချင်တဲ့သူတွေကလည်း အများသား၊ အင်းလေ ပါတီဥက္ကဌ ဘွားတော်ကိုယ်တိုင်ကတောင် သမ္မတ ဖြစ်ချင်သေးတာ၊ လုပ်ချင်သေးတာပဲ၊ အောက်ခြေကသူ့လူတွေ ခုလို ဖြစ်ကြတာ ဆန်းတော့မဆန်းပါဘူး၊ လူသိများထင်ရှားတဲ့ ပါတီတစ်ခု အနေနဲ့ ဒီလိုဖြစ်ပျက်နေတာဟာ ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး၊
ရေရှည်မှာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု အားလျော့သွားနိုင်တယ်။

ကြီးလေ ချဉ်လေ သံပုရာသီးလို၊ ကြာကြာဝါး ခါးမှားသိရပီလေ။
လုကြ၊ ရိုက်ကြဟေ့ ။ မင်းတို့လုပ်ချင်သလို လုပ်ကြ။ မင်းတို့လူကြီးတွေလည်း လုပ်ချင်တာ လုပ်နေကြတာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်