Subscribe to our RSS Feed

စစ်တောင်းစက္ကူစက်ရုံပိုင် စိုက်ခင်းမြေနေရာ မင်းမဲ့စရိုက်ဆန်ဆန် ဝင်ရောက်နေရာယူသူများကို စက်ရုံမှူး တရားစွဲ

From : ..popular



မွန်ပြည်နယ် ကျိုက်ထိုမြို့ သိမ်ဇရပ်ကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံပိုင် ယူကလစ်စိုက်ခင်း မြေနေရာအား မင်းမဲ့စရိုက် ဆန်ဆန် ဥပဒေမဲ့ကျူးကျော်နေရာချထားရေးအဖွဲ့ဖြင့်

ဝင်ရောက်နေမှုကို စက်ရုံမှူးက နိုင်ငံပိုင်ပစ္စည်း ပျက်စီးစေမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ စိုက်ခင်းမြေနေရာ အား ခွင့်ပြုချက် မရှိဘဲ ဥပဒေမဲ့ ကျူးကျော် နေရာချထားရေးအဖွဲ့ ကို စစ်တောင်းစက္ကူစက်ရုံမှူးမှ တရားလိုပြုလုပ်၍ နိုင်ငံပိုင်ပစ္စည်း ပျက်စီးစေမှု ဥပဒေပုဒ်မ ၆-၁ အရ လည်း

ကောင်း၊ ခွင့်ပြုချက်ရယူခြင်း မရှိ ဘဲ အခမ်းအနားကျင်းပခြင်း ဆိုင်ရာ ဥပဒေပုဒ်မ-၂၁ အား ဖောက်ဖျက်ကျူးလွန်သည့် စွဲချက် ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွတ်လပ်သော အလုပ်သမားသမဂ္ဂ ဖြစ်မြောက် ရေးအထွေထွေ အတွင်းရေးမှူး လေဘာမြင့်စိုးသည် ဝါးဒတ်ကွင်း ကျေးရွာနေ ဦးအောင်ဝင်း ဦး ဆောင်သော အဖွဲ့နှင့်ပူးပေါင်း၍ စစ်တောင်းစက္ကူစက်ရုံ၊ ယူကလစ် စိုက်ခင်းဧရိယာအတွင်း ၂ဝ၁၂ ခု နှစ် ဒီဇင်ဘာ ၁၄ ရက်က စတင် ပြီး (60'×80') အကျယ် မြေကွက် ၅ဝဝ ကွက်ဖော်ထုတ်ပြီး တစ် ကွက်လျှင် ငွေကျပ် ၃၃ဝဝဝ နှုန်း ဖြင့် နေရာချထားပေးခဲ့သည်။ ထို့ ပြင် လူနေအိမ်များ ဆောက်လုပ် ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိရာ ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေး မှူးရုံးနှင့ှ် တာဝန်ရှိသူများက သွား ရောက်၍ ဥပဒေနှင့်မညီညွတ်သော လုပ်ရပ်များကို မလုပ်ရန် တားမြစ် ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက် လုပ်ကိုင်ကြပြီး ကိုယ် ထူကိုယ်ထ တိုးချဲ့ရပ်ကွက်သစ် ဟူ၍ အခမ်းအနားဖြင့် ဗီနိုင်း ဆိုင်းဘုတ်တင်ပွဲ ကျင်းပခြင်းများ ဆက်လက် လုပ်ဆောင်သဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေယာကျူးကျော်မှု ဖြစ်ပွားနေစဉ် မွန်ပြည်နယ် အစိုးရ မှ ဝါးဒတ်ကွင်းကျေးရွာအား စနစ် တကျ တိုးချဲ့နိုင်ရေးအတွက် လုပ် ထုံးလုပ်နည်းများနှင့်အညီ ကွင်း ဆင်း ဆောင်ရွက်ပြီး ကျေးရွာနှင့်
တစ်ဆက်တည်း မြေဧက ၂ဝ ပေါ် တွင် မြေကွက်ဖော်ထုတ်ကာ အိမ် ရာမဲ့သူ ၇၇ ဦး၊ ယူကလစ်စိုက်ခင်း အတွင်း ကျူးကျော်နေထိုင်သူ ၉၁ ဦးတို့အား နေရာချထားပေးခဲ့သော် လည်း အိမ်ရာမဲ့ ၇၇ ဦးနှင့် ယူက လစ် စိုက်ခင်းတွင် ကျူးကျော်နေ ထိုင်သူ ၁ဝ ဦးတို့သာ ပြောင်းရွှေ့ နေထိုင်ကြကြောင်း၊ ယူကလစ် စိုက်ခင်းအတွင်း ဆက်လက် ကျူးကျော်နေထိုင်သူများ အနေဖြင့် ပြောင်းရွှေ့ကြရန်နှင့် လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်းများကို တာဝန်ရှိသူ များက အသိပေးထားပြီဖြစ်ကြောင်း သိရသည်။


.. www.MyanmarExpress.net
 

2 comments:

ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိတ်ခါကျပါတယ်ဗျာ

အပေါ်က စောက်ရူးကလည်း ဘာတွေပြောနေမှန်းမသိဘူး အစာဝလည်း ထောင့်မှာခွေနေပါကွာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်