From : myanma age
MMA ။ ။ ကိုသားစိုး လတ်တလော လုပ်ဖြစ်နေတဲ့ အနုပညာကို
ပြောပြပါဦး။
TS ။ ။ လောလောဆယ်တော့ သင်္ကြန်အတွက် ခွေလုပ်နေတယ်။
နာမည်က ဘာပေးဖြစ်မလဲတော့ မသိဘူး။ မြန်မြန်လုပ်နေတယ်
သင်္ကြန် အတွက်ဆိုတော့။ တစ်ကိုယ်တော်တော့ မဟုတ်ဘူး။ အများ
ပါတယ်။
MMA ။ ။ လတ်တလော ဖြစ်ပျက်နေတဲ့ ဂီတလောကကိုရော
ကိုသားစိုးအနေနဲ့ ဘယ်လိုမြင်လဲ။
TS ။ ။ အခွေတွေကတော့ ထွက်တာပေါ့နော်။ အနုပညာ
အရည်အချင်းနဲ့ အခွေတွေ အများကြီး စုပြုံထွက်တာထက်စာရင်
ကောင်းကောင်း လေးတွေ ထွက်ပြီး ပရိသတ်က စောင်းနားထောင်
ရတဲ့ အခွေမျိုး ပိုပြီးတော့ ဖြစ်စေချင်တယ်။ ခုတော့ အခွေတွေက
ဘယ်သူတွေမှန်းတောင် အဆိုတော်တွေကို ကိုယ်တောင်
မသိတော့ဘူး။
MMA ။ ။ အခုပြောင်းလဲလာတဲ့ ဂီတလမ်းမပေါ်မှာ တချို့
ဆိုလည်း ကိုယ်တိုင်တာဝန်ယူမှုတွေနဲ့ ဖြစ်သွားပြီ။ ဆင်ဆာ
တွေလည်း မရှိတော့ ဘူး ဆိုတော့ အခုကိုသားစိုး ပြောသလို
အခွေတွေ အများကြီး ပြုံထွက်လာတဲ့အပေါ် ဂီတအနေနဲ့
ပြည်သူတွေအတွက် ဘယ်လိုခံစားမှုမျိုး တွေ ဖြစ်စေနိုင်မလဲ။
TS ။ ။ မဖြစ်ပါဘူး။ ဒါကတော့ လူတွေက ရွေးရမှာပေါ့။
အမယ်စုံတာ့ ပိုကောင်းပါတယ်၊ လုပ်သင့်တာ လုပ်သွားတယ်။
ဒါပေမယ့် အနုပညာအရည်ချင်းလေး ပါရင် ပိုကောင်းတာပေါ့။
MMA ။ ။အခုဆို နိုင်ငံရေးလောကထဲကို ဂီတသမားတွေရော၊ အနုပညာရှင်တချို့လည်းပါဝင်လာကြတယ်။ အစ်ကို့အနေနဲ့ကော
ဒီလို အနု ပညာရှင်တွေ နိုင်ငံရေးလောကထဲကို ပါဝင်လာတဲ့အတွက် ဘယ်လိုအကျိုးရလဒ်တွေရှိလာမလဲ။
TS ။ ။ ဒါက နိုင်ငံရေးကို လူတိုင်းစိတ်ဝင်စားတာ ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့တော့ နိုင်ငံရေးဘက်ကို ပါဝင်လာဖို့ လောလော
ဆယ်တော့ မရှိပါဘူး။
MMA ။ ။ လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်လဲ။
TS ။ ။ ဒီအတိုင်းပါဘဲ လုပ်တဲ့သူလုပ်နေကြတယ်။ လောလော ဆယ်တော့ ပြောဖို့ခက်သေးတာပေါ့။
MMA ။ ။ တစ်ကိုယ်တော် အခွေနဲ့ ပါတ်သတ်ပြီးတော့
ပြောပြပေးပါအုံး။
TS ။ ။ လုပ်တော့လုပ်နေတာပေါ့နော်။ ခုနပြောသလို ခိုးကူး
တွေနဲ့ ဘာနဲ့ဆိုတော့ အစ်ကိုတို့ကျတော့လည်း ပိုက်ဆံရှိလို့
ထုတ်တာမဟုတ်ဘူးလေ။ ဆိုလို့ရတဲ့ အဆိုခလေးကို မနည်း
စုပြီး ထုတ်ရတဲ့အခါကျတော့ အင်မတန်ကြိုးစားရတယ်။
အင်မတန် အားထုတ်ရတယ်။ ပိုက်ဆံရှိတိုင်း ထုတ်တဲ့သူတွေ
မဟုတ်တော့ တော်တော်တော့ ဒုက္ခရောက်တယ်။ ဆိုင်အသစ်
ဖွင့်ထားတယ် ရန်ကင်းမြို့နယ်ထဲမှာ ဆိုင်အသစ်က ဖွင့်လိုက်ပြီ
အရမ်းအလုပ်ရှုပ်တော့ အခွေဘက်ကို အားမပေးနိုင်ဘူးလေ။
ဒါ့ကြောင့် အခွေကနည်းနည်းလေးတော့ ကြန့်ကြာတာပေါ့လေ။
ဒါပါပဲ။
MMA ။ ။ အရင်တုန်းက ဆင်ဆာမလွတ်ခဲ့တဲ့ သီချင်းတွေ
ပြန်ပြီး ထွက်ပေါ်လာအုန်းမှာလား။
TS ။ ။ ထွက်မှာပါ။ ဆင်ဆာပိတ်ခံထားရတဲ့ သီချင်းတွေ
သက်သက် အခွေထွက်လိမ့်မယ်။
MMA ။ ။ အရင်ကာလက ဆင်ဆာပိတ်ခံခဲ့ရတဲ့ အကြောင်းလေး
တွေလဲ ပြောပြပါအုံး။
TS ။ ။ အစိုးရရဲ့ပေါ်လစီပေါ့နော်။ ပေါ်လစီ အမျိုးမျိုးပြောင်းနေ
တော့လဲ။ သူ့ပြောင်းတဲ့ ပေါ်လစီက အခုတစ်မျိုးပြောင်း သွားတာပေါ့။
MMA ။ ။ အခုလက်ရှိ အစိုးရရဲ့ ပေါ်လစီကိုကော နှစ်သက်ရဲ့
လား။
TS ။ ။ ပေါ်လစီကတော့ ဒီအတိုင်းပဲပေါ့။ ဒါကတော့ပြောလို့
မရသေးဘူးပေါ့နော်။ တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ လှုပ်ရှားနေကြ
တယ် ဆိုတော့ တစ်ချို့ကိစ္စတွေကြတော့ မသိနိုင်သေးဘူးလေ။
အရင်ကထက်စာရင်တော့ ပွင့်ပွင့်လင်းလင်းရှိလာတယ်။
MMA ။ ။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်
အချို့ကို အားကိုးလာတယ်ပေါ့နော်။ နိုင်ငံရေးလောကထဲ အနု
ပညာရှင်တွရဲ့ ပါဝင်ပတ်သက်မှုဟာ ဘယ်လိုထိ သတ်ရောက်
နိုင်မလဲ။
TS ။ ။ အဲဒါတော့ အစ်ကိုလည်း မပြောနိုင်သေးဘူး။
အစ်ကိုလည်း အဲဒီလောက်ထိ ရောက်ဖို့ထဲထဲဝင်ဝင် မပါခဲ့ဘူး
လေ။ အစ်ကိုက လည်း ဒီကိစ္စတွေကို အပြင်ကအနေနဲ့ အမြင်ပဲ
ရှိတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မပြောတတ်ဘူး။
MMA ။ ။ လက်ရှိ အနုပညာအပြင် အပြင်စီပွားရေး လုပ်ဖြစ်
တယ်ဆိုတော့ ဘာကြောင့်လုပ်ဖြစ်တာလဲ။
TS ။ ။ အခွေရောင်းမကောင်းလို့ ။အဓိကတော့ ခိုးကူးတွေ
ကြောင့်ပါ။
MMA ။ ။ ဒီလိုခိုးကူးခွေတွေ အပေါ်မှာကော အစ်ကိုအနေနဲ့
ဘယ်လိုမြင်သလဲ။
TS။ ။ ဖမ်းပေးရင်တော့ ကောင်းတာပေါ့။ တရားဥပဒေအတိုင်း လုပ်ပေးရင်တော့ ကောင်းတာပေါ့။
MMA ။ ။ အစ်ကို ရေးထားတဲ့ သာကူး သီချင်းကို ဘယ်လို
စိတ်ကူးမျိုးနဲ့ လုပ်ဖြစ်တာလဲ။
TS ။ ။ သာကူးဆိုတာ ခေတ်တိုင်းမှာ ရှိတာပေါ့နော်။ ဦးနု
ခေတ်ကတည်းက စပြီးတော့ မဆလခေတ်စသည်ဖြင့်ပေါ့နော်။
ခေတ်အဆက်ဆက်မှာ သာကူး အမျိုးမျိုးပေါ်ခဲ့တယ်။ ဒီခေတ်
နိုင်ငံရေး အပြောင်းအလဲမှာလည်း သာကူးတွေက ထင်ထင်ရှားရှား
တွေ့လာရတယ်။အစ်ကိုက စိတ်ထဲက ရယ်ချင်လို့ပါ။ ဒါနဲ့ပဲ
ဒီသီချင်းကို ဟာသသဘောနဲ့ ဆက်ထားတာပါ။ ထွက်လာပါ
လိမ့်မယ်။ သရော်သီချင်းပါ။
MMA ။ ။ အရင်က သီချင်းတွေ ထုတ်ခွင့်မရတော့ REMIX
ထဲကို ရောက်သွားခဲ့တယ်။ ခုလို ပြန်ထုတ်ခွင့်ရတဲ့ အချိန်မှာ အစ်ကို
ဘာဆက်လုပ်မလဲ။
TS ။ ။ သီချင်းတွေ ပြန်ရေးနေပါတယ်။ သီချင်းတွေ ပြန်ထုတ်မှာပါ။
အခွေထုတ်ဖို့ ပိုက်ဆံကတော့ မရှိဘူး။ စီးပွားရေးကဘဲ လှည့်ရမှာ
ပေါ့နော်။ ထုတ်ချင်တာလည်း အများကြီးဘဲ။ လုပ်ချင်တာလည်း
အများကြီးပဲ။ ခိုးကူးတွေနဲ့ပတ်သက်ပြီး အစ်ကိုတို့ ဂီတသမားတွေကို အကာအကွယ် ပေးတဲ့ဟာက အရမ်းကို နည်းပါးတယ်။ လုပ်ရတာ
အဆင်မပြေဘူး။ စိတ်သွားတိုင်း ကိုယ်မပါဘူးပေါ့။ အစ်ကိုတို့က
ခေတ်ပျတ်ကြီးထဲ ရောက် နေတာပဲ။
MMA ။ ။ ခိုးကူးခွေနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်သွားမလဲ။
TS ။ ။ ခိုးကူးခွေနဲ့ ပတ်သက်ပြီး အခုလက်ရှိ ဂီတအစည်း
အရုံးရဲ့ တာဝန်ထမ်းဆောင်နေရတော့ ခိုးကူးခွေရဲ့ သဘောက
အုန်နဲ့ကျင်းနဲ့၊သူတို့တွေကလည်း ခရိုနီတွေပဲ။ သက်ဆိုင်ရာ အာ ဏာပိုင်တွေကိုငွေကြေးပေးပြီး အခွင့်အရေးရအောင်ယူတယ်။
ပြီးတော့ ဒီဂီတသမားတွေ ဘဝပျက်အာင် လုပ်နေတာ။ သူတို့
ချမ်းသာမှုက ကြောက်ဖို့တောင် ကောင်းတယ်။ အရမ်းချမ်းသာ
တယ်။ သိန်းကိုထောင်သောင်းချီတဲ့ အိမ်ကြီးတွေ ဝယ်နိုင်တယ်။
နောက်ကွယ်က ဒိုင်တွေကို ပြောတာနော်။ လမ်းဘေးက ရောင်း
နေတဲ့ သူတွေ အပြစ်မဟုတ်ဘူး။ ဒိုင်ကြီးတွေရှိတယ်။ ဒိုင်ကြီး
တွေက အတော်ချမ်းသာနေတယ်။ ဒါတွေက သူများပိုက်ဆံနဲ့
သူများရဲ့ဟာကို ခိုးယူပြီး ချမ်းသာနေတဲ့ သူတွေ။ သူခိုးတွေပေါ့
နော်။ တစ်နေ့ကြရင် သူတို့ဘဝတစ်နေသိပါလိမ့်မယ်။ ဘာဖြစ်မလဲ
ဆိုတာကို စောင့်ကြည့်ပေါ့။
MMA ။ ။ ဘယ်လို ဥပဒေတွေ နဲ့ အရေးယူလို့ရသလဲ။
TS ။ ။ ဥပဒေတွေက အများကြီးဘဲ။ ၃၂(က)၊၃၂(ခ)၊ ၃၃(က)
ပုဒ်မတွေ အများကြီးပါပဲ။ အဓိကကတော့ တရားသူကြီးဘက်က
လည်း ခိုးကူးကို ဖမ်းမိပြီးရင် ပြစ်ဒဏ်ချတဲ့အခါကျရင် လျော့နည်း
လွန်းတာတွေ စသည်ဖြင့်ပေါ့။ ခေတ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေလည်း
ပြင်ရတော့မှာပေါ့နော်။ ဒဏ်ငွေ တစ်သိန်း(သို့) ထောင်ဒဏ် ၁ နှစ်
စသည်ဖြင်ပေါ့နော်။ ဒီဟာတွေက ခေတ်နဲ့ မလျော်ညီဘူး။ ၉၆ တုန်းက
ပိုက်ဆံ တစ်သိန်းက မြေကွက်ရပေမယ့် အခုခေတ်က ပိုက်ဆံတစ်သိန်း
ဆိုရင် စင်တင်က ကောင်မလေးတွေကို ပန်းကုန်းတောင် စွပ်လို့ရမှာ
မဟုတ်ဘူးလေ။ အစ်ကိုတို့ ဥပဒေက ခေတ်နဲ့မလျော်ညီဘူးပေါ့နော်။
MMA ။ ။ ဒီလို ခေတ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေကို ဂီတ
သမားတွေပေါင်းပြီး ဥပဒေပြုရေးအာဏာရှိတဲ့ လွှတ်တော်ကို
တင်ပြတာတွေ ရှိလား။
TS ။ ။ ရှိပါတယ်။ ပြင်ဆင်သင်တဲ့ ဟာတွေလည်း ပြင်ဆင်
ထားပါတယ်။ ဒီခိုးကူးဟာ သူများ ပစ္စည်းကို ခိုးတာလေ။ အစ်ကို
စီးတီးမက်က ၁၅၀၀ တန် ချောကလက် တစ်ခုကို ခိုးလိုက်လို့ရှိရင်
ရဲစခန်းကို ပို့မှာ။ ဂျာနယ်တစ်ဆောင်ကို ပိုက်ဆံမပေးဘဲ ယူသွား
တယ်ဆိုရင်လည်း သူခိုးဖြစ်မှာလေ။ သားစိုးက ဂျာနယ်ခိုးသွားတယ်။
သားစိုးက ဂျာနယ်သူခိုးဖြစ်သွားရော။ အစ်ကိုတို့ ခွေတွေကြတော့
ခိုးပြီး လမ်းပေါ်မှာ ရောင်းနေတာကြတော့ ဘာလို့ မဖမ်းပေးကြတာလဲ။ ဥပဒေက နှစ်မျိုးရှိနေတာပေါ့နော်။
MMA ။ ။ ကိုသားစိုး အနေနဲ့ ဘာများထပ်ပြောချင်သေးလဲ။
TS ။ ။ အဓိက အခွေထွက်တဲ့အခါ ခိုးကူးသမားတွေကို ကျွန်တော့်အခွေဆို ရှောင်စေချင်တယ်။ ကျွန်တော့်အခွေ မရှောင်
ရင်တော့ အသေအလဲ ဖမ်းမှာပဲ။ မိရင်တော့ ပြသနာအရှာခံထိမှာပဲ။
ကြိုပြောပြီးသား။
MMA ။ ။ အဲဒါဆို ကိုသားစိုးက ဂီတအစည်းအရုံးနဲ့ ပူးပေါင်း
ပြီးတော့ လုပ်မှာပေါ့နော်။
TS ။` ။ ဟုတ်တယ်။ ရဲတွေလည်း ထပ်ခန့်ထားတယ်။ ထပ်ပြီး
တော့လည်း ဖမ်းမယ်။ သူများပစ္စည်းခိုးရင်တော့ ဒုက္ခကခံရမှာပဲ။
ကျွန်တော်တို့က ဖမ်းမှာပဲ။ ဒဏ်ငွေဆောင်နိုင်တယ်၊ ထောင်ကျ
ခံနိုင်တယ်ဆို ခိုးပါ။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာ ဆက်
လုပ်မှာပဲ။
MMA ။ ။ ဒဏ်ငွေ၊ ထောင်ဒဏ်တွေက အရင်ဥပဒေအတိုင်းပဲ လုပ်မှာလား။
TS ။ ။ မဟုတ်ပါဘူး။ တခြား ရာဇသတ်ကြီး ဥပဒေတွေအရ (၃၃)ဘက်ကို ပြောင်းပြီးစွဲမှာပါ။ အဲဒါကြောင့် လျော်ကြေးတွေ
ပေးရတော့မယ်။ လျော်ကြေးပေးနိုင်ရင် ခိုးကူးပါ။
MMA ။ ။ လျော်ကြေးက ဘယ်လိုသတ်မှတ်ထားလဲ။
TS ။ ။ ကျွန်တော့်ခွေ ကုန်ကျသလောက် သိန်းတစ်ရာဆို သိန်း
တစ်ရာ၊ သိန်းတစ်ထောင်ဆို သိန်းတစ်ထောင် ကျွန်တော် စိတ်
ကျေနပ် သလောက်ထိ တရားစွဲမှာပါ။
MMA ။ ။ ဖမ်းတယ်ဆိုတာ လမ်းဘေးရောင်းတဲ့အသေးလေး
တွေရော ပါလားမသိဘူး။
TS ။ ။ အသေးလေးတွေတော့ အကိုတို့က တရားလည်း
စွဲမှာ မဟုတ်ဘူး။ သူတို့ကိုတော့ ပညာပေးလမ်းပြမှာပဲ။ ပစ္စည်း
သိမ်းမယ်။ လမ်းဘေးရောင်းတဲ့ အရောင်းသမားတွေကို အပြစ်
မမြင်ဘူး။ သူတို့က သူတို့စားဝတ်နေရေးအတွက် ရသလောက်
လေး ရုန်းကန်နေရတာ။ သူတို့ မှာ တခြားနည်းလမ်းဖွင့်ပေး
လိုက်ရင် တခြားအလုပ်လုပ်သွားမှာ။ ဘယ်သူမှ သူခိုးအလုပ်
လုပ်ချင်မှာ မဟုတ်ဘူး။ လမ်းဘေးကလူတွေကို ဖမ်းဖို့လည်း
မရှိဘူး။ ပညာပေးဖို့ဘဲရှိတယ် ဒိုင်တွေကတော့ အဓိကပေါ့နော်။
MMA ။ ။ မြန်မာနိုင်ငံအတွင်း ဒိုင်ဘယ်လောက်လောက်
ရှိနိုင်မလဲ။
TS ။ ။ တစ်နိုင်ငံလုံး အနေအထားနဲ့ဆိုရင် အများကြီး
ပေါ့။ တစ်နိုင်ငံလုံး ခိုးကူးဝယ်နေကြတာလေ။ ဖြူဖြူကျော်သိန်း
ခုထွက်တဲ့ အခွေ က ၆၀၀၀ ဘဲရောင်းရတယ်။ ကိုယ်တို့ဆီမှာ
လူဦးရေး သန်း ၆၀ ဆယ်ရှိတယ်။ နောက်ဆုံးထွက်တဲ့ ရောတယ်
မွှေတယ်။ မန္တလေးမှာ ၂ ချပ်ပ ရောင်းရတယ်။ အဲဒီလောက်ထိကို
ဖြစ်သွားတာ။မန္တလေးဆိုရင် ခိုးကူး အရမ်းအားပေးတဲ့ မြို့တစ်မြို့
ဖြစ်သွားတာပေါ့နော်။ ကိုယ်ကတော့ မထင်ဘူး။ ဒါပေမယ့် တကယ်တန်းသွားရောင်းကြည့်တာအခါ ဘယ်သူမှ မဝယ်ဘူး။
ခိုးကူးက ကြိုပြန့်တယ်။ ကြိုပြီးရောက်တယ်။ မန္တလေးမြို့ဆိုတာ
လူဦးရေး သိန်းနဲ့ချီရှိတယ်လေ။ ဒီမြို့ကြီးတစ်ခုလုံးပြန့်သွားအောင်
သူတို့ ဘယ်လိုတွေ ဖြန့်ပြီးရောင်းနေကြလဲ။ သူတို့ရဲ့ ဈေးကွက်က အရမ်းစိတ် ဝင်စားဖို့ကောင်းတယ်။ သူတို့ချမ်းသာမှုကလည်း
ကြောက်ဖို့ကောင်းတယ်။ ကူးပါကူးခွင့်ပေးထားတယ်။ အဲကိုယ်တို့
တရားစွဲ မယ် လျော်ကြေးတောင်းရင်ပေးပါ။ မပေးနိုင်ရင်တော့
ထောင်ထဲသွားပါ။ သူများပစ္စည်းခိုးရင်တော့ ဒဏ်ခံရလိမ့်မယ်။
MMA ။ ။ ခိုးကူးခွေဒဏ်ကာကွယ်ဖို့ နည်းပညာပိုင်းနဲ့ကော။
TS ။ ။ မရပါဘူး။ ခိုးကူးတဲ့ သူတွေကလည်း အဆင့်မြင့် နည်းပညာတွေ အသုံးပြုပြီး ခိုးကူးပါတယ်။ အာဏာပိုင်တွေလည်း တစ်ချို့ဟာတွေ သိတာရှိတယ်။ လောလောဆယ် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ကတော့ အစ်ကိုတို့ကို တော်တော်ကူညီတယ်။ အရင်ခေတ်
နဲ့ကို မတူတော့ဘူး။ တကယ်ကို လိုက်ဖမ်းပေးနေတယ်။ သူတို့ သတင်းရရင်ရသလို မအားလပ်တဲ့ကြားက လူကြီးတွေက တကယ်
ကို ကူညီပေးတယ်။ တချို့နေရာတွေမှာ ချို့ယွင်းချက်တွေကတော့ ရှိသေးတာပေါ့နော်။ အာဏာပိုင်အဖွဲ့အစည်းရဲ့ တစ်ချို့တစ်ချို့သော လူတွေကတော့ စည်းကမ်းပျက် ပြီး လုပ်နေကြတုန်းပဲ။ ဒါတွေကိုလည်း ကိုယ်တို့က တရားစွဲဆိုမယ်။ ပေါ်တင်ပဲ ပြောမယ်။ ပေါ်တင်ဘဲရေးမယ်။ စိတ်ချ။
. www.MyanmarExpress.net

.jpg)

9 comments:
မြန်မာပြည်မှာလူဦးရေသန်း၆၀ရှိပေမယ့်သန်း၆၀လုံးကမင်းတို့သီချင်းတွေကြိုက်ကြနားထောင်ကြတာမှမဟုတ်တာအခွေသန်း၆၀ဘယ်ရောင်းရပါ့မလဲကောင်လေးရ...original အခွေကိုအများလက္ခံနိုင်တဲ့ဈေးနှုန်းချိုချိုနဲ့ရောင်းပေး
ရင်ခိုးကူးခွေဆိုတာဘယ်ရှိတော့မှာလဲ

မှန်ပါတယ်တကယ်အခွေဝယ်အားပေးမယ့်ပရိသတ်ကရာဂဏန်းထောင်ဂဏန်းလောက်ပဲရှိနိုင်ပါတယ်ကောင်းမှမကောင်းတာ
အဓိက အဆိုတော် တွေ ကို ပြောချင်တယ် ။ပြောချင်နေတာ ကြာပီပေါ့။ ခိုးကူးခွေ သာ မရှိ ခဲ့ရင် လူမသိ သူမသိ ထဲမှာ မင်းတို့ ပါသွားမယ်။ ခိုးကူးခွေ ကြောင့် လူသိလာတဲ့ အဆိုတော် တွေထဲမှာ မင်းတို့ ပါတယ်။အများကြီးပဲ
Your creation is also a pirated music.Combination of other songs? Most of today singers don't know even do,ray,me,phar, so,lar,ti,do!
နိုင်ငံ ခြားသံစဉ် ခိုးချ တဲ့ မြန် မာ အဆို တော် တွေ ကို ကော ဘယ် လို လဲ
ဒီ min mg toe ဆိုတဲ့ခွေးက myanmar express မှာ အ ပေါ်က ရေးသမျှ post တွေကို
အင်္ဂလိပ်လို မ တောက် တ ခေါက် နဲ့
ကန့်လန့် ရေးပြီး ခွေးလိုဟောင် နေပါလား။
အဲဒါအမှန်ပဲ။
ပြန်ကိုက်လိုက်ရပြီမလား?ကျေနပ်ပါတော့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်