Subscribe to our RSS Feed

လက်ပံတောင်းအရေး ဦးဝီရသူ သဘောထား

From : .We Love True



စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်၊ ကြေနီစီမံကိန်းနှင့် ပတ်သက်၍၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏၊ (၁၂-၃-၂၀၁၃-)ရက်စွဲပါ အပြီးသတ်အစီရင်ခံစာကို အပြည့်အဝထောက်ခံကြောင်း သဘောထားကြေညာချက်ကို အတိအလင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဦးပဉ္စင်းဝီရသူသည် ၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့၊ (မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့ အပါအဝင် ရွာသူ(၁၂)ယောက် အဖမ်းခံရသည့်နေ့) ဆည်တည်းကျေးရွာတွင် “ပြည်သူပျော်သော အသုဘ”တရားကို ဟောကြားသည့် အချိန်မှ စ၍၊

၂၀၁၂-ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ (သပိတ်စခန်း ဖြိုခွင်းခံရ၍ သံဃာတော်များနှင့် ရွာသူရွာသားများ ဒဏ်ရာရသည့်နေ့)အလည်၊ ယခု နောက်ဆုံးအချိန်ထိ လက်ပံတောင်းနေတောင်အရေးတွင် ကိုယ်အားဉာဏ်အား ငွေအားနှင့် သံဃာအင်အားပါမကျန် စိတ်အားထက်သန်စွာ ပါဝင်ကူညီဆောင်ရွက်နေသူ ဖြစ်ပါသည်။


ထိုသို့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရသည်မှာ ရွာသူရွာသားတို့ နစ်နာဆုံးရှုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ၊ သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုများ၊ သာသနိကအဆောက်အဦးတို့ ပျက်စီးပျောက် ကွယ်မှုများ၊

တိုင်းဒေသ ကြီးအစိုးရ၏ အကိုင်အတွယ်ညံ့ဖျင်းမှုများကို မခံမရပ်နိုင်ဖြစ်၍ ဆန္ဒပြပြည်သူများနှင့်အတူ ပါဝင်ကူညီဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။

၁၂-၃-၂၀၁၃-ရက်နေ့၌ ထုတ်ပြန်သော စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင်

ရွာသူရွာသားတို့ နစ်နာဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းပေးထားသည်ကို လည်းကောင်း၊

သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ကာကွယ်ပေးထားသည် ကိုလည်းကောင်း၊

နိုင်ငံတကာ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကို လမ်းဖွင့်ပေးထားသည်ကို လည်ကောင်း၊

နိုင်ငံတော်ဘဏ္ဍာ တိုက်ထဲသို့ ငွေကြေး အမြောက်အ များ ရောက်ရှိစေရန် စီမံပေးထားသည်ကိုလည်းကောင်း၊

သာသနိက အဆောက်အဦးများ၊ ပျက်စီးမှုမရှိစေရန် စောင့်ရှောက်ပေးထား သည်ကိုလည်းကောင်း၊

လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းဝေးစေရန် စီစဉ်ပေးထားသည် ကိုလည်းကောင်း၊

တောင်သူလယ်သမားများ၏ အခြားလိုအပ်ချက်ကို ကိုယ်အားဉာဏ် အားရှိသမျှ ကူညီဖြည့်စွက်ထားသည်ကိုလည်းကောင်း၊

မီးခိုးဗုံး(သို့)မီးလောင်ဗုံး အသုံးပြုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ပေး ထား သည်ကိုလည်းကောင်း၊

တွေ့ရှိရသောကြောင့် ဤအပြီးသတ်အစီရင်ခံစာသည် အလုံးစုံပြည့်စုံသော အစီရင်ခံစာဖြစ်သည်ဟု ရှုမြင်ပါသည်။

(က) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းတွင် ပါဝင်သော ကျေးရွာပေါင်း

(၂၆)ရွာရှိ ရွာသူရွာသားများအနေဖြင့် မိမိတို့နစ်နာဆုံးရှုံးခဲ့ရသည်များ အပြည့်အဝရရှိရေး၊

သဘာဝပတ်ဝန်းကျင် လုံးဝမထိခိုက်ရေး၊

သာသနိကအဆောက် အဦးများ အဓွန့်ရှည်တည်တံ့ရေး၊

အလုပ်အကိုင် အခွင့်လမ်း အပြည့်အဝရရှိရေး၊

ပြည်သူ့ဘဏ္ဍာတိုက်ထဲသို့ ငွေအလုံးအရင်း ရောက်ရှိစေရေး၊

လူ့အခွင့်ရေးချိုးဖောက်သည့် တရားခံများ၊

မီးခိုးဗုံး(သို့)မီးလောင်ဗုံး အသုံးပြုရာတွင် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူရေးတို့ကို ရဲဝံ့ပြတ်သားစွာ တောင်းဆိုရမည် ဖြစ်ပါသည်။

ထိုသို့ တောင်းဆိုရာတွင် အကောင်အထည် ဖော်ဆောင်ရေးကော်မတီက အပြည့်အဝ လိုက်လျောခြင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိမှသာလျှင် ဆန္ဒထုတ်ဖော်သင့် သည်ဟု ရှုမြင်ပါသည်။

(ခ) ၁၃-၃-၂၀၁၃-ရက်နေ့နှင့် ၁၄-၃-၂၀၁၃-နေ့များ တွင် ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ကန့်ကွက် သူများ ကြမ်းတမ်းရိုင်းပြစွာ ဆက်ဆံသူများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။

ထိုသို့ ကိုယ့်အလိုဆန္ဒတစ်ခုတည်းဖြင့် လူထုခေါင်းဆောင်ကို ကန့်ကွက်ဆန့်ကျင် နေခြင်းသည် အနာဂတ် နိုင်ငံ့ရေးရာများတွင် ဦးဆောင်ဖြေရှင်းပေးမည့် လူထုကိုယ်စားပြု နိုင်ငံ့ခေါင်းဆောင် များ ပေါ်ပေါက်မလာနိုင်အောင် ပိတ်ဆို့တားမြစ်ရာ ရောက်ပါသည်။

(ဂ) ထို့အပြင် ဝမ်ပေါင်ကုမ္ပဏီလုံးဝ ရပ်ဆိုင်းရေးကို တောင်း ဆိုနေကြခြင်းဖြင့် အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်ကြီးတွင် ဖွံ့ဖြိုးတိုးတက်ရေး ကို လိုလားသော ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသလို နိုင်ငံတကာ စီးပွားရေးကုမ္ပဏီများ လာရောက်ရင်းနှီး မြှုပ်နှံမှုများ ကို နှောက်ယှက် ဟန့်တားရာ ရောက်ပါသည်။

ထို့ကြောင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဆင်းရဲစေရန် တမင်ရည်ရွယ်ချက် ရှိရှိဖြင့် ပြုမူနေသည်များနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုကို ဟန့်တားနှောက်ယှက် နေခြင်းများကို ယခု ချက်ချင်း ရပ်ဆိုင်းပေးပါရန် တိကျပြတ်သားစွာ တောင်းဆိုလိုက်သည်။

(ဃ) ရွာသူရွာသားများ အနေဖြင့် ကြိုးကိုင်သူလူတစ်စု၏ စကားကို နားယောင်ပြီး တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးမှုများ ဆက်လက်လုပ်ကိုင်နေပါက မိမိတို့လိုအင်ဆန္ဒနှင့် ဆန့်ကျင်ဘက် အနိဋ္ဌာရုံကိုသာ ရရှိခံစားရမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(င) အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအနေဖြင့် စုံးစမ်းစစ်ဆေးရေးကော် မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို တစ်ပြားသားမှ မလျော့စေဘဲ အပြည့်အဝလိုက် နာ ဖော်ဆောင်ပေးရန်နှင့် ရွာသူရွာသားများ အမြင်ရှင်းစေရေး အတွက်

ပြန်ကြားရေးဌာန တစ်ခုဖွင့်ပြီး နေ့စဉ်ဆောင်ရွက်ချက်များ ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များကို တရားဝင်ချပြကာ ထင်သာမြင်သာရှိအောင် ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ထုတ်ပြန်ကြေညာ အပ် ပါသည်။


ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
မစိုးရိမ်တိုက်သစ်
ဓမ္မသဟာယကျောင်းနာယက
မဟာအောင်မြေမြို့နယ်
မန္တလေး။
၁၆-၃-၂၀၁
.
.. www.MyanmarExpress.net
 

7 comments:

ပြည်သူတွေလိုချင်တာက ပိုက်ဆံမဟုတ်ဘူး
နိုင်ငံတော်က ပြည်သူတွေကို ဂရုဆိုက်တယ်ဆုတာ အဓိက
ပြည်သူအသံသာအဓိကပါဆို ..
လက်ပံတောင်းရွာခံတွေသိချင်တာက ..
၁. မီးလောင်ဗုန်းလား/မီးခိုးဗုန်းလား .. သက်သေပြပါ ..
မီဒီယာတွေနဲ့ တကွ လက်တွေ့ ပြပါ
၂. ၀မ်ပေါင်နဲ့ ဦးပိုင် စာချုပ်မှာ
နိုင်ငံတော်အတွက်ဘယ်လောက်အကျိုးရှိလဲ
၃. စောစောစီးစီးကတည်းက ညှိနိုင်းလို့ ရပါရဲ့ သားနဲ့  ဘာလို့  အဖမ်းအဆီးတွေလုပ် အပြစ်အခတ်တွေလုပ် အတင်းအဓမတွေလုပ်တာဘာကြောင့်လဲ .
၎. အဒီအပြစ်အခတ်မီလောင်ဗုန်းကြောင့် ဒဏ်ရာရ သံဃာတွေအတွက်
အစိုးရကရဖြစ်ဖြစ် ..၀မ်ပေါင်ကဖြစ်ဖြစ် ..ဦးပိုင်ကဖြစ်ဖြစ်
ဘာတာဝန်ယူမှုတွေရှိပါသလဲ
၅. ရွာသားတွေဖြစ်နေတာ ..စိတ်ဒဏ်ရာခံစားနေရတာ ..
ဒါကြောင်းဇွတ် သဘောမတူဘူး လက်မခံဘူးပြောနေကြတာ
၆. မျက်စေ့နဲ့ တတ်အပ်မြင်တွေခဲ့ကြရတယ်..အရိုက်ခံရတာတွေ ..အထိုးခံရတာတွေ ..အဖမ်းခံရတာတွေ .. ဒါတွေက စိတ်ဒဏ်ရာတွေ
မိမိနိုင်ငံသားကို ဂရုမဆိုက်ဘဲ တိုင်းတပါးသားကိုဂရုဆိုက်တာ
ရွာသားတွေအတွက် ..မကျေနပ်စရာတွေဖြစ်ခဲ့တာပေါ့
ဘယ်လောက်ကောင်းတဲ့စီမံချက်ဖြစ်ပါစေ့ ..လက်ခံကြမယ်မထင်ပါ

ဆန္ဒပြ တဲ့ သူတွေက ရင်းနှီးမြှပ် နှံသူတွေနိုင် ငံ တော်ကို ဆောင် တဲ့ ငွေကြေး အခွန်ဆောင် မယ်ဆိုရင်တော့ ရပ်မှာ ပေါ့နော်

I am really saddened to read reports that some people are unnecessarily attacking Daw Aung San Suu Kyi for the report on Letpadaung Copper Mining Project which was recently issued by the Commission led by her. Reasonable people can have different opinions and she and members of the Commission gave their opinion in the report while others have obviously different opinions. As a dutiful political leader, Daw Aung San Suu Kyi explained to all parties concerned why she formed her opinion. Those who don’t like it can give their counter-arguments without animosity. The report isn’t a decision about the future of the project although it may influence the decision. It is the government who will ultimately decide it.

It was true that some authorities needlessly committed violent attacks on the protesters a few months ago and many local people have also suffered hardships due to the project. However, these can be solved with peaceful discussions and negotiations.

There are people and groupings who have never expressed their opinions before about the project are now giving remarks against the Commission’s report and while doing so attacked Daw Aung San Suu Kyi’s motives. How silly is it? Some might even be gloating over her temporary difficulties. “Schadenfreude” isn’t outlandish to many people.

I am of the opinion that she is very sincere in giving her opinion and, as stated, she was only thinking for the good of the country and benefits of the people who have been affected by the project. It would be a tragedy if some people resort to unlawful activities in order to show their frustrations.

In fact, she has shown us by her deeds what an honorable "statesman" she is. She could have chosen the easiest way out to please the protesters by saying no to the project even though most of the naysayers don’t have any reasonable points.

I have more respects for her now than before and wish her success in her service to our beloved country and the majority of the populace.

Correction: There are people and groupings who have never expressed their opinions before about the project but they are now making remarks against the Commission’s report and while doing so attacked Daw Aung San Suu Kyi’s motives.

အန်တီစုက 2015 မှာ သမ္မတလုပ်ချင်တယ်ဆိုတော့ဒီလိုလေး ပြောချင်ပါသေးတယ်.ဒီလို လုပ်ပေးမယ်၊ ဟိုလိုလုပ်ပေးမယ်နဲ့ပျားရည်နဲ့ဝမ်းချ။ဟိုလို ဖြစ်စေရမယ်၊ ဒီလိုဖြစ်စေရမယ်နဲ့အလွယ်စကားတွေပြောပြီး ဆွယ်တရားတွေလည်းဟော။အော်ဇရာထောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်ရိုးသားတဲ့ပြည်သူများခမျာကြားဖြတ်မှာသားသတ်ကို ဓါးအပ်မိပြီလား”” ဆိုပီး နောင်တတွေ ရနေကြပါတယ် ခင်ဗျာ။( လုလင်- ပြောသည် )

ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိက္ခာကျပါတယ်ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်