Subscribe to our RSS Feed

အီးယူ-မြန်မာ အဓွန့်ရှည်ကြာမည့်မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေး ဆိုင်ရာ ပူးတွဲကြေညာချက်

From : Hmuu Zaw


နိုင်ငံတော်သမ္မတကြီးရဲ့ ဥရောပ(၆)နိုင်ငံခရီးစဉ်ရဲ့ Outcome Result လို့ ဆိုနိုင်တဲ့ Joint Statement ဖြစ်တဲ့ အီးယူ-မြန်မာ အဓွန့်ရှည်ကြာမည့်မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ဖြစ်ပါတယ်။

(၁) မြန်မာနိုင်ငံအားခေတ်မီသော ဒီမိုကရေစီနိုင်ငံဖြစ်လာစေရေး အတွက် ဆောင်ရွက်ရန်။

(၂) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန်။

(၃) မြန်မာနိုင်ငံသား အားလုံးအတွက် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးမြှင့်တင်ရန်။

(၄) နိုင်ငံတကာ အသိုင်းအဝန်းတွင် တက်ကြွ၍ လေးစားဖွယ်ဖြစ်သော မြန်မာနိုင်ငံအဖြစ် ဖော်ဆောင်ရေးအတွက် လက်တွဲဆောင်ရွက် သွားရန်။

(၅) ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အီးယူ-မြန်မာ ပူးပေါင်းဆောင်ရွက်သွားရန်။

(အဓိကအချက်ကတော့ GSP/EBA အောက်၌ သက်သာခွင့်‌များ ရရှိရေးအပါအ၀င် အီးယူ၏ဈေးကွက် အတွင်းသို့ အဟန့်အတားမရှိ အမြန်ဆုံးပြန်လည် ၀င်ရောက်နိုင်ရန်အတွက် အီးယူကစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ နောက်တစ်ဆင့်‌ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေရန်အတွက် အီးယူနှင့် မြန်မာနှစ်ဘက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် တစ်ရပ် ရေးထိုးနိုင်ရေး ဖြစ်နိုင်ချေကို လေ့လာဆောင်ရွက် သွားမည်ဖြစ်ပါသည် ဆိုတဲ့အချက် ဖြစ်ပါတယ်။)

(၆) ဖွံ့ဖြိုးရေး မိတ်ဖက်အဖြစ် တည်ဆောက်ရန်။

( ‌နေပြည်တော် သဘောတူညီချက်၊ အစိုးရ၏ လုပ်ငန်းစီမံချက်များနှင့်‌ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် အစိုးရ၏ ဆောင်ရွက်ချက်များနှင့်‌အညီ အီးယူသည် တစ်နိုင်ငံလုံးဖွံ့ဖြိုးမှု ဦးစားပေး အစီအစဉ် နှင့်‌ ပတ်သက်သည့့် အကူအညီများ တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ အနာဂါတ် ကာလ ပိုမိုဖွံ့ဖြိုးတိုးတက်မှုရရှိရန် မြန်မာအစိုးရ၏ ကြိုးပမ်းချက်များကို အီးယူမှ ကူညီသွားမည်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ )


(၇) ပညာရေးဆိုင်ရာအပြန်အလှန် ဖလှယ်ခြင်းများ၊ သတင်းဌာန အဆက်အသွယ်များ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ နှစ်ဖက်လူမှု အသိုက်အ၀န်းများ ပိုမိုနီးစပ်ရေးအတွက် ဆောင်ရွက်သွားရန်။




 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်