Subscribe to our RSS Feed

မတ္ထီလာ ဋိပက္ခ သံဃာတော်တစ်ပါး၊ ဗုဒဘာသာဝင် နှစ်ဦးနဲ့ အစ္စလမ်ဘာသာဝင်နှစ်ဦး သေဆုံး

From : ..7day

မတ္ထီလာမြို့တွင်ဖြစ်ပွားနေသော ဋိပက္ခကြောင့်ယနေ့ညနေပိုင်းအထိသေဆုံးသူ ၅ဦးရှိပြီဖြစ်ပြီး ထိုအထဲတွင် သံဃာတော်တစ်ပါးပါဝင်ကြောင်း မတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြား သည်။


" ဆုံးတာကတော့ ၆ ဦးပါ။ ဒါပေမယ့် တစ်ဦးကသမီးယောက်ဖချင်းဖြစ်တာဆိုတော့ထည့်မတွက်ဘူး။ ငါးဦးမှာ သံဃာတော်တစ်ပါး၊ ဗုဒဘာသာဝင် နှစ်ဦးနဲ့ အစ္စလမ်ဘာသာဝင်နှစ်ဦးတို့ဖြစ်ပါတယ်" ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။


မတ်လ ၂၀ ရက်နံနက်ပိုင်းက မတ္ထီလာမြို့အရှေ့ပြင်ရပ်ကွက်ဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သူနှင့်ရောင်း သူတို့ ခိုက်ရန်ဖြစ်ပွားသည်ကို အကြောင်းပြု၍ ဈေးဆိုင်များအားခဲဖြစ်ပေါက်ခြင်း၊ ဆိုင်အတွင်းဝင်ရောက်ကာ ပစ္စည်းများအားရိုက်ခွဲဖျက်ဆီးခြင်း၊မီးရှို့ခြင်းများဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ အဖြစ်မှန်စုံစမ်းဖော်ထုတ် ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့အား အဖွဲ့ဝင်ငါးဦးဖြင့်ဖွဲ့စည်းလိုက်သည်။ 


စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဌအဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ ဦးကျော်အေး (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်)၊ အတွင်းရေးမှူးအဖြစ် ဦးတင်မောင်စိုး (မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး) အဖွဲ့ဝင်များအဖြစ် ဒုတိ ယရဲမှူးကြီးထွန်းနိုင်(ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး)၊ ဒုတိယရဲမှူးကြီးမောင်မောင်မြင့် (မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်သည်။


 .. www.MyanmarExpress.net
 

3 comments:

Meg tway pyaw nay pyan p.

ရှုပ်ပါတယ်ကွာမူဆလင်ကုလားမှန်ရင်အကုန်သာသတ်ပစ်ဒို့တိုင်းပြည်ထဲလာနေပြီးဒို့အမျိုးဘာသာသာသနာကိုစော်ကားဖျက်ဆီးနေကြတဲ့ခွေးလောက်တောင်သောက်အဆင့်မရှိတဲ့ကောင်တွေသောက်ကျေးဇူးကန်းတွေ

မြန်မာတွေစည်းလုံးပြီးသတိရှိဖိုလိုနေပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်