Subscribe to our RSS Feed

မိတ္ထီလာ ပဋိပက္ခတွင် ဗုဒ္ဓဘာသာဝင် (၂) ဦး နှင့် ဘုန်းကြီး (၁) ပါ သေဆုံးသော်လည်း မူဆလင် ၁၀ ဦး သေဆုံး ဟု BBC ဖော်ပြ

From : ..bbc


မွတ်ဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာ ပဋိပက္ခမှာ အခု နောက်ဆုံး သတင်းတွေအရ အနည်းဆုံး ၁၀ ဦး သေဆုံး သွားပြီး သေသူအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။





မနေ့ညက ဖေ့စ်ဘုတ်ကတဆင့် ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ သံဃာတော်တပါးနဲ့ လူပုဂ္ဂိုလ်တဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ လေးဦး ရှိတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေကြပေမယ့် အတွေ့အကြုံလည်း မရှိ၊ လေ့ကျင့်ထားတာမျိုးလည်း မဟုတ်တဲ့အတွက် ထိရောက်အောင် မဆောင်ရွက်နိုင်ဘူးလို့လည်း ဝေဖန်သံတွေ ထွက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရဲတပ်ဖွဲ့အင်အားကို အထိရောက်ဆုံး အသုံးချဖို့အတွက် ညွှန်ကြားချက် ပေးထားတယ်လို့လည်း မိတ္ထီလာအမတ် ဦးဝင်းထိန်က ဘီဘီစီက ပြောပါတယ်။

မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်လည်း မိတ္ထီလာအရေးကို ကိုင်တွယ် ဆောင်ရွက်ဖို့ ရောက်ရှိနေပြီး၊ ၀န်ကြီးချုပ်က မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် စုံစမ်းဖော်ထုတ်ဖို့ စုံစမ်းရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

မိတ္ထီလာပဋိပက္ခဟာ နိုင်ငံရေး ပယောဂ နောက်ခံ မပါဘဲ ဘာသာရေးနွယ်တဲ့ ပဋိပက္ခမျိုး ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

မိတ္ထီလာပဋိပက္ခကို ပြေလည် ငြိမ်းချမ်းသွားအောင် သံဃာတော်တွေက ထိန်းသိမ်း ဆောင်ရွက်နေကြပေမယ့် သံဃာတချို့ကတော့ ပိုဆိုးအောင် လှုံ့ဆော်နေတာတွေလည်း ရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

ပြည့်စုံတဲ့ မွတ်ဆလင်တွေကတော့ စောစောပိုင်းကပဲ မြို့ကနေ ခွာရှောင် သွားပြီး ဖြစ်ပေမယ့် ဆင်းရဲတဲ့ မွတ်ဆလင် မိသားစုတွေတချို့တော့ မြို့မှာ ရှိနေဆဲ ဖြစ်ပါတယ်။

မိတ္ထီလာမြို့မှာ မြို့နေ လူဦးရေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ မိတ္ထီလာအမတ် ဦးဝင်းထိန်က ပြောပါတယ်။

မနေ့ညကစလို့ မိတ္ထီလာမြို့မှာ အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပါတယ်။


 .. www.MyanmarExpress.net
 

5 comments:

Dog Kalarr ( Islam ) all Killer.

BBC is more right than meg.

BBC သတင်းမှန်ရင်ကောင်းပါတယ်

ရှုပ်ပါတယ်ကွာမူဆလင်ကုလားမှန်ရင်အကုန်သာသတ်ပစ်ဒို့တိုင်းပြည်ထဲလာနေပြီးဒို့အမျိုးဘာသာသာသနာကိုစော်ကားဖျက်ဆီးနေကြတဲ့ခွေးလောက်တောင်သောက်အဆင့်မရှိတဲ့ကောင်တွေသောက်ကျေးဇူးကန်းတွေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်