From : သမ္မတရုံး
www.MyanmarExpress.net




ရန်ကုန် မတ် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဥရောပနိုင်ငံများ ဖြစ်သည့် နော်ဝေ၊
ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ ချစ်ကြည်ရေးခရီး
သွားရောက်ခဲ့ပြီး ယနေ့ နံနက် (၈) နာရီ (၄၅) မိနစ်တွင် အထူးလေယာဉ်ဖြင့်
ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့အား သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ထိုင်း၊
ပြင်သစ်၊ နော်ဝေ၊ အီတလီနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံရုံးယာယီ
တာဝန်ခံများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို
နှုတ်ဆက်ကြသည်။
ထို့အတူ ဧည့်ကြိုခန်းမဆောင် အတွင်း၌
တိုင်းရင်းသူလေးများက နိုင်ငံတော် သမ္မတအား ပန်းစည်းဆက်၍ ကြိုဆိုကြပြီး
နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ
အနုပညာရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊
စက်ရုံအလုပ်ရုံများ၊ ကုမ္ပဏီများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ
အဖွဲ့ဝင်များနှင့် ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်း
အတွင်းနှင့် လေဆိပ်လမ်း တစ်လျှောက်၌ နိုင်ငံတော် အလံငယ်များအား
ဝှေ့ယမ်း၍လည်းကောင်း၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း
သောင်းသောင်းဖြဖြ ကြိုဆိုကြရာနိုင်ငံတော် သမ္မတကြီးကလည်း
ကြိုဆိုနှုတ်ဆက်ကြသူများအား ရင်းရင်းနှီးနှီး ပြန်လည် နှုတ်ဆက်သည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသော ဒုတိယတပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်
ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဒေါက်တာဒေါ်သက်သက်ဇင်၊
ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများလည်း ပြန်လည်
လိုက်ပါလာ ကြသည်။



www.MyanmarExpress.net


2 comments:
Is Europe is a good place for shopping?
MEရေ..
သမတကြီးဦးသိန်းစိန်ရဲ့ ၁၉၈၂ ဥပဒေနဲ့ပါတ်သက်ပြီးရှင်းခဲ့တာကိုတော်တော်ကြေနပ်တယ်...ဒါပေမယ့်ပြသနာက သမတကြီးကိုယ်တိုင် ၁၉၈၂ ဥပဒေပြင်စရာမလိုဘူး ရိုဟင်ဂျာဆိုတာမြန်မာပြည်ထဲကမဟုတ်ဘူးလို့ပြောနေရက်သားနဲ့ဘာဖြစ်လို့အခုအချိန်ထိ ကုလားအဖွဲ့အစည်းတွေရော တခြားအဖွဲ့အစည်းတွေကိုရော ရှင်းရှင်းလင်းလင်းမလုပ်ဘဲထားရတာလဲ???.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်