From :
.7day
.
မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်မှ စတင်ဖြစ်ပွားနေသော ပဋိပက္ခများကို ပြေငြိမ်းရန် ရွှေည၀ါဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကျောင်းသားခေါင်းဆောင်များက ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့အတွင်း ကားများဖြင့် လှည့်လည်ပြီး အသံချဲ့စက်များမှတစ်ဆင့် မြို့ခံပြည်သူလူထုကို ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် မေတ္တာရပ်ခံ၍ လှည့်လည်တရားဟောနေကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ထိုသို့ ရွှေည၀ါဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက
အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းနေသလို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်
ဒေသအာဏာပိုင်များကလည်း အခြေအနေကို တည်ငြိမ်ရန် ကြိုးပမ်းနေကြောင်း 7Day
News သတင်းထောက်က သတင်းပေးပို့သည်။ မတ်လ ၂၁ ရက် နံနက်ပိုင်းတွင်
မိတ္ထီလာမြို့ရှိ ဈေးနှင့် ဈေးဆိုင်များ ပိတ်ထားကြောင်း သတင်းရရှိသည်။
ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ဈေးအရှေ့ပြင်ရပ်ရှိ "နယူးဝိန့်စိန်" ရွှေဆိုင်၌ ရွှေအရောင်းအ၀ယ်ပြုလုပ်ရာမှတစ်ဆင့်
အချင်းများပြီး လာရောင်းသူ သုံးဦးအား ရွှေဆိုင်ရှင်၏ သမက်နှင့်
လုပ်သားတို့က လက်သီးဖြင့်ထိုး၊ တုတ်နှင့်ရိုက်ရာ ရွှေလာရောင်းသူ ဒဏ်ရာရ၍
ဆေးရုံတင်ပို့ရကာ ၎င်း၏ ဇနီးက လက်ရောက်ကျူးလွန်မှုများကို ရဲစခန်းတွင်
အမှုဖွင့်ခဲ့ပြီး ဆိုင်ရှင်သမက်နှင့် ဆိုင်လုပ်သားတို့ကို ဖမ်းဆီးအမှုဖွင့်
အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ထိုဖြစ်စဉ်ကို
ကြားသိရသော ဒေသခံလူ ၂၀၀ ခန့်က ယမန်နေ့မွန်းလွဲ ၂ နာရီကျော်မှစတင်ကာ
အဆိုပါရွှေဆိုင်နှင့် အနီးဝန်းကျင်ရှိ ရွှေဆိုင်အချို့ကို စတင်ဖျက်ဆီးရာမှ
ပဋိပက္ခမှာ ပိုမို ကြီးထွားလာသည်။ ထို့ကြောင့် ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်တွင်
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သည်။
အဆိုပါပဋိပက္ခကြောင့် ယမန်နေ့ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် မိတ္ထီလာဆေးရုံသို့ ဒဏ်ရာရရှိသော သံဃာတစ်ပါးနှင့် အမျိုးသား ငါးဦး ရောက်ရှိလာကာ ဆေးဝါးကုသမှုခံယူနေပြီး ည ၈ နာရီ ၅၅ မိနစ်အချိန်တွင် ဆေးရုံတက်ရောက် ကုသနေသော သံဃာတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
.
. www.MyanmarExpress.net
.
မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်မှ စတင်ဖြစ်ပွားနေသော ပဋိပက္ခများကို ပြေငြိမ်းရန် ရွှေည၀ါဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကျောင်းသားခေါင်းဆောင်များက ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့အတွင်း ကားများဖြင့် လှည့်လည်ပြီး အသံချဲ့စက်များမှတစ်ဆင့် မြို့ခံပြည်သူလူထုကို ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် မေတ္တာရပ်ခံ၍ လှည့်လည်တရားဟောနေကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ထိုသို့ ရွှေည၀ါဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်မ
ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ဈေးအရှေ့ပြင်ရပ်ရှ
အဆိုပါပဋိပက္ခကြောင့် ယမန်နေ့ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် မိတ္ထီလာဆေးရုံသို့ ဒဏ်ရာရရှိသော သံဃာတစ်ပါးနှင့် အမျိုးသား ငါးဦး ရောက်ရှိလာကာ ဆေးဝါးကုသမှုခံယူနေပြီး ည ၈ နာရီ ၅၅ မိနစ်အချိန်တွင် ဆေးရုံတက်ရောက် ကုသနေသော သံဃာတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
.
. www.MyanmarExpress.net

.jpg)

1 comments:
ဟေ့ကောင်မင်းကိုနိုင် ဗိုလ်ချုပ်အောင်ဆန်းသာမင်းတို့လိုစိတ်ဆိုလွပ်လပ်ရေး
လီးတောင်မရဘူးကွ ထောင်ထဲမှာနေတာကြာတော့နဲနဲကြောင်သွားတာဖြစ်
မယ်.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်