Subscribe to our RSS Feed

ချစ်ခြင်းအစ မျက်စိ က လို့ ဘယ်သူပြောလဲ? (မျက်မမြင်နှစ်ဦး၏ မင်္ဂလာပွဲ)

From : Pyi Myanmar

စာရေးသူသည် မင်္ဂလာဧည့်ခံပွဲ အမြောက်အမြားကိုတက်ရောက်
ခဲ့ဖူးသည်။ သတို့သား၊ သတို့သမီးတို့ သည် သာမန်အသွင် ရှိသော်လည်း ယခုကျင်းပသည့် မင်္ဂလာပွဲသည် သတို့သား မောင်ကျော်ဆန်းဦးနှင့် သတို့သမီး မချောစုအေးတို့ နှစ်ဦးစလုံး မျက်စိမမြင် သူများဖြစ်သည့် အတွက်ထူးခြားသော မင်္ဂလာပွဲဖြစ်သည်။

မောင်ကျော်ဆန်းဦးသည် ဦးကြွက်နီ၊ ဒေါ်ခင်စန်းတို့မှ ၁၉၈၅ ခုနှစ်တွင်
မြစ်ငယ်မြို့ စပါယ် ရပ်ကွက်တွင် မွေးဖွားခဲ့သည်။ မွေးဖွားပြီး သုံးနှစ် အရွယ်တွင် မျက်စိကွယ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) အထွေထွေမန်နေဂျာ ဦးထွန်းဦး (ယခုအငြိမ်းစား) ကသားတပည့် အနေဖြင့် ကြည့်မြင်တိုင် မျက်မမြင်
ကျောင်းသို့ ပို့ဆောင်အပ်နှံ ပေးခဲ့သည်။

ထိုကျောင်းတွင် အကြောနှင့် ပတ်သက်သည့် ပညာရပ် များကို ၁၂ နှစ် သင်ယူခဲ့ရာ ဂျပန် အကြောပြင်ဆရာ ပင်လက်မှတ် ရရှိခဲ့သည်ဟု မိခင်ဒေါ်ခင်စန်းက ပြော ပြသည်။ ထိုနည်းအတူ မချောစုအေးသည်လည်း ဦးပြောင်၊ ဒေါ်တင်ကြည် တို့မှ ၁၉၈၇ ခုနှစ် တောင်ကြီးမြို့နယ် ဖဲငန်ရွာတွင်
မွေးဖွားခဲ့သည်။ မွေးဖွားပြီး တစ်နှစ် အရွယ်တွင် မျက်စိကွယ်ခဲ့သည်။ ၁၆နှစ်သမီး အရွယ်တွင် မိတ္ထီလာ မျက်မမြင်ကျောင်း သို့ပို့ခဲ့ရာ ခေတ်ပညာ ၁၀တန်းနှင့် အကြောပြင် ဆရာမ လက်မှတ် ရရှိခဲ့ကြောင်း မိခင်ဒေါ်တင်ကြည်
က ပြောပြသည်။

မောင်ကျော်ဆန်းဦးနှင့် မချောစု အေးတို့သည် မန္တလေးမြို့ မျက်မမြင်
ကျောင်းတွင် ထိုက်တန်သော အခကြေးငွေဖြင့် သင်တန်းဆရာ အဖြစ်ဆောင်ရွက်ခဲ့ရာ တစ်ဦးနှင့်တစ်ဦး ချစ်မေတ္တာများ သက်ဝင်ကြ၍ နှစ်ဖက်မိဘများ သဘောတူညီချက်ဖြင့် မြစ်ငယ်မြို့ အုပ်ချုပ်ရေးမှုးရုံးတွင် လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ပြီး မြစ်ငယ်မြို့ မီးရထားခမ်းမတွင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ရာ အလွန်စည်ကားခဲ့ပါသည်။ မောင်ကျော်ဆန်းဦးနှင့် မချောစုအေးတို့သည် အခြေချနေထိုင်ပြီး အကြောပြင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


မျက်မမြင်


စိန်မြင့် (Pyi Myanmar)
Credit To : YoYarLay

 www.MyanmarExpress.net
 

2 comments:

အချစ်မှာမျက်စိမရှိဘူးဆိုတာယုံသွားပြီ။

How wonderful true love is! I wish two of you have a long live together with more and more love each other, I pray that some day when you will have children, they will never happen these kind of eyes problems and they can see very well and good power visions, May God bless you.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်