Subscribe to our RSS Feed

GSM - ၂၀၀၀ ကျပ်၊ WCDMA - ၅၀၀၀ ကျပ်

From : .http://myanmarpyithar.org/%E1%80%A7%E1%81%BF%E1%80%95%E1%80%AE%E1%80%9C-%E1%81%81-%E1%80%9B%E1%80%80%E1%80%B9%E1%80%B1%E1%80%94%E1%82%94%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9/


ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင်မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ်
ထောင်ဂဏန်းဝန်းကျင်ဖြင့် ရောင်းချမည်ဟု နိုင်ငံတော်သမ္မတ ပြောရေး
ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့ 'မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီး လျော့နည်းတဲ့ဈေးနဲ့ ရောင်းမှာပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်' ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့အခါ အတည်ပြုတဲ့အတွက် အခြား မီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော် ထပ်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏
မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရောင်းချခဲ့သော GSM Sim Card ဈေးနှုန်းများမှာ ငွေကျပ် ၂ သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်းများ ရောင်းချမှုကိုလက်ရှိအချိန်တွင် မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ ရပ်ဆိုင်းထားသည်။

အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သောင်းနှုန်းဖြင့်
ရောင်းချပေးမည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်းလုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင်
ရောင်းချပေးပြီးဖြစ်ကြောင်း သိရှိရသည်။

"ဖုန်းကတ်တွေ ထောင်ဂဏန်းဝန်းကျင်နဲ့ ရောင်းမယ်ဆိုတာ အင်တာနက်
ပေါ်မှာတော့ တက်နေတယ်ပြောတယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။ ကျွန်တော်တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခုအချိန်အထိ ညွှန်ကြား ထားတာ မရှိသေးပါဘူး" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ငွေကျပ် ၂ ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး WCDMA Sim Card များကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့်
ရောင်းချ မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေးမည့် မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁ လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင် ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀ သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်းသို့ ပေးသွင်းခဲ့ရသည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့ ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။

3 comments:

မ ကောင်း တဲ့ လူ တ စု လုပ် ချက် ကြောင့် ၁၅ သိန်း ဖုန်း ၃ လုးံ တောင် မိ တယ် ပြည် သူ လူ ထု ဆီ က အ မီူး မီူး လိမ် ယူ တယ် ကား တွေ ဈေး ကြိး အောင် လဲ ဒီ လူ တ စု ဘဲ လုပ် ခဲ့ ကြ တယ် လုပ် လဲ လုပ် ကြ ပါ ပေ့ သ မိုင်း က တော့ ကျန် နေ မှာ ပါ

Shameless animal!!!Stop your account.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်