From :
.hot news

မေး- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြတ်သိမ်းရေးနဲ့ မတ်လ ၁၄ရက်မှဖြစ်ခဲ့ ဒေါ်အောင် ဆန်းစုကြည်အပေါ်ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့တာတွေမှာ ကိုဟန်ဝင်းအောင်ရဲ့နောက်ကွယ် က သွေးထိုးလှုံစော်မှုတွေရှိနေ တယ်လို့ စွတ်စွဲချက်တွေအပေါ် ကို ဟန်ဝင်းအောင်အနေနဲ့ဘာ ပြောချင်လဲ။
ဖြေ- ကျွန်တော်ရဲ့သွေးတိုးလှုံ စော်မှုကြောင့် လက်ပံတောင်း တောင်ဖြတ်သိမ်းရေးနဲ့ မတ်၁၄ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြမှုဖြစ်လာတာမဟုတ်ပါဘူး။ ဦးပိုင်း၊၀မ်ပေါင်ကုမ္ပဏီရဲ့မတရား တဲ့ဖိနှိပ်မှုနဲ့ကြေးနီစီမံကိန်းကို ဆက်လုပ်ရနမယ်။မီးလောင်ဗုံးမ ဟုတ်ဘူး။ မီးခိုးဗုံးပါလို့ မတ်လ ၁၁ရက်မှာထုတ်ပြန်တဲ့အပြီးသတ် အစီရင်ခံစာကြောင့် သူတို့ဘာသာ သူတို့ သဘာဝအလျောက်ဆန့် ကျင်ဆန္ဒပြတာဖြစ်ပါတယ်။
လက်ပံတောင်းတောင်အရေး ကိစ္စကို ကျွန်တော်တစ်ယောက် တည်းကူညီပေးနေတာမဟုတ်ပါ ဘူး။ တခြားကူညီပေးတဲ့အဖွဲ့အစည်း တွေအများကြီးရှိပါတယ်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကူ ညီတယ်။ သံဃာတော်တွေလည်း ကူညီခဲ့တယ်။ ကျောင်းသားအဖွဲ့ အစည်းတွေလည်း ကူညီခဲ့တယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ပတ်ဝန်းကျင်ထိန်းသိမ်းအဖွဲ့တွေ ကအစ ကူညီခဲ့ကြပါတယ်။ ဒီလို ကူညီမှုတွေကို သွေးထိုးလှုံစော်မှု လို့ အဓိပ္ပာယ်ဖွင့်ဆိုလို့မရပါဘူး။ တကယ်သွေးထိုးလှုံစော်မှုအစစ်က ပြဿနာကိုကြာရှည်လေးလံအောင် ဆွဲထားပြီးတော့ လွယ်နေတာကို ခက်အောင်လုပ်ပြီး မလိုလားအပ် တဲ့ ဖြေရှင်းမှုတွေနဲ့ရှင်းသွားတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေသာ တကယ့်သွေးတိုးလှုံစော်သူတွေအစစ် ဖြစ်ပါတယ်။
မေး-လက်ပံတောင်းတောင်အရေး ကိစ္စကို ပြည်ပနဲ့တစ်ခြားသီးခြား အဖွဲ့အစည်းတွေက ငွေကြေး အထောက်အပံ့ယူပြီးတော့လုပ်နေ ပါတယ်လို့စွတ်စွဲချက်တွေအပေါ် မှာကော ကိုမာန်ဝင်းအောင်အနေ နဲ့ဘယ်လိုဖြေရှင်းချင်လဲ။
ဖြေ- ကျွန်တော်က အသေချာ တော့မသိပါဘူး၊ T စာမျက်နှာ တွေမှာစွတ်စွဲထားတာကတော့ ထိုင်းနိုင်ငံအခြေစိုက်ဒေါက်တာ —–၊ဒေါ်ခင်ဥမ္မာ၊ကိုမိုးသီးဇွန်တို့ ပြည်တွင်းမှာဆိုလည်း ပရဟိတ လုပ်နေတဲ့(——)ကဒေါက်တာ ကျော်သူတို့က ဒီလက်ပံတောင်း တောင်အရေးကိစ်္စနဲ့ပတ်သက်ပြီး ငွေကြေးအထောက်အကူယူပြီး လုပ်နေတယ်လို့စွတ်စွဲပြောဆိုတာ မျိုးတွေရှိပါတယ်။ အဲလိုပြောတဲ့ ဟာမျိုးတွေက ကျွန်တော်ထင်ပါ တယ်။ကျွန်တော်တို့ဒီမှာ ရိုးရိုး သားသားလာရောက်ကူညီပေးနေ တဲ့သူတွေကို သဘောတစ်မျိုးနဲ့ အထင်မြင်လွဲစေဖို့အတွက် အာ ဏာပိုင်အဖွဲ့အစည်းတွေနဲ့ဦးပိုင်/ ၀မ်ပေါင်ဘက်က သူတွေတမင် တကာ ရည်ရွယ်ချက်ရှိရှိနဲ့ဝါဒဖြန့် တယ်လို့ပဲ ကျွန်တော်ယုံကြည်ပါ တယ်။ ကျွန်တော်အနေနဲ့ပြောရဲ တယ်၊ကျွန်တော့်ကို စွတ်စွဲတဲ့သူ ကိုကြိုက်တဲ့နေရာကြိုက်တဲ့အချိန် မှာ ကျွန်တော်တစ်ခြားမှမယူဘူး ဆိုတာကို မျက်နှာချင်းဆိုင်ရှင်းရဲ ပါတယ်။ အဆက်သွယ်ရှိရင် ကာယကံရှင်တွေကိုမေးကြည့်လို့ ရပါတယ်။
မေး- လက်ပံတောင်းတောင် အပြီး သတ်အစီရင်ခံစာကို မကျေနပ် လို့ရှိရင် ဥပဒေနဲ့အညီဆန္ဒပြလို့ ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အပေါ်မှာကော ကို ဟန်ဝင်းအောင်အနေနဲ့ဘာများ ပြောချင်လဲ။
ဖြေ- ဒီဒေသမှာ ပုဒ်မ ၁၄၄ထုတ် ပြန်ထားတဲ့အတွက် လက်ပံတောင်း ဒေသမှာရှိတဲ့ ပြည်သူတွေဟာ အလိုအလျောက်နေ့စဉ် ၂၄နာရီ ဥပဒေကို ချိုးဖောက်တဲ့သူတွေဖြစ် နေပါတယ်။ ပုဒ်မ ၁၄၄ထုတ်ပြန် ထားတဲ့နေရာမှာ ရွာတွေမရွှေ့ ပြောင်းပဲနေနေတဲ့အတွက်ကြောင့် ဥပဒေကို အလိုလိုချိုးဖောက်သလို ဖြစ်နေတယ်၊အဲဒီတော့ ဒီလိုတရား ဥပဒေအရ ပုဒ်မ ၁၄၄ကိုချိုးဖောက် နေတဲ့ လက်ပံတောင်း ပြည်သူ တွေက ဘယ်ဥပဒေကိုအားကိုးပြီး တော့ ဘယ်မှာသွားပြီးခွင့်ပြုချက် တောင်းရမလဲဆိုတာ မေးခွန်းထုတ် စရာတွေရှိလာတယ်။ အဲဒီတော့ နံပတ်(၁)အချက်က ဒီဒေသမှာက ပြည်သူတွေနေတဲ့နေရာမှာ ပုဒ်မ ၁၄၄ထုတ်ပြန်ထားတာကို အမြန် ဆုံးရုတ်သိမ်းပေးပါ။ကျွန်တော်တို့ မဖြစ်နိုင်တာကို တောင်းဆိုတာ မဟုတ်ပါဘူး၊တကယ်ကိုအခြေ အနေဆိုးရွားနေရင်တော့ လုပ်ထုံး လုပ်နည်းအတိုင်း တရားဥပဒေ အရဆောင်ရွက်လို့ရပါတယ်။(လက်ပံတောင်းတောင်ဒေသမှ ပုဒ်မ ၁၄၄—–)၊လယ်မြေတွေ ပေါ်မှာ —-တွေပုံကာ ဦးပိုင်၊ ၀မ်ပေါင်ကုမ္ပဏီက မြေသယ်ကား တွေ လယ်မြေတွေအပေါ်မှာ ဖြတ် သန်းသွားလာနေတဲ့အတွက်ဒေသခံ ပြည်သူတွေ နေ့စဉ် ဆနွယ်မှုတွေ ရှိနေပါတယ်။ အဲဒီအတွက် ဒေသခံ ပြည်သူတွေ နေ့စဉ်ဆန္ဒပြမှုတွေ ရှိနေပါတယ်။ အဲဒီတော့ ဆန္ဒပြ ဖို့အတွက် စာတင်တဲ့အခါမှာ လူ ဦးရေးအကန့်အသတ်နဲ့နည်းဥပဒေ အရ စာတင်ရတာတွေ့ရှိရတယ်။ စီမံကိန်းဆက်လုပ်နေတာ နေ့စဉ် ဖြစ်နေတဲ့အတွက် နေ့စဉ်ဆန္ဒပြမှု တွေဖြစ်နေတယ်။အဲဒီတော့ ဆန်္ဒ မပြစေချင်ရင် ကြေးနီစီမံကိန်းကို ရပ် ပုဒ်မ ၁၄၄ကိုရုတ်သိမ်း အဲဒါ ဆိုရင် ဥပဒေကိုအကာအကွယ်ရ သွားတဲ့ ပြည်သူတွေက ဥပဒေနဲ့ နည်းဥပဒေနဲ့ဆန္ဒပြဖို့စာတင်မယ်၊ ဥပဒေနဲ့အညီသပိတ်စခန်းတွေဖွင့် တာမျိုးဖြစ်လာနိုင်တယ်၊အခု အဲ ဒါမျိုးမဟုတ်ဘဲ တစ်ဖက်တစ်လမ်း က ဒေသခံပြည်သူတွေကိုဥပဒေ နဲ့ဖိနှိပ်ထားပြီးတော့ အဖိနှိပ်ခံနေ ရတဲ့ ပြည်သူတွေကိုဥပဒေနဲ့အညီ ဆန္ဒပြလို့ရပါတယ်လို့ ပြောဆိုမှု ဟာ တရားနည်းလမ်းမကျပါဘူး လို့ကျွန်တော်မြင်ပါတယ်။
မေး- မတ်လ ၁၃-၁၄ရက် ဒေါ် အောင်ဆန်းစုကြည်လက်ပံတောင်း ဒေသကိုလာရောက်တဲ့အခါမှာ ကိုဟန်ဝင်းအောင်ကိုခေါ်ယူတွေ့ ဆုံတာတို့ —–ကိုက သွားမတွေ့ ခဲ့ဘူးလို့သတင်းတွေထွက်ပေါ်နေ တဲ့အပေါ်မှာကောဘယ်လိုဖြေရှင်း ချင်လဲ။
ဖြေ- ဒေါ်အောင်ဆန်းစုကြည် မတ်လ ၁၃-၁၄ရက်နေ့ရောက်ရှိ လာတဲ့ကာအတွင်းမှာ ဒေါ်အောင် ဆန်းစုကြည်အဖွဲ့ထဲက မည်သူ တစ်ဦးတစ်ယောက်တစ်စုံတစ် ယောက်ကမှ ကျွန်တော်တို့တွေ့ ဆုံဖို့အတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးတော့ဖြစ်စေ တွေ့ဆုံ ဖို့ဆက်သွယ်ခဲ့တာလုံးဝမရှိခဲ့ပါဘူး။ ကျွန်တော့ဘက်ကသွားရောက် မတွေ့ဆုံဘူးဆိုတာကလည်း ဒေါ် အောင်ဆန်းစုကြည်ဟာ ဦးပိုင်/ ၀မ်ပေါင်က တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာဒေသခံပြည်သူတွေ နဲ့သာတွေ့ဆုံရှင်းလင်းမယ်လို့သိရ တဲ့အတွက် သူအတွက်အနှောင့် အယှက်ဖြစ်မှာစိုးတဲ့အတွက် ကျွန်တော်သွားမတွေ့ဖြစ်ခဲ့ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ စေ တနာမှန်နဲ့လူထုကို အကျိုးပြုမယ် ဆိုရင် ကျွန်တော်တို့ဘက်က လည်း တတ်နိုင်သမျှဆောင်ရွက် ဖို့အတွက်မတွေ့နိုင်စရာအကြောင်း မရှိပါဘူး။မတွေ့ရံရောလည်း အ ကြောင်းမရှိပါဘူး၊အချိန်မရွေးတွေ့ ဆုံဖို့ ကျွန်တော့်ဘက်က အဆင် သင့်ပါပဲ အဓိကက ပြည်သူလူထု အတွက် ကျွန်တော့်ဘက်က အဆင် သင့်ပါဘဲ၊အဓိကက ပြည်သူလူထု အတွက် အကောင်းဆုံးအဖြေရှာ ဖို့အတွက် ကျွန်တော်အနေနဲ့ ဘယ်သူဒေသရဲ့ပြဿနာကိုဖြေရှင်း ဖို့အတွက် ကျွန်တော်အနေနဲ့ ဘယ်သူနဲ့မဆိုတွေ့ဆုံညှိနှိုင်းဆွေး နွေးရဲပါတယ်။
မေး- ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသကရွာတွေကို လာတဲ့အခါ ကိုဟန်ဝင်းအောင်က ———————–လမ်း ဆင်းလျှောက်ဖို့ညွှန်ကြားတာတို့ ————————–ဒေါ်စုအဖွဲ့ကို ——မှောင်နဲ့ခြိမ်း ခြောက်ခဲ့တယ်လို့ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ်မှာကော ဘယ် လိုဖြေရှင်းမလဲ။
ဖြေ- အဲဒီကောလဟာလ သတင်း တွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တို့အဲလိုမလုပ်ခဲ့ဘူးဆိုတာ အ ထောက်အထားအခိုင်အလုံရှိပါ တယ်။ ဒါက တစ်ဖက်သတ်ဝါဒ ဖြန့်တဲ့သဘောပါ။ဒေသခံပြည်သူ တွေနဲ့လာရောက်ကူညီနေတဲ့သူ တွေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ သွေးကွဲနေပြီဆိုပြီး အထင်မှား အမြင်မှားဖြစ်အောင် ပြောဆိုခြင်း အားဖြင့် စီမံကိန်းဖြတ်သိမ်းရေး လှုပ်ရှားမှုအာရုံလွဲမှားစေအောင် ၀ါဒဖြန့်တယ်လို့ ကျွန်တော်သတ် မှတ်တယ်။နောက်တစ်ချက်ကတော့ ဆည်တည်းရွာဟာ ပုဒ်မ ၁၄၄ထုတ် ထားတယ် ရွာရဲ့အရှေ့ဘက် အနောက်ဘက်တွေမှာ လုံထိန်း သွားလာနေတာတွေရှိတဲ့အတွက် ရွာလေးကိုလာရောက်အကြမ်း ဖက်မှာဆိုးလို့ ကြောက်လန့်နေတဲ့ ရွာပါ။အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်လာတဲ့အခါမှာ —-ကား တွေ၊ထောက်လှန်းရေးတွေ၊လုံထိန်း ကားတွေအပြည်နဲ့လာတဲ့အတွက် ဆည်တည်းရွာသူ/ရွာသားတွေ က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံပါတယ်။ ရဲ၊လုံထိန်းနဲ့ ထောက်လှန်းရေးတွေကို အ၀င် မခံတာပါ၊အဲဒီအချိန်မှာ ——–ရှိပါတယ်။ ကျွန်တော်မရှိပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကားပေါ်ကဆင်းပြီးလမ်းလျှောက် ခိုင်းတာကို ကို——က အဆို တော် လင်းလင်းနှင့်ဒေါ်စုကို ————–ခြိမ်းခြောက်တာကို ဆိုတာမဟုတ်မမှန်သတင်းတွေပါ ကျွန်တော်တို့မှ————————–သက်သေအထောက် ထားတွေရှိပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လို အမျိုး သမီးတစ်ယောက် ကိုဟန်ဝင်း အောင်ကလမ်းဆင်းလျှောက်ခိုင်း တယ်ဆိုတဲ့စွတ်စွဲချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲု့ဂုဏ် သိက်္ခာကိုထိပါးတဲ့ကိစ်္စပါ အဲဒီနေ့ က ကို——နဲ့ကျွန်တော်ဖုန်းပြော နေတာကိုသတင်းထောက်တစ် ယောက်ခိုးပြီး အသံဖမ်းသွားတာ အသံဖိုင်ကိုအွန်လိုင်းပေါ်မှာနေ့ တိုင်းနားထောင်ပြီးသားနေမှာပါ၊ ဒေါ်အောင်ဆန်းစုကြည်လို လူထု ခေါင်းဆောင်အမျိုးသမီးတစ်ယောက် ကိုဘယ်သူက အမိန့်ပေးလို့ရမှာ လဲ ကားနဲ့သွားပါလမ်းဆင်း လျှောက်ပါလို့ပြောတဲ့ဟာကို ဒေါ်အောင်ဆန်းစုကြည်လို အမျိုး သမီးတစ်ယောက်က လိုက်လုပ် မယ်လို့ထင်လားလို့ ကျွန်တော် မေးခွန်းပြန်ထုတ်ချင်ပါတယ်။
မေး- နောက်ဆုံးမေးချင်တာက တော့ လက်ပံတောင်းတောင်ဒေသ မှာဖွင့်ထားတဲ့သပိတ်စခန်းတွေ ရုတ်သိမ်းလိုက်တာ အစ်ကိုတို့ အနေနဲ့နောက်ဆုံး——တော့ မယ်ဆိုတဲ့သဘောလား။
ဖြေ- အဓိကလက်ပံတောင်းတောင် ဒေသမှာရှိတဲ့ ပြည်သူတွေဟာ စည်းကမ်းရှိပြီးတော့ ယဉ်ကျေး တဲ့ပြည်သူတွေဖြစ်တယ်ဆိုတာကို ဖော်ပြလိုက်တာပါ။ သူတို့ရဲ့ လက် ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖြတ်သိမ်းရေးဆိုတဲ့ရည်မှန်း ချက်တွေ ဒေသခံပြည်သူလူထုရဲ့ အကျိုးစီးပွားတွေကို အာဏာပိုင် က ဘယ်လောက်သဘောထား တင်းမာမာ———သဘောထား၊ မတင်းမာပဲနဲ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တခြားသောနည်းလမ်းတွေနဲ့ လုပ်တတ်တယ်ဆိုတာ ခြေတစ် လှမ်းတိုး ဖော်ဆောင်ဖို့အတွက် သပိတ်စခန်းတွေကိုရုတ်သိမ်း လိုက်တာပါဟူ၍ နိုင်ငံရေးအကျဉ်း သားဟောင်း ဟန်ဝင်းအောင် က Hot News မှ သတင်းထောက်မေးမြန်းမှုကို ဖြေ ဆိုပေးခဲ့သည်။
... www.MyanmarExpress.net

11 comments:
ယဉ် ကျေး လိမ္မာ လို့ စ ခန်း တွေ ကို ရုပ် သိမ်း တာ တဲ့ ဟုတ် လား။ အ ခြေ အ နေ မ ကောင်း လို့ မဟုတ် ဘူး လား။ အဲဒီ ရွာ သား တွေ က လွဲ လို့ ကျန် တဲ့ သူ တွေ က ဦး နှောက် မ ရှိ တဲ့သူ တွေ မ ဟုတ် ဘူး။ဦး နှောက် မ ရှိ တဲ့ သူ တွေ ကို ပဲ ခိုင်း စား။
Han Win Kyaung is a 109-110?
ထောင် ထဲ မှာ ဘဲ နေ ပါ ဟန် ဝင်း အောင် ။ခွာ သေး သေးနဲ့ ခြေရာ မ တိုင်း ခြင် ပါ နဲ့ ။
ဘာအလုပ်မှ လုပ်စားစရာမရှိတော့ ဘူးလား၊ တိုင်းပြည်ကိုဘဲ ဆူပူအောင်လုပ်တတ်တာလား
ဟန်ဝင်းအောင် ဖြေကြည့်ပါ......
၂၀၁၃ မတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီကျော်လောက်က သပိတ်စခန်းတွေကို ရဲတွေဝင်စီးနေပါပြီ၊ ဒေါ်စုစကား နားမထောင်လို့  ရိုက်တာလို့ ပြောပြီး ရိုက်နှက်နေပါပြီ ဆိုပြီး သတင်းသမားတွေကို ခေါ်တာတွေ၊ အွန်လိုင်းပေါ်တင်တာတွေ နောက် ဆည်းတည်းရွာမှာ သတင်းသမားတွေနဲ့  လူထုကို ရန်တိုက်ပေးတာတွေကို ဘယ်လိုဖြေမလဲ......
ဒါဖြင့် မင်းကကော တွေ့ဖို့ မကြိုးစားဘူးလား။ ခင်ဗျားတို့ မေးနိုင်ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ ပထမဦးဆုံးဖြစ်စဉ်မှာ အန်တီလာတာက ရန်ကုန်ကလူတွေနဲ့ တွေ့ဖို့မဟုတ်ဘူး။ ဒေသခံတွေနဲ့ တွေ့ဖို့လာတာ ဆိုတဲ့စကား ရှိပြီးသားဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူလူထုအတွက်၊ ဒေသခံတွေရှင်းပြဖို့က အဓိကဖြစ်တယ်လို့ ဆိုတယ်.... ဗထူးကိုပြောတဲ့ စကားကြောင့် ဆိုပြီး လုံးမချပါနဲ့ ..... ဗထူးနဲ့ တွေ့ တာ ၁၄ ရက်နေ့  မနက်မှ တွေ့ တာပါ..... အဲ့ဒါကိုကော ဘယ်လိုရှင်းမလဲ.....
ABSDF ကတော့ မပြောလိုဘူး....... လက်ရှောင်တယ်..... မနေနိုင် သူ့ဟာသူ ရှင်းလိမ့်မယ်..... လူ့ဘောင်သစ်က မိုးသီးဇွန်ရဲ့ အဖွဲ့ဟောင်း...... ဒါဆိုရင် မိုးသီးဇွန်နဲ့ အဆက်အသွယ် မရှိပါဘူး ဆိုပီး ဗျောင်လိမ်တယ်.....
နောက် လူ့ဘောင်သစ်ကနေ လှူတဲ့ အလှူငွေ ရတဲ့ဟာက မိုးသီးဇွန်နဲ့ ကင်းတယ်လို့ ရဲရဲတင်းတင်း ဖြေရဲသလား........
၁၃ ရက်နေ့ ၁၄ ရက်နေ့က ကိစ္စတွေမှာ မသွဲ့ သွဲ့ ဝင်း မပါလို့ ဟန်ဝင်းအောင် ဝှက်မှေးရွာထဲ ဝင်သောင်းကျန်းတဲ့ ကိစ္စကိုကော ဘယ်လိုဖြေရှင်းမလဲ.....
လူတွေကို သွေးမဆူဆူအောင်လုပ်တာ၊ သွေးဆူနေတဲ့ လူတွေကို ကိုယ့်ဟာကိုယ် နိုင်အောင်မထိမ်းတာ၊ ဝမ်ပေါင်ရုံးရှေ့ မှာ ဟန်ဝင်းအောင် တပည့်တွေ မူးပြီး အော်တာ၊ ဆဲတာ ဆိုတာတွေကို ဘယ်လိုဖြေရှင်းမလဲ.......
ဟန်ဝင်းအောင် ဖြေကြည့်ပါ...... နိုင်ငံရေးအရ နာမည်သေဖို့ ဖြစ်လာလို့ ပြန်အဖတ်ဆယ်ဖို့ ကြိုးစားပေးမယ့် ခင်ဗျား လုပ်ခဲ့တာတွေက သမိုင်းတွေ ဖြစ်နေပြီ..... အခုမှ ဘွာတေး ခတ်လို့ မရတာကို ဘယ်လိုဖြေရှင်းမလဲ.........
James Mint
19-3-13
http://www.myanmarexpress.net/2013/03/aapp-absdf.html
လက်ပံတောင်းကိစ္စတွင် AAPP, လူ့ဘောင်သစ်၊ ABSDF၊ မိုးသီးဇွန်၊ ဒေါက်တာနိုင်အောင် တို့ ရှိနေကြောင်း ဟန်ဝင်းအောင် ၀န်ခံ
Monday, March 18, 2013
Myanmar Express Group
၂၀၁၃ မတ်လ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မုံရွာသပိတ်စခန်းကို လာတာ ဆိုတော့ ကျွန်တော်က ရန်ကုန်က ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအဖွဲ့ချုပ်က လူတွေရယ်၊ လူဘောင်သစ်ဒီမိုကရက်တစ် ပါတီဟောင်း တွေရယ်၊ ABSDF ရဲဘော်ဟောင်း ကိုရဲလင်းတို့နဲ့ တစ်နေရာမှာ အစည်းအဝေးလုပ်နေတယ်။
**************************************************
(((ကဲ AAPP , လူ့ဘောင်သစ်၊ ABSDF ဒါတွေက ဟန်ဝင်းအောာင်နဲ့ အစည်းအဝေးလုပ်နေတယ် လို့ပြောတယ်။ ကိုင်း ဒါဆိုရင် ရှင်းပြီပေါ့။)))
**************************************************
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအလိုမရှိ၊ စုံးစမ်းစစ်ဆေးရေး ကော်မရှင် အဖြေအလိုမရှိဆိုပြီး ဆန္ဒပြပွဲ ဖြစ်သွားတယ်။ ကျွန်တော်နဲ့လည်း မဆိုင်ဘူး။
**************************************************
(((အွန်လိုင်းမှာ တင်ထားတဲ့ အသံဖိုင် ပြန်ပြီး နားထောင်ဖို့ လိုလိမ့်မယ်... ဟန်ဝင်းအောင်ရေ...ဗြောင်လိမ်ဗြောင်စား ဆိုတာ ထင်ရှားသွာြး့ပီ..)))
**************************************************
ခင်ဗျားက ကျွန်တော့်ကို ညီအစ်ကိုလို ခင်လို့ ပိုက်ဆံပေးတာကိုတော့ လာ မပြောနဲ့လေဗျာ။
(ကိုဘိုကြည်) က မြန်မာပြည်ကို AAPP ကိစ္စနဲ့ လာတယ်။ ကျွန်တော်က နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ဖြစ်လို့ ရောဂါဖြစ်နေရင် အကျဉ်းသားတစ် ယောက်ကို အကူအညီပေးလို့ရတဲ့ ဆေးဖိုး ငါးသိန်း ပေးလို့ရတယ်လို့ ပြောတယ်။ ကျွန်တော် လက်မခံဘူး။
(ဒေါက်တာနိုင်အောင်) က ကျွန်တော့်ကို တစ်ခါတစ်လေ Online မှာတွေ့ရင် ညီလေးတော့ ဒီလိုမျိုး ဆောင်ရွက်နေတယ်။ ကိုယ်တို့လည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေတာဖြစ်လို့ ဘာအကူအညီ လိုပါသလဲ မေးတယ်။ ကျွန်တော် မလိုပါဘူး။ လက်လည်း မခံပါဘူး၊ သုံးကြိမ်တိတိ ကျွန်တော့်ကို ပြောတယ်။ လုံးဝ လက်မခံဘူး။
(မိုးသီးဇွန်) နဲ့ တစ်ခါမှ မဆုံဖူးဘူး။ Online ပေါ်မှာ တွေ့ဖူးတယ်။
ပြည်သူ့ လှုပ်ရှားမှု သပိတ်စခန်းကနေ တစ်သောင်းတောင်းလို့ ဆန္ဒထပ်မပြရင် ငါးထောင်စီတောင်းတာ ဒီမှာ အကုန်လုံး ရှိတယ်။ ရွာသားတွေကို မေးကြည့်ပါ။ ကျွန်တော် တရားဝင် အကူအညီတောင်းပြီး သပိတ်စခန်းဖြစ်နေတာ။ အလှူရှင်တွေရှိတယ်။ (ကိုဇော်ထွန်း) ပြည်တွင်းခရီးစဉ်လာ တုန်းက လာလှူသွားတာရှိတယ်။
(လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ) က ပြည်တွင်းကိုလာတုန်းက လာလှူသွားတာ ရှိတယ်။ တရားဝင်စာရင်းဇယား ရှိတယ်။
ရန်ကုန်မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတုန်းက ကျွန်တော် မြန်မာငွေ ငါးရာပဲ ကုန်တယ်။
လက်ပံတောင်းကို ၂ဝ၁၁ မေလမှာ စရောက်တယ်။
(((ဒါဆိုရင်တော့ ရှင်းပြီ ထင်ပါတယ်။ ၂၀၁၁ မေလကစပြီး ဟန်ဝင်းအောင် လက်ပံတောင်းကို ၀င်ပြီး မွှေနေတယ် ဆိုတာ)))
ကျွန်တော် လှုပ်ရှားမှုနဲ့ သွားလာမှုတွေက ဟိုတယ်ကြီး အခမ်းအနားကြီးတွေ လုပ်တာမဟုတ်ဘူး။ သာမန်ပြည် သူတွေလိုပဲ ငွေရေးကြေးရေး သုံးစွဲတယ်။
သူငယ်ချင်း တွေလည်း လူမှုရေးအရ ကူညီတာရှိတယ်။ မိသားစု ကလည်း ကူညီတယ်။ ဒီရွာလာတုန်းက သူငယ်ချင်း တစ်ယောက်က အသုံးစရိတ် မြန်မာငွေ သုံးသောင်း သုံးချင်တာ သုံးလို့ ပေးလိုက်တယ်။ အဲဒီစရိတ်နဲ့ လက်ပံတာင်းတောင်ကို ကားစီးလာတယ်။
**************************************************
(((စရိတ် ၃ သောင်းနဲ့ ရောက်လာတဲ့ ဟန်ဝင်းအောင်ဟာ အခုဆိုရင် iPad တွေ၊ လက်ပ်တော့တွေ၊ Sky Net တွေ၊ ဟန်းဖုန်းတွေနဲ့ Control Room ကြီး ဖြစ်အောင် လုပ်နိုင်လာတာဟာ ဘယ်ကမှ ငွေမရဘဲ လုပ်တယ် ဆိုတာ ဖြစ်နိုင်သလား.....ဟန်ဝင်းအောင် လိမ်နေပြီ !!!!)))
(((သူပြောတဲ့အထဲမှာ ခင်ဥမ္မာကို ဘာဖြစ်လို့ ချန်သွားရသလဲ....စဉ်းစား စရာပါ.....)))
**************************************************
ရွာသားတွေက အခြေအနေ လှမ်းပြောတယ်။ လုံထိန်းကား သုံးစီးပါတယ်။
လုံထိန်းတွေက ပါနေတဲ့အတွက် လုံထိန်းတွေကို ရွာထဲ အဝင်မခံတာ။ ရွာလမ်းကြောင်းတွေကို သိပြီး နောက်တစ်ခါကျရင် လုံထိန်းတွေက ဒီရွာကို လာဖြိုရင် လုံထိန်း လမ်းကြောင်း သိနိုင်တယ်။
ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း မလျှောက်ခြင်း တစ်ခုမှ မပါပါဘူး။ လုံထိန်းတပ်ဖွဲ့တွေ ရွာထဲ အဝင်မခံနိုင်ဘူး။ ထောက်လှမ်းရေးတွေ အဝင် မခံနိုင်ဘူး။
**************************************************
(((ကဲ ... ဒီမှာ ရှင်းနေပါပြီ....တယ်လီဖုန်းတွေနဲ့ ကွပ်ကဲညွှန်ကြားနေတဲ့ ဟန်ဝင်းအောင်ဟာ ရွာထဲက လူတွေနဲ့ Real time Communication ရနေတာနော်။ ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း မလျှောက်ခြင်း တစ်ခုမှ မပါပါဘူး....... တဲ့ ဟန်ဝင်းအောင် ပြောထားတာ... ဆိုတော့ ဒေါ်စုကို လမ်းလျှောက်ခိုင်တာက ဘယ်သူ့ကြောင့်လဲ ဆိုတာ ရှင်းနေတယ်)))
**************************************************
(((နောက် ရှင်းနေတာက ဟန်ဝင်းအောင်ဟာ သတ္တိ မရှိဘူး...... အမျိုးမျိုး လှီးလွှဲ ပြောနေပေမယ့် ရှေ့-နောက် မညီဘူး........ စကားထဲကပဲ ဇာတိတွေ ပြနေပြီ။)))
ပလေတို ဒီမို
MyanmarExpress
ဟန်ဝင်းအောင်ေ၇ာ ဟန်ဝင်းအောင်ကို လက်ပတောင်းမှာဆူပူဖို့ အစီအစဉ်ချပေးပီး ပိုက်ဆံပေးပီး ကြိုးကိုင်နေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားကောင် ABSDFလူသတ်ကောင် နိုင်အောင်ေ၇ာ သတ္တိမရှိဘူး
ဟန်ဝင်းအောင်ေ၇ာ ABSDFလူသတ်ကောင် နိုင်အောင်ေ၇ာ အမျိုးမျိုး လှီးလွှဲ ပြောနေပေမယ့် ရှေ့-နောက် မညီဘူး စကားထဲကပဲ ဇာတိတွေ ပြနေတယ်
နိုင်အောင်က အမြဲတန်းဗြောင်လိမ်ဗြောင်စားလုပ်နေတာဘဲ့ နိုင်အောင်က ပြည့်တန်ဆာမလောက်တောင်အ၇ှက်မ၇ှိပဲဗြောင်လိမ်နေတာ နိုင်အောင်စကားကို ပြည့်တန်ဆာမစကားလောက်တောင်အလေးအနက်ထားလို့မ၇ဘူး
မြောက်ပိုင်းABSDFမှာ လူသတ်မှု ဖြစ်ပီးစ နိုင်အောင် ကိုယ်တိုင်လက်မှတ်ထိုးပီး စာထုတ်ခဲ့တာဘဲ့ အဲ့ဒီ ၁၉၉၂ မေလ ၃၁ ၇က် နေ့စွဲပါ နိုင်အောင် ၇ဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ မြောက်ပိုင်းABSDFမှာအစိုး၇ထောက်လှမ်းေ၇း(၁၅)ယောက်ကိုသတ်ခဲ့ခြင်းသည် မှန်ကန်ပါသည် ထိုကိစ္စအတွက်ကျနော်တာဝန်ယူပါသည် လို့ နိုင်အောင်ေ၇းထားတာဘဲ့
၂၀၁၂ မှာ မြောက်ပိုင်းABSDFမှာ ဖက်ဆစ်ဂျပန်ထက်ဆိုးတဲ့နည်းပေါင်းစုံနဲ့ နှိပ်စက်ခံခဲ့၇ပီးထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ အေဘီဟောင်းတွေက နိုင်အောင် ကိုတ၇ားစွဲတော့မယ်ဆိုတဲ့အသံတွေဆူညံလာတော့ နိုင်အောင် ဗြောင်လိမ်တော့တာဘဲ့ ၂ဝ၁၂ မတ်လ ၂၅ ၇က် နေ့စွဲနဲ့ထုတ်တဲ့ နိုင်အောင် ၇ှင်းလင်းချက်မှာ မြောက်ပိုင်းABSDFသတ်ဖြတ်မှုတွေကို ဖြစ်ပီးမှကျနော်သိ၇တာပါ ဆိုပီး နိုင်အောင် ကဗြောင်လိမ်ထားတယ်
အခုလဲ လူမှု ကွန်ယက်တွေမှာပျံ့နှံ့နေတဲ့ လက်ပံတောင်းဆန္ဒပြမှုတွေကိုဦးဆောင်နေသည့် မသွဲ့သွဲ့ဝင်း ၇ဲ့အနောက်မှာ မိုးသီးဇွန်၊ နိုင်အောင်နှင့် ခင်ဥမ္မာတို့ ရှိနေတယ် ဆိုတဲ့သတင်းဟာမဟုတ်ပါဘူးလို့ နိုင်အောင် က ဗြောင်လိမ်နေပြန်ပီ
သွဲ့သွဲ့ဝင်းကို ချင်းမိုင်မှာ အမျိုးသမီးနှီးနှောဖလှယ်ပွဲတက်ဖို့ နိုင်အောင် ခင်ဥမ္မာ လင်မယားက ခေါ်လိုက်ပီး အခု တစ်ပြည်လုံးကဒီအကြောင်းကိုသိသွားမှ နိုင်အောင်က ဗြောင်လိမ်နေတာ မသွဲ့သွဲ့ဝင်းတို့ ဆိုတာနဲ့ သိလည်း မသိဘူး၊ မြင်လည်းမမြင်ဖူးဘူး၊ အဆက်အသွယ်လည်းမရှိပါဘူး၊ အဲဒီလို မသွဲ့သွဲ့ဝင်း ချင်းမိုင်မှာ အမျိုးသမီးနှီးနှောဖလှယ်ပွဲလာသွားမှန်းတောင် ကျွန်တော်တို့မသိလိုက်ရဘူး ဆိုပီး နိုင်အောင် က ဗြောင်လိမ်နေတာ
ဟန်ဝင်းအောင် စကားထဲကပဲ ဇာတိတွေ ပြနေပီ ဟန်ဝင်းအောင် ငြင်းနေတဲ့စကားထဲကပဲ ပေါ်နေပီ ဒေါက်တာနိုင်အောင်က ဟန်ဝင်းအောင်ကိုပိုက်ဆံပေးတာ ထင်၇ှားနေပီ
ဟန်ဝင်းအောင်က ABSDFလူသတ်တ၇ားခံ နိုင်အောင် ခင်ဥမ္မာ ဒီမိုလုပ်စားလင်မယားဆီကပိုက်ဆံမယူဘူးဆိုပီးငြင်းထားတဲ့စကားတွေက ပိုက်ဆံယူပါတယ်ဆိုပီး ဝန်ခံပီးသားဖြစ်နေတာလေး အေးဆေးပြန်ဖတ်ကြည့်ကြပါအုံး
ဟန်ဝင်းအောင် - ကျွန်တော့်ကို ညီအစ်ကိုလို ခင်လို့ ပိုက်ဆံပေးတာကိုတော့ လာ မပြောနဲ့လေဗျာ။
ဟန်ဝင်းအောင် - ဒေါက်တာနိုင်အောင်က ကျွန်တော့်ကို တစ်ခါတစ်လေ Online မှာတွေ့ရင် ညီလေးတော့ ဒီလိုမျိုး ဆောင်ရွက်နေတယ်။ ကိုယ်တို့လည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေတာဖြစ်လို့ ဘာအကူအညီ လိုပါသလဲ မေးတယ်။ ကျွန်တော် မလိုပါဘူး။ လက်လည်း မခံပါဘူး၊ သုံးကြိမ်တိတိ ကျွန်တော့်ကို ပြောတယ်။ လုံးဝ လက်မခံဘူး။
နိုင်အောင်လို လူသတ်ကောင်နဲ့ပေါင်းနေမှတော့ ဟန်ဝင်းအောင်က ကောင်းတဲ့ကောင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်