Subscribe to our RSS Feed

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေအတွင်း ကျေးရွာများသို့ မြေယာ လျော်ကြေး များ ပေးအပ်လျက်ရှိ

From : .မြဝတီ

နေပြည်တော် မတ် ၁၈
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက ဖွဲ့စည်း တာဝန် ပေးအပ်ထားသော၊ သိမ်းဆည်း မြေယာများ စိစစ်ရေး အဖွဲ့၊ သဘာဝပ တ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှု စီးပွားဆိုင်ရာ  အကောင် အထည်ဖော် ဆောင်ရွက်ရေး အဖွဲ့၊ သာသနိက အဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်း အဖွဲ့များသည် လက်ပံတောင်းတောင် စီမံကိန်း နယ်မြေနှင့် ကျေးရွာ များသို့ ဆောင်ရွက်ပေးရန် တို့ကို ကွင်းဆင်း လေ့လာ ဆောင်ရွက်လျက် ရှိပြီး သိမ်းဆည်း မြေယာများ စိစစ်ရေး အဖွဲ့အနေဖြင့် မတ် ၁၇ ရက်က ဖောင်းကတာနှင့် ရွာရှည် ကျေးရွာ အုပ်စုမှ တောင်သူ ၁၁၁ ဦးအား မြေယာ လျော်ကြေးငွေကျပ် ၃၃၅၁ သိန်း ကျော်ထပ်မံ ပေးအပ် ခဲ့သဖြင့် မတ် ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက် အတွင်း စုစုပေါင်း တောင်သူ  ၁၆၃ ဦးအား မြေယာ လျော်ကြေးငွေ ကျပ် ၅၅၉၈ သိန်းကျော် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။
... www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်