Subscribe to our RSS Feed

KIA မှ မလိခမြစ် အနောက်ဘက်ကမ်းရှိ ရွာများမှာ တစ်အိမ်ထောင်လျှင် ဆန်(၁၀)ပြည်တောင်းခံ

From : .http://www.kachindailynews.com/2013/03/kia_3257.html

KIA တပ်ဖွဲ့များဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလအတွင်း ၎င်းတို့တပ်ဖွဲ့များကို လူသစ် စုဆောင်း အင်အားဖြည့်ခြင်းနဲ့ ရိက္ခာဖြည့်တင်းတာတွေ ပြုလုပ်နေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေ ပေမယ့် အကြောင်း တစ်ခုခုကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ရင် ခုခံကာကွယ်နိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်နေကြတယ် လို့ သိရပါတယ်။ အခုရက်ပိုင်းတွေမှာ တစ်အိမ်ကို ဆန် ၁၀ ပြည်ပေးဖို့ တောင်းထား တာ ရှိတယ်လို့ မလိခမြစ် အနောက်ဘက်ကမ်းက ဆွမ်ပီယန်ရွာမှ ရွာသားတစ်ဦးက ပြောပါတယ်။ 

" အခုရက်ပိုင်း KIA တပ်က လူတွေရောက်လာတယ်၊ တပ်မဟာ(၁)၊ တပ်ရင်း(၇)က လို့ ပြောကြတာပဲ၊ ကျနော် တို့ရွာတွေကို လာပြီး တစ်အိမ်ထောင်ကို ဆန် ၁၀ ပြည်ပေးဖို့ တောင်းနေတယ်။ အခုလ(၃) ရက်နေ့ နောက်ဆုံး ထားပြီး ပေးရမယ်တဲ့ ဆန်ပေးစရာမရှိရင် ငွေပေးရမယ်လို့လဲ ပြောတယ် " ဟု ရွာသားတစ်ဦးမှ ပြောပါတယ်။
KIA တပ်တွေအနေနဲ့ ရိက္ခာဖြည့်တာတွေအပြင် သူတို့ တပ်စခန်းတွေကိုလဲ မွမ်းမံပြင်ဆင်ဖို့ ခေါ်ခိုင်း တာတွေ ရှိတယ်လို့ သိရပါတယ်။ ရွာသားတွေကတော့ အရင်စစ်ပွဲတွေကြောင့် အစားအစာ ရှားပါးပြီး  ကျန်းမာရေး ချို့တဲ့နေကြတာကြောင့် KIA က တောင်းတဲ့ ဆန် (၁၀)ပြည် ပေးဖို့ တော်တော်လေး အခက်အခဲ ဖြစ်နေကြ တယ်လို့ သိရပါတယ်။..

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်