Subscribe to our RSS Feed

KIA တပ်ဖွဲ့မှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်နေစဉ်အတွင်း တပ်စခန်းများအား ပြင်ဆင်

From :http://www.kachindailynews.com/2013/02/kia_6755.html

KIA တပ်ဖွဲ့မှ အစိုးရ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေစဉ်အတွင်းမှာ ၎င်းတို့၏တပ်စခန်းများကို ပိုမိုခိုင်မာအောင် ပြင်ဆင်နေကြောင်းသိရိရပါသည်။ KIA တပ်ဖွဲ့များအနေဖြင့် အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ဆွေးနွေးမှုအဆင်မပြေ ပါကတိုက်ပွဲများပြန်လည် ဖြစ်ပွား လာချိန်တွင် ခုခံတိုက်ခိုက်နိုင်ရန် စခန်းများအား ခံစစ်ပိုမိုကောင်းမွန်စေရန် ပြင်ဆင်ခိုင်းမှုများရှိကြောင်း စခန်းပြင်ဆင်ရာတွင် လုပ်အားပေးခိုင်းခံရသူတစ်ဦးထံမှ သိရပါသည်။ 

ဝဘော်စခန်းမှာ KIA တပ်ရင်း(၁)မှ တပ်ရင်းမှူးလို့တော့ပြောတာဘဲ သူရောက်လာပြီး KIA တပ်သား များကို မှာနေတယ်။ “ ငါတို့စခန်းတွေကို ခံစစ်ပိုမိုကောင်းမွန်အောင်လုပ်ထား၊ အခု ထက်ကောင်း အောင် ပြင်ဆင်ထား ရမယ်။။ ငါတို့အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်မပြေရင် အရင်ကလို အစိုးရတပ်နဲ့ ပြန်တိုက်ရမှာ၊ အဲဒီအခါ အစိုးရတပ်ဝင်လာရင် ငါတို့က နိုင်အောင် ခံတိုက်ရမှာ၊ အခုလိုငြိမ်းချမ်းရေး ဆွေးနွေးနေတုန်း အချိန်ရတုန်းမှာ သေသေချာချာ ပြင်ဆင်ထား၊ အချိန်ကို အကျိုးရှိရှိသုံး” စသဖြင့် ပြောသွား သည်ဟု သိရပါသည်။
KIA တပ်ဖွဲ့အနေနဲ့ မိုင်များဆက်လက်ထောင်နေမှု၊ လူသစ်များစုဆောင်းနေမှု၊ အစိုးရတပ်များကို ချောင်းမြောင်းသတ်ဖြတ်မှုနှင့် စခန်းပြင်ဆင်နေမှုများမှာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှု မရှိဘူးဆိုတာ ပေါ်လွင်နေကြောင်း KIA တပ်ဖွဲ့အနေနဲ့ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးကောင်းစားရေးကို အလေးမထားဘဲ ၄င်းတို့ အာဏာရရေး၊ စီးပွားရေးကိုသာ အဓိကထားနေသည်ဟု ဒေသခံများက ပြောနေ ကြပါသည်။
 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်