Subscribe to our RSS Feed

KIO နယ်မြေရှိ ကျောင်းများ ဧပြီ ၁ ရက်နေ့မှ ၁၀ တန်းဖြေမည်

From : .mizzima

ချင်းမိုင်(မဇ္စျိမ)။   ။ မြန်မာနိုင်ငံ တဝှမ်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ယနေ့ မတ်လ ၁၃ ရက်နေ့တွင် စတင်
 ဖြေဆိုနေပြီ ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေများမှ ၁၀ တန်း ကျောင်းသူ/သားများ
အတွက်မူ လာမည့် ဧပြီလ ၁ ရက်နေ့မှ ဖြေဆိုကြမည် ဖြစ်သည်။

မကြာသေးမီက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ကျောင်းစာသင်ရက်များ ပျက်ခဲ့ရပြီး သင်ရိုးကုန်ရန် အချိန်
နောက်ကျခဲ့၍ စာမေးပွဲလည်း နောက်ကျ စစ်ရကြောင်း KIO ပညာရေးဌာနမှ အထွေထွေ အတွင်းရေးမှူးက မဇ္စျိမကို ပြောသည်။

“တိုက်ပွဲတွေ ပြင်းထန်တယ်။ လိုင်ဇာအနားမှာ အစိုးရဘက်က လက်နက်ကြီးတွေ နေရော ညပါ ပစ်နေတော့ ကျောင်း
တွေ တပတ်ကျော် ပိတ်လိုက်ရတယ်။ လက်နက်ကြီးတွေ ကျမှာစိုးလို့ သတိနဲ့ စာသင်ရတော့ သင်ခန်းစာတွေ
နောက်ကျသွားတယ်။ သင်ခန်းစာ ကုန်အောင် သင်ကြားပေးနေလို့ပဲ တခြားတော့ မရှိဘူး” ဟု ဆရာကြီး ဖောင်းဂါ
ရော်ဆော် က ပြောသည်။

လိုင်ဇာ၊ မိုင်ဂျာယန်၊ အင်ဂွမ်လ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသား အားလုံးက ၂၀၀ ဦးကျော် ရှိကြောင်း သိရသည်။

၎င်းတို့အတွက် ၂၀၁၂-၂၀၁၃ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို KIO ၏ ပညာရေးဌာနမှ ဘုတ်
အဖွဲ့ ဖွဲ့စည်း၍ မေးခွန်းများထုတ်ကာ စာမေးပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့မှာ စတင် ဖြေဆိုမည် ဖြစ်ကြောင်း ဆရာကြီး ဖောင်းဂါ ရော်ဆော် က ဆက်ပြောသည်။

“ကျနော်တို့ ကျောင်းသားတွေက လိုင်ဇာ၊ မိုင်ဂျာယန်၊ အင်ဂွမ်လတို့မှာ ခွဲပြီး ဖြေရမယ်။ အရင်နှစ်တွေက အစိုးရ
ကျောင်းတက်ပြီး ဖြေခိုင်းတာ။ ခုတော့ သူတို့ အစိုးရဘက်က လာပါလို့လည်း မပြောဘူး။ မလာနဲ့ လို့လည်း မပြောဘူး
ဆိုတော့ ကျနော်တို့ဘက်က မသွားတော့ဘူး” ဟု ဆိုသည်။

အစိုးရနှင့် KIO တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ်မှ စ၍ ၂၀၁၁-၂၀၁၂ ခု ပညာသင်နှစ်က KIO နယ်မြေအတွင်း
ရှိ ၁၀ တန်းကျောင်းသူ/သားများ အစိုးရကျောင်းများနှင့် ပူးတွဲ၍ စာမေးပွဲ ဖြေဆိုခွင့် မရတော့၍ KIO က ကိုယ့်နည်း
ကိုယ့်ဟန်ဖြင့် စာမေးပွဲ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲပြီးနောက် ပူးတွဲပညာသင်ကြားခွင့်ပေးသည့် အစီအစဉ်အရ KIO နယ်မြေရှိ ၁၀ တန်း ကျောင်းသူ/သားများကို နှစ်စဉ် စက်တင်ဘာလတွင် မြစ်ကြီးနားမြို့၌ ဘော်ဒါဆောင်အဖြစ် သီးသန့်နေထိုင်ပြီး အထက(၁) ကျောင်းတွင် တက်ရောက်၍ စာမေးပွဲ ဖြေဆိုခွင့်ပေးခဲ့သည်။

သို့သော် ၂၀၁၁ ခုနှစ်မှစတင်၍ အစိုးရဘက်မှ စာမေးပွဲ လာရောက်ဖြေဆိုရန် ပြောဆိုခြင်း မရှိသလို KIO ဘက်မှ
လည်း လုံခြုံရေး စိုးရိမ်၍ ထိုအစီအစဉ် ရပ်ဆိုင်းသွားခဲ့သည်ဟု ဆိုသည်။

ယမန်နှစ် စာမေးပွဲအောင်မြင်သူ ၅၅ ဦး ရှိပြီး မြို့ပေါ်တွင် နေထိုင်နေသော တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူ
များနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ ၁၀ တန်းစာမေးပွဲ အောင်မြင်သူများ စုစုပေါင်း ကျောင်းသူ ကျောင်းသား ၃၀၀ ခန့်ရှိပြီး ၎င်းတို့ကို KIO အတွင်း ဆေးကျောင်း၊ ဆရာအတတ်သင်ကျောင်း၊ ဗိုလ်လောင်းကျောင်းနှင့် တရုတ်နိုင်ငံ မန်ရှိ တက္ကသိုလ်ကျောင်း၊ တရုတ်စာသင်ကြားခြင်း စသည့် နေရာများတွင် တက်ရောက် နေကြသည်ဟု
 ပြောသည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများအတွက် မိုင်ဂျာယန်တွင် တက္ကသိုလ်တခု ဖွင့်လှစ်ရန် စီစဉ်
နေပြီဟု ဆရာကြီး ရော်ဆော် က ပြောဆိုသည်။ 

3 comments:

ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိတ်ခါကျပါတယ်ဗျာ

တရုတ်မှာ ပညာဆက်သင်မယ် ပြောတာ ကိုက ဂမ်ရှောင်က တရုတ်အာကိုးတာ သိသာလိုက်တာ
နောက်ပြီး April fool မှာ စစ်သောစာမေးပွဲ က တော့ အရူး စာမေးပွဲ ပေါ့ ဟိဟိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်