Subscribe to our RSS Feed

အထက်မြန်မာပြည် ဟောပြောပွဲ ခရီးစဉ် (၁)

From : .. နောင်တော်လေး (MNN)


          ဟောပြောပွဲခရီးစဉ်အဖြစ် ယခုတစ်ကြိမ် အမျိုးစောင့်ဥပဒေ ထောက်ခံဆွေးနွေးခြင်း နှင့် အမျိုးသားရေး အသိပညာပေး ဟောပြောပွဲတွေအတွက် ခရီးတစ်ပတ် ထွက်ခဲ့ကြပါတယ်။ ထုံးဘိုမြို့ကနေ ခရီးစတင်ပါတယ်။ ဒီခရီးစဉ်မှာ မျှော်လင့်မထားတဲ့ သင်ခန်းစာလေးတွေ ရခဲ့တယ်။ နောက်ပွဲတွေအတွက် ကျွန်တော်တို့ သတိထား ထားဖို့ အသိပေးလိုက်သလိုဖြစ်သွားတယ်။ ဒီတစ်ခေါက်ခရီးစဉ်မှာတော့ ကျွန်တော်တို့ရဲ့ အကိုကြီး ကိုရင် လူထွက် ငပိချက် လိုက်ပါနိုင်ခြင်းမရှိသလို ကျန်သူတွေလည်း အလုပ်တစ်ဖက်ကြောင့် မလိုက်နိုင်ကြပါဘူး။ ဦးနေမျိုးဝေ ၊ ကိုသီရိ ၊ မျိုးချစ် ၊ ကိုရန်ကုန် ၊ ကိုသက် ၊ မွန်မင်းသမီး လေးတို့ ပါကြပါတယ်။

          ထုံးဘိုမှာမြို့ပေါ်မှာ ကျင်းပတဲ့ဟောပြောပွဲမဟုတ်ဘဲ မြောင်ကျေးရွာမှာ ကုလားလက်အတွင်း လယ်မြေ ရောက်းချလိုက်တဲ့ ပြဿနာကို အခြေခံပြီး ကျင်းပတဲ့ဟောပြောပွဲပါ။ ဒီပွဲမှာမှ ဒေသခံ ရွာသားတွေကို အသိပညာ ပေးအနေနဲ့ ဟောပြောပေးဖို့ ဆရာတော် ဦးပညာသီရိက ဖိတ်ကြားတာမှန်ပေသည့် အတို့အထောင် တွေကြောင့် ဆရာတော်တစ်ပါးက ကျွန်တော်တို့ကို နှိပ်ကွပ်သွားပါသေးတယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့ ရှင်းလင်းပြသတဲ့အပေါ်မှာ ဒေသခံရွာသားတွေက လက်ခံပါတယ်။ ဆရာတော်ရဲ့ သြ၀ါဒကို လည်း ဘယ်တော့မှ ကဏ္ဍကောဇ မလုပ်ပါဘူး။ ကုလားဝမ်းသာမယ့် အဖြစ်မျိုးရောက်အောင် တစ်ဖက်က တွန်းထိုးပေးလာတာတောင် ကျွန်တော်တို့က ခွန်းတုံ့မပြန်ခဲ့ပါဘူး။


          ဒီနားမှာတော့ ပညာရစေမယ့် စကားလေးတစ်ခွန်း ပြောပါရစေ။ ကျွန်တော်တို့ မြောင်ရွာမှာ ဟောပြော ပွဲပြီးလို့ ထုံးဘိုပြန်မယ်လုပ်တော့ မြောင်ကျေးရွာက ဆရာတော်ဘုရားကြီးက ဘုန်းကြီးကျောင်းကို ၀င်ကြပါအုံး ဆိုလို့ ၀င်ခဲ့ကြတယ်။ ဆရာတော်ကြီးရဲ့ သြ၀ါဒဟာ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်မယ့် ကိစ္စတွေမှာ တန်ဖိုးမဖြတ်နိုင်အောင် အကျိုးကျေးဇူးကြီးမားပါတယ်။ ဆရာတော်ကြီးက အင်္ဂုတ္ထိုပါဠိတော်ထဲက ထုတ်နှုတ်ပြီး ကျွန်တော်တို့ကို သြ၀ါဒပေးသွားတာပါ။ ဆရာတော်ကြီးရဲ့ သြ၀ါဒမှာ“ဗုဒ္ဓဘာသာဟာ ကောင်းမွန်မြင့်မြတ် တယ်လို့ ကမ္ဘာက လက်ခံပြီးသားပါ။ အခုဗုဒ္ဓဘာသာဝင်တွေ အဖြစ်ဆိုးအမျိုးမျိုးနဲ့ ကြုံတွေ့လာရတယ်။ ဒါဟာ တရားပျက်လာကြလို့ပဲ။ တစ်ချိန်မှာ ဗုဒ္ဓသာသနာဟာ ကမ္ဘာကို ပြန့်လိမ့်အုံးမယ်။ သာသနာကွယ်ချိန်ရောက် ရင်လည်း ကွယ်မှာပဲ။” လို့ မိန့်ပါတယ်။ ကျွန်တော်တို့က ယနေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လျှောက် ထားတယ်။ ဆရာတော်ကြီးက ဘုရားရဲ့ ဂုဏ်ကျေးဇူးကို မမေ့ဖို့ သြ၀ါဒပေးပါတယ်။ 


ဇာတ်တော်တွေထဲမှာ ပြဆိုထားတယ်။ ရှေးယခင်တုန်းက စစ်တိုက်တဲ့အခါမှာ ဆင်တွေကို အဓိက သုံးရတယ်။ ဆင်တွေနဲ့ စစ်ချီတဲ့ အခါမှာ မြို့ရိုးတံခါးတွေကို ဆင်တွေက ရိုက်ချိုးဖျက်ဆီးပြီး တိုက်ခိုက်ရတာမျိုးရှိတယ်။ ဆင်တွေက သူတို့ရဲ့ အင်္ဂါ အသီးအသီးနဲ့ တိုက်ခိုက်တယ်။ အစွယ်နဲ့ ထိုးသလို နားရွက်နဲ့လည်း တိုက်ခိုက်တယ်။ ခြေတွေ လက်တွေ ကလည်း တိုက်ခိုက်တယ်။ ဒါပေမယ့် ဆင်ဦးစီးက သိတယ်။ သူ့ဆင် နှာမောင်းဖွက်ပြီး တိုက်နေသ၍ အသက် စွန့်ပြီး မတိုက်သေးဘူး။ နှာမောင်းနဲ့ပါ တိုက်ခိုက်လာပြီဆိုရင်တော့ အဲဒီဆင်ဟာ အသက်စွန့်ပြီး တိုက်နေပြီ လို့ ပြောပြတယ်။ ကျွန်တော်တို့တွေ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အလုပ်လုပ်ကြရာမှာ ဆင်တွေကဲ့သို့ နှာမောင်းဖွက်ထားသေးလား။ ဒါဆိုရင်တော့ အသက်စွန့်ပြီး တိုက်တယ်လို့ မဆိုနိုင်သေးဘူးပေါ့ဗျာ။ 

ဆရာတော်ကြီးရဲ့ နောက်ဆုံး သြ၀ါဒကိုတော့ ကျွန်တော် ရာသက်ပန် လက်ကိုင်သုံးစွဲသွားမှာပါ။ မုသားမပါ စေနဲ့ ၊ မုသားစကားကို ရှောင်ပါ၊ သစ္စာမပျက်စေနဲ့ ဆိုတာက ဆရာတော်ကြီးရဲ့ နောက်ဆုံး သြ၀ါဒပါ။ ကျွန်တော်တို့ အမျိုးသားရေးအန္တရာယ်နဲ့ ပတ်သက်ပြီး လိုက်လံရှင်းလင်း ပြဆိုတဲ့အခါမှာ လုပ်ကြံဖန်တီးပြီး ပြဆိုတာ မရှိပါဘူး။ အမှန်တရားတွေကို ရှာဖွေဖော်ထုတ်ပြီးရှင်းလင်ပြပါတယ်။ ဆရာတော်ကြီး မိန့်ကြားတဲ့ အချိန်မှာ ထပ်တူကျဖြစ်နေတဲ့အတွက် ကျွန်တော်လုပ်နေတဲ့အလုပ်အပေါ် ပိုပြီး လေးစားမိပါတယ်။ ဒါဟာ ကိုယ်ရည်သွေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး တူညီစွာလုပ်ဆောင်နေကြတဲ့ အချက်ပါ။




ကျွန်တော်တို့ဘက်က မဟုတ်တန်းတရားတွေကို ထုတ်ပြမယ်ဆိုရင် ရန်သူနဲ့ ရင်မဆိုင်မီမှာပဲ ကျွန်တော်တို့ကို အစိုးရက အရေးယူထောင်ချပစ်လိုက်မှာပါ။ အဲဒီအန္တရာယ်ကို ကြိုတင်ကာကွယ်တားဆီးနည်းကတော့ ကျွန်တော်တို့ ပြောဆိုပြသနေတာတွေဟာ လုပ်ကြံဖန်တီးမှုတွေ မဟုတ်ဘူးဆိုတာပါပဲ။

ဒါကိုတော့ ခရီးစဉ်(၁)လို့ ခေါင်းစဉ်တပ်လိုက်ပရစေ။ ထုံးဘိုမြို့မှာ ကျွန်တော်တို့ တည်းခိုနေတဲ့ညမှ မီးတစ်ညလုံးပျက်တာကြောင့် စာမရေးနိုင်ခဲ့ပါဘူး။ ဒေသခံတွေရဲ့ ဆက်ဆံမှုဟာ အတိုင်းမသိ အဆင်ပြေပါ တယ်။ အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံဆောင်ရွက်ခဲ့ကြသလို ရင်းနှီးမှုအတိုင်းအတာကိုလည်း မြှင့်တင်နိုင်ခဲ့ ကြတဲ့အတွက် တစ်သွေးတည်း တစ်သားတည်းဖြစ်နေစေပါတယ်။



.. www.MyanmarExpress.net
 

1 comments:

NLD and other Marxists and Islamic instigators and their mouth piece media are sure to use all trickeries to distract and sabotage your noble mission.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်