Subscribe to our RSS Feed

ငလျင်သတင်း


ပြင်းအား ၆.၀ ရှိတဲ့ငလျင်တခု ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်အရှေ့မြောက် ၁၂၄ ကီလိုမီတာကို ဗဟိုပြုပြီး ဒေသစံတော်ချိန် ၆း၀၈နာရီက လှုပ်ခတ်သွားပြီး ငလျင်အရှိန်ကို ရှမ်းပြည်နယ် တာချီလိတ်၊ ရပ်စောက်၊ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်တို့ကိုပါ ရိုက်ခတ်သွားကြောင်း သတင်းရရှိပါတယ်။



အမေရိကန်ပြည်ထောင်စု ငလျင်တိုင်းထွာတွက်ချက်မှုအရ ထိုင်းမြောက်ပိုင်း ချင်းရိုင်မြို့ အနောက်တောင် အရပ်ရှိ မဲလောင်ဒေသအနီးတွင် ဗဟိုပြုပြီး ၆.၀ မဂ်နီကျူ ပြင်းထန်ပြီး ချင်းရိုင်နဲ့ အနီးတဝိုက်မှာ လမ်းနဲ့ အဆောက်အဦတချို့ ကွဲအက်မှုတွေဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။


 earthquake today က ဖော်ပြထားတဲ့ ဒီကနေ့ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ပတ်သက်တဲ့ ဖော်ပြချက်


ဒီအပြင် မြန်မာနိုင်ငံတွင်း တာချီလိတ်ခရိုင်နဲ့ တာလေ ဒေသမှာလည်း ပြင်ထန်တဲ့ ငလျင် လှုပ်ခတ်မှု ရှိခဲ့တယ်လို့ တာချီလိတ်မြို့ခံတွေက ပြောပြီး ငလျင်အတွက် စိုးရိမ်မှုတွေဖြစ်နေကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်နဲ့ အနီးတဝိုက်ဒေသတွေမှာလည်း အလားတူ ပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့တယ် လို့ ဒေသခံတွေက ပြောကြပြီး လူတွေလည်း စိုးရိမ်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ပတ်သက်ပြီး အပျက်အစီးတွေ ရှိတယ်၊ မရှိဘူး၊ ရှိရင်လည်း ဘယ်လောက်ရှိ တယ်ဆိုတာ အသေးစိပ် မသိရသေးပါဘူး။




 .. www.MyanmarExpress.net
 

2 comments:

I live in Mayangon Township closed to YIT I know nothing nor feel nothing about it. None of my family nor friends nor neighbor seem to know about it too.

လာ မည် မ ကြာ မှိ လူ သား တွေ က တည် ဆောက် ကြ ပြိး လူ သား တွေ ကြောင့်  ကမ္ဆာ ကြိး ပျက် စိး ပေ လိမ့် မည် ၂၀၂၆ ၂၀၃၅ ၂၀၄၄ ၂၀၅၃ ခု နှစ် များ မှ တ နှစ် နှစ် ကမ္ဘ္ဆာ ကြိး ပျက် စိး ပေ လိမ့် မည်

ပခက တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်