Subscribe to our RSS Feed

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍တိုင်ကြားပါက စုံစမ်းဖော်ထုတ်အရေးယူမည်

From : မြန်မာတိုင်းမ် အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသို့ လိပ်မူတိုင်ကြားပါက အရေးယူ စုံစမ်း ဖော်ထုတ်မည် ဖြစ်ကြောင်း အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေနှင့် အကျိုး ဆောင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေက ပြောသည်။ " corruption နဲ့ပတ်သက်ပြီး ပြည်သူ တစ်ယောက်က ကျွန်တော်တို့ဌာနကို တိုင်ကြားရင် အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ လိပ်စာ အနေနဲ့ "သို့ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ နေပြည်တော်" ဆိုရင် ရပါတယ်။ "တိုင်သူဘက်က မှန်ကန် ဖို့တော့ လိုတယ်။...

ပျက်စီးတာဝါတိုင်များ ပြုပြင်ပြီးစီးရန် အနည်းငယ်သာကျန်၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးအပြည့် ပြန်ပေးနိုင်တော့မည်

From : ခေတ်လူငယ် မေ ၁၈ ရက်နှင့် ၁၉ ရက်များက ဖောက်ခွဲဖျက်ဆီသူများကြောင့် ပျက်စီးသွားရသော ရွှေလီ-မန်စံ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၇ နှင့် ၂၀၈ တို့မှာ မေလကုန် ဇွန်လဆန်းပိုင်းတွင် ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင် ပြီးစီးတော့မည်ဖြစ်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားအပြည့် ပြန်လည်ဖြန့်ဝေပေးနိုင်တော့မည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၈နှင့် ၂၀၉ တို့မှာ ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင်...

Y-talk calling စနစ်ကို အင်တာနက်ဆိုင် အများစုမှာ အသုံးပြုလာ

From : MRTV4 လက်ရှိ အင်တာနက် ဆိုင်တွေ အများစုမှာ့ Y-talk calling စနစ်တွေ အသုံးပြုမှု ရှိလာတယ်လို့ VMG ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ယခင်က P-Fingo ကို အသုံးပြုကြ ပေမယ့် မေလမှ စတင်ကာ Y-talk ခေါ်ဆိုခတွေ လျော့ချပြီး နောက်ပိုင်း မှာတော့ အင်တာနက်ဆိုင် အများစုမှာ ယခင်ကထက် အသုံးပြုမှုတွေ ပိုများ လာတယ်လို့ သိရပါတယ်။ Y-talk calling စနစ် ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အပြင် အခြား နယ်မြို့တွေမှာ ခေါ်ဆို အသုံးပြု နိုင်တာ ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး တွေရှိ...

KIA ထောင်ထားသောမိုင်းကို နင်းမိသောကားအား KIA မှ မိုင်းဖိုးငွေပြန်တောင်း

From : ကိုစိုးကြည် မေ ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီ လောက်မှာ ပူတာအိုမှ မြစ်ကြီးနား သို့လာတဲ့ ကုန်တင်ယာဉ် ၂စီးဟာ က၀ပန်ရွာ နားမှာ KIA ထောင်ထားသော မိုင်းတစ်လုံးစီနင်းမိပြီး ယာဉ်၏ တာယာတွေပွင့်ထွက်သွားပေမယ့် လူကတော့ထိခိုက်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် KIA အဖွဲ့ က သေနတ်တွေကိုယ်စီနဲ့ ရောက်ခဲ့ပြီး ၎င်းတို့ထောင်ထားတဲ့မိုင်းကို နင်းမိတဲ့အတွက် ပိုက်ဆံ ၃၀၀၀၀ စီကိုအတင်းတောင်းခံခဲ့ပါတယ်။ ယာဉ်မောင်းတွေက မိုင်းကြောင့် ယာဉ်လည်းပျက်စီးခဲ့တယ်။ မိုင်းနင်းမိတဲ့ အတွက်ကြောင့် မိုင်းဖိုးကိုပြန်လျှော်ရတဲ့အတွက်ကြောင့် မိအေး...

ထက်ထက်မိုးဦးထက် ဆိုးတဲ့ ဂျက်စတင် ဘီဘာ

From : Planet လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့သည် ဂျက်စတင်ဘီဘာနှင့် ဓာတ်ပုံဆရာတစ်ဦး ဖြစ်ပျက်ခဲ့သည့် ကိစ္စအတွက် ဘီဘာထံမှ ဖြေရှင်းချက်ကို စောင့်မျှော်နေကြောင်း သိရှိရသည်။ 911ကို ဖုန်းခေါ်တိုင်ကြားမှု တစ်ခုအရ ဘီဘာသည် ဓာတ်ပုံဆရာ တစ်ဦးကို ထိုးကြိတ်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားသည်။ ဘီဘာသည် မိမိ၏ မျက်နှာနှင့် ရင်ဘတ်တို့အား ထိုးကြိတ်ခဲ့ကြောင်း တိုင်ကြားသူက ဆိုသည်။ ဘီဘာသည် ထိုအချိန်တွင် ချစ်သူ ဆယ်လီနာ ဂိုမက်ဇ်နှင့်အတူ ရှိနေပြီး ထွက်ပေါ်နေသည့် သတင်းဓာတ်ပုံများအရ...

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဂျာမန်လွှတ်တော်ဒုတိယဥက္ကဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် ဂျာမနီနိုင်ငံ ဂျာမန်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာ အော်တိုစွမ်လ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မနေ့က နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ က မိမိတို့မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး များ ပြုလုပ်လျက်ရှိကြောင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများကိုလည်း ယှဉ်တွဲဆောင်ရွက်မှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် အောင်မြင် မည်ဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံသည် ကမ္ဘာ့စီးပွားရေး...

မြန်မာမိန်းကလေးအား အစ္စလာမ်ဘာသာဝင် သုံးဦးမှ မုဒိမ်းကျင့်ကာ ဓားဖြင့်ထိုးသတ်မှုအား ထူးချွန်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ညတွင်းခြင်း တရားခံများဖမ်းဆီးခဲ့

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ထူးချွန်ပြောင်မြောက်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ညတွင်းချင်း ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။ ဖမ်းမိသူ (၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ ထက်ထက်ဆိုသူ အား ရမ်းဗြဲမြို့တွင် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူ မသီတာထွေးလက်ဝတ် လက်စားများနှင့် အတူ ဖမ်းဆီးမိခဲ့ကြာင်း သိရသည်။ ကျန် နှစ်ဦးအား...

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၃)

From : ရဲထွဋ်လုပ်ပိုင်ခွင့်စာနယ်ဇင်းကောင်စီဖွဲ့စည်းပြီးသည်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရသကဲ့သို့ စာနယ်ဇင်းအချင်းချင်းအငြင်းပွားမှုများ၊ စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်နှင့် မကိုက်ညီသော ရေးသားမှုများ၊ အပြုအမူများအပေါ် စာဖတ်ပရိသတ်က ကန့်ကွက်တိုင်ကြားမှုများကို ဖြေရှင်းပေးရတော့မည်ဖြစ်သည်။ ထို့ပြင် စာနယ်ဇင်းသမားများလိုက်နာရမည့် ကျင့်ဝတ်များ၊ အယ်ဒီတာများက လိုက်နာရမည့် လမ်းညွှန်ချက်များ၊ အငြင်း ပွားမှုများ၊တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်းရေးဆွဲချမှတ်ရတော့မည်ဖြစ်သည်။...

ကျောက်မီးသွေးဖြင့် ကော့သောင်းနှင့် မြိတ်၌ ၂၄ နာရီ မီးပေးရန်စီစဉ်နေ

From :အောင်ထက် ကျောက်မီးသွေးသုံးစက်ဖြင့် ၂၄ နာရီ လျှပ်စစ်သုံးစွဲနိုင်ရန် ကော့သောင်းမြို့နှင့် မြိတ်မြို့တို့တွင် ပြုလုပ်နေပြီဟု အဆိုပါ စီမံကိန်းမှ သိရသည်။  ”ကော့သောင်းမှာ ဇွန်လ ကနေစပြီး ရှစ်မဂ္ဂါဝပ်အားနဲ့ ရသွား မယ်။ ပြီးမှ မြိတ်မြို့မှာ ၅ဝ မဂ္ဂါဝပ် ဆက် လုပ်သွားမယ်လို့ စီမံကိန်းအရ သိရ တယ်”ဟု မြိတ်မြို့နေ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိအချိန်တွင် အဆိုပါမြို့ တို့၌ ပုဂ္ဂလိကမီးစက်ဖြင့်ပေးသော လျှပ်စစ်ကို ၂၄ နာရီ ရရှိနေသော်  လည်း တစ်ယူနစ်လျှင် ကျပ်၄၄ဝ ပေးဆောင်နေရသည်။ယခု ကျောက် မီးသွေး...

KIA ဗဟိုမှနယ်စပ်ရှိ ရုံး၊ လမ်းတံတား၊ လျှပ်စစ်တာဝါတိုင်နှင့် မြ၀တီထပ်ဆင့်အသံလွှင့်စက်ရုံအား မိုင်းခွဲရန်ညွှန်ကြား..........

From : ကချင်လူငယ်တစ်ဦး KIA မှ စစ်ဦးစီးချုပ် ဂမ်ရှောင် က KIA စစ်ဗျူဟာဌာနမှ ဗိုလ်မှူး ဂမ်ဆိုင်းနဲ့ EEDY အဖွဲ့ ခေါင်းဆောင် ဆိုင်းလီတို့ကို မေ ၁၇ ရက်နေ့ ညနေ ၃နာရီလောက်မှာ တပ်မဟာ (၅) ဌာနချုပ်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဂမ်ရှောင်မှ ၎င်းတို့၂ဦးအား မြို့ရွာများတွင်ရှိသော မြ၀တီထပ်ဆင့် လွင့်စက်ရုံများ၊ လမ်းတံတားများ၊ အစိုးရရုံးများ၊ မီးရထားလမ်းများနဲ့ လူစီကားတဲ့နေရာတွေမှာ မိုင်းဖောက်ခွဲရန်မှာ ကြားခဲ့ပါတယ်။ ဂမ်ဆိုင်းနဲ့ ဆိုင်းလီတို့ရဲ့အောက်မှာရှိတဲ့ ဖောက်ခွဲရေးအဖွဲ့ဝင် ၇၀ ဟာ မြို့ရွာတွေများ ရောက်ရှိနေပြီးပါတယ်။...

အာရှဖွံ့ဖြိုးရေးဘဏ်က လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်သွားမည်

From : ခေတ်လူငယ် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ရန်ကုန်တိုင်းဒေသကြီးတွင် Center Point တစ်ခုအဖြစ် သတ်မှတ်ထားရှိကာ လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများကို ပေးအပ်သွားရန်ရှိနေကြောင်း သိရသည်။ ADB မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ယခုလအစောပိုင်းအတွင်းက လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကြိုသဘောတူညီမှု ရရှိထားသည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ADB မှ တာဝန်ရှိသူများအား လျှပ်စစ်မီးရရှိရေးကိစ္စကို အဓိက ပြောကြားခဲ့ပြီး...

လျှပ်စစ် တာဝါတိုင်များ ပြုပြင်မှု မှာ နောက်ဆုံး ပြုပြင်ရန် တိုင်တစ်တိုင်သာ ကျန်ရှိ

From : MRTV4 အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက်များ အရ KIA အကြမ်းဖက် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားတဲ့ တာဝါတိုင်များ ပြန်လည် ပြုပြင် မှုတွေမှာ ယခုအခါ ပြုပြင်ဖို့ တာဝါတိုင် အမှတ် ၂၀၇ တစ်ခုသာ ပြုပြင်ဖို့ အနည်းငယ် ကျန်ရှိ တော့တယ်လို့ သိရပါတယ်။ လျှပ်စစ် တာဝါတိုင်များ မိုင်းခွဲ ဖျက်ဆီးခံရမှုမှာ ရွှေလီ-မန်စံ ၂၃၀ ကေဗွီမဟာ ဓါတ်အားလိုင်းမှ တာဝါတိုင် အမှတ် ၇၃ ၊ တာဝါတိုင် အမှတ် ၂၀၆၊ ၂၀၇၊ ၂၀၈ နဲ့ နမ့်ခမ်း-မူဆယ် ၆၆ ကေဗွီ ဓါတ်အားလိုင်း H-Pole ကွန်ကရစ်တိုင် အမှတ်...

မလေးရှားကုမ္ပဏီ မြန်မာပြည်တွင် နိုင်ငံခြားငွေ လဲလှယ်သည့်စင်တာ ဖွင့်မည်

From : ခေတ်လူငယ် မလေးရှားနိုင်ငံ အခြေစိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်သော Interpacific Event and Management သည် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်သည့် စင်တာတစ်ခုအား လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံခြားငွေမဆို လဲလှယ်ပေးနိုင်သည့် Money Changer Counter အား ဖွင့်လှစ်နိုင်ရန်အတွက် အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကုမ္ပဏီသည် စင်ကာပူနိုင်ငံသားပိုင်ဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံခြားငွေ လဲလှယ်သည့် ကောင်တာများတွင် လက်ရှိကာလ၌ စင်ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊...

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်ခြင်းဖြင့် သာသနာတော်တည်တံ့နိုင်ပါစေ

From :ကိုစိုးကြည်မှော်ဘီမြို့နယ်၊ သင်တောရိုးကျေးရွာ၊ သီတင်းသုံးနေတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟအနေနဲ့ နိုင်ငံရေး လူမှုကိစ္စတွေမှာပါဝင်ပတ်သက်နေလို့ တစ်နည်းပြောရယင်တော့ ဘုန်းကြီးအလုပ် မဟုတ်တာတွေလုပ်နေလို့ဆိုပြီး ကြည့်မြင်တိုင်ကျောင်းတိုက်မှာ နေထိုင်ခွင့်မပြုခဲ့ပါဘူး။ အခုမှော်ဘီကကျေးရွာတစ်ရွာမှာ သီတင်းသုံးနေထိုင်နေရပါတယ်။ မှော်ဘီမှာလဲ ဒီလိုမျိုးအလုပ်တွေ အဆက်မပြတ်လုပ်နေတာဖြစ်လို့ အခုဆိုရင် မြို့နယ်သံဃာ့နာယကဆရာတော် ဦးဇနိန္ဒက ရွှေည၀ါဆရာတော်အနေဖြင့် အလုပ်သမားတွေထံ ထမင်း၊ဟင်းများ လှူဒါန်းသည်ကို မိမိအနေဖြင့်လက်ခံပါ...

ပေါ်ပျူလာ ဖြစ်တာချင်းတူပေမယ့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် က လေဒီဂါဂါ ခရီးစဉ်လောက် အားပေးသူ မများဟု ထိုင်းသတင်းစာတွင် ဖော်ပြ

ထိုင်းသတင်းစာမှာ အဖော်အချွတ် အဆိုတော် လေဒီဂါဂါနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အတူတကွ တသားတည်း ယှဉ်တွဲဖော်ပြထားပါတယ်။ လေဒီဂါဂါနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပေါ်ပြူလာ ဖြစ်တာချင်း တူညီပြီး လူအများ စိတ်ဝင်စားတာခြင်း တူညီပါတယ်။ လေဒီဂါဂါကို လူတွေ ဝိုင်းကြည့်ကြသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝိုင်းကြည့်ကြပါတယ်။ လေဒီဂါဂါ မိုက်ခဲချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်လည်း မိုက်ခဲတတ်ပါတယ်။ လေဒီဂါဂါက အလှတွေပြင်ပြီး sexy ဖြစ်အောင် လုပ်ပြချိန်မှာတော့ ဘာမှမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က အလှတွေပြင်ပြီး မျက်နှာချိုသွေးခြင်းကိုပဲ လုပ်ရပါတယ်။...

ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းလေဆိပ်တွင် VIP ထွက်ပေါက်မှ ထွက်ခွင့်မပြု ပဲ ရိုးရိုး သာမန် ခရီးသည် ဂိတ် ၁၀ က သာ ထွက်ခွင့်ပြု

ဖြစ်သလိုသွား၊ ဖြစ်သလို ပြော နေရတဲ့ ဒေါ်စု From : http://www.nytimes.com/2012/05/30/world/asia/uncertainty-hangs-over-aung-san-suu-kyis-visit-to-thailand.html?_r=3&ref=world NLD့ ပါတီ ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတော့ သံတမန်ရေးလုပ်ငန်းတွေ အတွက်ဘာမှမသိ ထိုင်းလေဆိပ် တွင်လဲ ကြိုတင်အသိပေးခြင်းမရှိသောကြောင့် vip ဂိတ်ပေါက်မှထွက်ခွင့်မရခဲ့ကာ ရိုးရိုး ခရီးသည် ဂိတ် နံပတ် ၁၀ မှ ထွက်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးနိင်ငံခြားကိုထွက်လည်တဲ့ခရီးကတော့သံတမန် တွေ အတွက် စိတ်ကသိကအောင် ဖြစ်နေကြပြီလို့ သိရပါတယ်။...

မ.ထ.သ ၁၂၄ ယာဉ်လိုင်းတွင် i-pay ကဒ် တပ်ဆင်မှု ထပ်မံပြုလုပ် သွားမည်

From : MRTV4 ယာဉ်လိုင်း တချို့မှာ တပ်ဆင် အသုံးပြု လျက်ရှိတဲ့ i-pay ကဒ် တပ်ဆင်မှုကို လာမယ့် ဇွန်လ အတွင်းမှာ မ.ထ.သ ယာဉ်လိုင်း တစ်ခုဖြစ်တဲ့ ၁၂၄ မြောက်ပိုင်း ခရိုင် ယာဉ်လိုင်းမှာ တပ်ဆင် တော့မယ်လို့ သိရပါတယ်။ ငွေစက္ကူမလို အကြွေအမ်းစရာ မလိုတဲ့ i-pay ကဒ်စနစ်ကို ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အဓိပတိ ယာဉ်လိုင်း အပြာမှာ စတင် တပ်ဆင်ခဲ့ပြီး ယခုအခါ အဓိပတိ အနီ မှာပါ တပ်ဆင်ပြီး ပြီလို့ အဆိုပါ i-pay ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ i-pay ကဒ်စနစ်ကို အဓိပတိ အပြာယာဉ် ၅၈ စီးနဲ့ အဓိပတိ အနီ...

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲနေရာများတွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်ရမည်

From : ခေတ်လူငယ် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် Wrieless Broadband စနစ်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ကုမ္ပဏီများပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်အတွက် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကုမ္ပဏီများအား ဈေးနှုန်းတင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။ Wireless Broadband Internet Access( WiFi) စနစ်ရရှိအောင် ဆောင်ရွက်ရန် ကုမ္ပဏီများအား ဖိတ်ခေါ်ခြင်းဖြစ်သည်။...

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၂)

by Ye Htutဘဏ္ဍာရေးစာနယ်ဇင်းကောင်စီဖွဲ့စည်းမှုတွင်နောက်ထပ်အရေးကြီးသည့် အချက်မှာ ဘဏ္ဍာရေးကိစ္စဖြစ်သည်။ စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည် ဘဏ္ဍာငွေရရှိရေးအတွက် အခြေခံနည်းလမ်းနှစ်ခုရှိသည်။ ပထမနည်းလမ်း မှာ အစိုးရက ကျခံပေးခြင်းဖြစ်သည်။ ဒုတိယနည်းလမ်းမှာ စာနယ်ဇင်းဆိုင်ရာအဖွဲ့အစည်းများ၊ ထုတ်ဝေရေးကုမ္ပဏီများ က ထည့်ဝင်ခြင်းဖြစ်သည်။ သို့သော်နည်းလမ်းနှစ်ခုလုံးတွင် ငွေကြေးထည့်ဝင်သူက စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများ ကို သြဇာလွှမ်းမိုးသွားလေမလားဆိုသည့် စိုးရိမ်မှုများရှိသည်။ သြစတေးလျနိုင်ငံတွင် စာနယ်ဇင်းကောင်စီရန်ပုံငွေကို...

စိတ်ကြွဆေးပြားများဖြင့် မိန်းကလေးများအားလိုက်လံဖျက်ဆီးနေသူ (ပေးစာ - ၁၄၄)

From : စိုးဝင်းမောင်  မိန်းကလေးများအား စိတ်ကြွဆေးပြားများဖြင့် လိုက်လံဖျက်ဆီးနေသူ မုံရွာမြို့နယ်မှ ကိုစိုးမိုး ညီမငယ်လေးများ မစားမိရန် အထူးသတိထား ရှောင်ရှားရမည့် စိတ်ကြဆေးလေးပါ၊ ကျွန်နော်ကစာကိုလဲဖွဲ့နွဲ့ပြီးမပြောတော့ပါဘူး၊ သေချာရှင်းပြပြောပြနေရရင်လဲမလိုအပ်တဲ့စကားလုံးတွေလဲပါလာမယ်ဒါကြောင့်လိုတိုရှင်းဘဲရေးပေးလိုက်ပါတယ်၊ဘာကိုဆိုလိုတယ်ဆိုတာညီမငယ်များသဘောပေါက်ကြပါလိုက်မယ်၊ညီမငယ်များရဲ့ဘဝကိုပျက်စီးစေမဲ့စိတ်ကြွဆေးတစ်မျိုးပါ၊ ဆေးဆိုပေမယ့် စားရင်ပီကေနဲ့အရသာတူတူဘဲလို့ ပြောကြရေးကြတာ ကြားဘူးဖတ်ပါတယ်၊...

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၁)

by Ye Htut စာနယ်ဇင်းကောင်စီသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကျင့်သုံးနေသည့်နိုင်ငံအတော်များများတွင် တွေ့နိုင်သောအဖွဲ့ အစည်းတစ်ခုဖြစ်သည်။ဒီမိုကရေစီနိုင်ငံအများစုတွင်စာနယ်ဇင်းကောင်စီရှိသည်ဖြစ်ရာ စာနယ်ဇင်းလွတ်လပ်ခွင့်၏ အင်္ဂါရပ် တစ်ခုအဖြစ် လည်းဆိုနိုင်ပါသည်။ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်စာနယ်ဇင်းကောင်စီဘာ့ကြောင့်ဖွဲ့ရသလဲဟု မေးလျှင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်ရန်နှင့် စာနယ်ဇင်းသမားများ ၏အခွင့်အရေးနှင့်အကျိုးစီးပွားများကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ဟု ဆိုကြမည်ဖြစ်သည်။ တကယ်တော့ ထိုအဖြေ သည် တစ်ဝက် ...