Subscribe to our RSS Feed

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်သို့ ရောက်ရှိ


From : The Voice

ဆူပူ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်
းကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရသည့် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယနေ့ နံနက် ၈ နာရီခန့်တွင် ရောက်ရှိလာကြောင်း ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဋ္ဌ ဦးဦးလှသိန်း က ပြောကြားသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် စစ်တွေမြို့မှ တစ်ဆင့် နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် ဘူသီးတောင်မြို့နှင့် မောင်တောမြို့သို့ ထွက်ခွါသွားပြီဖြစ်ကြောင်း၊ အဆိုပါ မြို့များမှ အပြန်တွင် မြောက်ဦးမြို့သို့ သွားရောက်မည်ဖြစ်ပြီး ယနေ့ ခရီးစဉ်ရပ်နားမည်ဖြစ်ကြောင်း၊ ဒုတိယ သမ္မတနှင့် အတူ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အပါအ၀င် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိများ ပါဝင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။


Myanmar Express

2 comments:

President U Thein Sein and Aung San Su Kyi should also visit to Rakhine refugees support them.

President U Thein Sein will get to Rakkhine.So called public leader Daw su kyi (not including Aung Sun ) ?????????

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်