Subscribe to our RSS Feed

ထိုင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လျှောက်ထားမှု (၅၁) ခုထိ ရှိနေ


From : ခေတ်လူငယ်

အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ပြည်တွင်း၌ ထိုင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအား တရားဝင် ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိပြီး လျှောက်ထားလိုသည့် အေဂျင်စီများအား ဇူလိုင် ၂၉ ရက်၌ open တင်ဒါ ခေါ်ယူခဲ့ရာ လာရောက် လျှောက်ထားသည့် ပြည်တွင်းအလုပ်အကိုင် အေဂျင်စီပေါင်း (၅၁) ခုထိရှိနေကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက် လုပ်ကိုင်မှုမှာ များပြားနေပြီး ယင်းကဲ့သို့ သွားရောက်ရာတွင် တရားမဝင်မှုများကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် လူကုန်ကူးခံရမှု၊ သွားရောက်လုပ်ကိုင်ရန် ပေးဆောင်ရသည့် စရိတ်ကြီးမားမှု၊ အလုပ်သမား အခွင့်အရေး အပြည့်အဝမရရှိမှု အစရှိသည့် ပြဿနာရပ်များ ဖြစ်ပွားမှုကို လျှော့ချလို၍ တရားဝင် သွားရောက်ခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။ ဇူလိုင် ၂၉ ရက်တွင် ခေါ်ယူခဲ့သည့် open တင်ဒါမှ အေဂျင်စီ(၅၁) ခုအား စိစစ်၍ တရားဝင် ထိုင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအဖြစ် အမြန်ဆုံး ပြန်လည်ချပေးသွားမည် ဖြစ်ကြောင်း၊ စက်တင်ဘာ၊ အောက်တိုဘာထက် နောက်မကျဘဲ ပြန်လည်ချပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ် ၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်