Subscribe to our RSS Feed

သမ္မတရုံး၏ ထုတ်ပြန်စာကို ဆန်းစစ်ခြင်း

From : Naung Taw Lay

မိဘအမွေရောင်း၍ သူဌေးဖြစ်ရန်ကြံစည်သကဲ့သို့ဖြစ်နေသော သမ္မတနှင့် ၁၄ပါတီ၏ တွေ့ဆုံပွဲပြီး သမ္မတရုံး၏ ထုတ်ပြန်စာကို ဆန်းစစ်ခြင်း

သမ္မတရုံး၏ ထုတ်ပြန်စာကို သမ္မတရုံး ၀ဘ်ဆိုဒ်http://www.president-office.gov.mm/ တွင် ဖတ်ရှုရသည့် အခါ အလွန်နှစ်ထောင်းအားရ ဖြစ်ရသကဲ့သို့ နိုင်ငံလုံးဆိုင်ရာ ချမ်းသာကြွယ်ဝရေးအတွက် မဟာဗျူဟာမြောက် လုပ်ငန်းစဉ် အနေဖြင့် မြေပေါ်မြေအောက် သယံဇာတများကို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများဖြင့် ထုခွဲရောင်းချ နိုင်လျှင် ကြွယ်ဝချမ်းသာနိုင်မည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်သော စကားရပ်တစ်ခုကို တွေ့ရှိရပါသည်။

ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်သည်မှာ မြန်မာနိုင်ချမ်းသာကြွယ်ဝရေးသည် အမိအဖ အမွေအနှစ်ကဲ့သို့ ဖြစ်ပေါ် နေသော သယံဇာတများကို ထုခွဲရောင်းချခြင်းဖြင့် လုပ်ဆောင်ရမည်ဟု မယုံကြည်။

ကမ္ဘာပေါ်တွင် သန်း (၇၀၀၀)ကျော်လူသား မွေးဖွားပြီးသည့်ယနေ့အချိန်အခါတွင် food Security ၏ အခန်း ကဏ္ဍသည်အလွန်အရေးပါလာပြီး အစာထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် Eco Tourism သည်အခရာကျသော နိုင်ငံလုံးချီ မဟာဗျူဟာမြောက် စီးပွားရေးလုပ်ငန်းစဉ်ကြီး ဖြစ်ပေသည်။

သဘာဝ ၀န်းကျင်ကို ပျက်စီးစေပြီး စက်မှုထုတ်ကုန်များကို အချိန်တိုအတွင်း အမြောက်အများ ထုတ်လုပ်နိုင် သော ယနေ့ခေတ်တွင် ကျွန်ုပ်တို့ နိုင်ငံ အနေဖြင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်ရန်ကြိုးစားခြင်းသည် နည်းပညာ ချို့ငဲ့မှု Breaking Point မဟုတ်ဘဲ ဈေးကွက်ဝေစုသည်သာ အခရာ ကျနေပေသည်။

အစားအစာ ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ အဆင့်အတန်းသည်ပင်လျှင် မျိုးရိုးဗီဇ အင်ဂျင်နီယာမှစ၍ နောက်ဆုံး အဆင့် ကန်ချောများ ထုတ်လုပ်နိုင်ရေးအထိ စိန်ခေါ်မှု ကြီးမားဆဲဖြစ်ပေသည်။ သမိုင်းဘီး တစ်ပတ်လည်သော ယနေ့အစိမ်းရောင် အစာခေတ်အတွက် ကျွန်ုပ်တို့သည် ကံအားလျှော်စွာ ရှေ့ဆုံးမှရပ်တည် နေသည် မဟုတ်ပါ လော့။

ထို့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သည်မှာ အစိမ်းရောင်ခေတ်ဦးအတွက် -

(၁) အစားအစာ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို မျိုးဗီဇအင်ဂျင်နီယာနည်းမှစ၍ စက်မှုထုတ်ကုန်အဆင့်ထိ အဆင့်မြင့်မြင့် ထုတ်လုပ်နိုင်ရမည်။

(၂) အစိမ်းရောင်ကန့်လန့်ကာ ဖွင့်ပြရုံနှင့် ရေရှည် ၀င်ငွေအမြောက်အများ ထုတ်လုပ်ရရှိနိုင်သော Eco Tourism လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောက်ရွက်ရမည်။

(၃) Service Industry လုပ်ငန်းများကို အာရုံစူးစိုက်ရန်

နိဂုံးချုပ်မေးခွန်း

AFTA (အာဆီယံလွတ်လပ်ကုန်သွယ်မှု ဧရိယာ)အတွက် မြန်မာနိုင်ငံ၏ ထုတ်ကုန်သည် အစိမ်းရောင်ပတ်ဝန်း ကျင်နှင့် အပြာရောင်ပင်လယ်ပြင်ကို ရောင်းစားရန် ကြံရွယ်ခြင်းလော ?

မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ

ခေတ္တ ကသာ

Myanmar Express

1 comments:

They don't know really what peoplw want .Because all nothing as international brain and experience. Bad luck.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်