Subscribe to our RSS Feed

မော်တော်ကား တင်သွင်းခြင်းကို ရန်ကုန် နှင့် နေပြည်တော်တွင် ဆောင်ရွက်နိုင်


From : The Voice


ကိုယ်ပိုင် နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားသူများကို ၂၀၀၇ ခုနှစ်နှင့် အထက် မော်တော်ကား တင်သွင်းခွင့် ပေးခဲ့ရာမှ ယခင်က နေပြည်တော်၌သာ ဆောင်ရွက်နိုင်သော်လည်း ယခုအခါ ရန်ကုန်တွင်ပါ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရင်က နေပြည်တော် ရုံးချုပ် မှာပဲ ဒီကိစ္စကို ဆောင်ရွက်ပေးတယ်။ အခုဆိုရင် ရန်ကုန်မှာပါ ဆောင်ရွက်လို့ရပြီ။ အခု ရန်ကုန်တိုင်း ဒေသကြီး ရုံးခွဲ အမှတ် ၂၂၈-၂၄၀၊ ကမ်းနား အလယ်လမ်းမှာ လျှောက်လို့ရပြီ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်ထားသူများအား ၂၀၀၇ ခုနှစ်မော်ဒယ်အထက် မော်တော်ယာဉ်သာ လျှောက်ထား ရမည် ဖြစ်ပြီး မော်တော်ယာဉ် တစ်စီးလျှင် လျှောက်ထားသူ၏ မူရင်းလက်မှတ်၊ မှတ်ပုံတင်၊ နိုင်ငံခြားသား စိစစ်ရေးကတ် မူရင်းနှင့် မိတ္တူ၊ ဘဏ်စာအုပ် မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ၊ တင်သွင်းမည့် မော်တော်ယာဉ် Invoice မူရင်း၊ မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက ယခင်က ချပေးထားခဲ့သော ပါမစ်စာရင်းတွင် မပါဝင်ခဲ့ကြောင်း ခံဝန် ကတိပြုချက်တို့ ပါဝင် လျှောက်ထားရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်း ၂၀၀၇ မော်ဒယ်နှင့် အထက် လျှောက်ထား နိုင်သည်များကို ယခုလ သြဂုတ် ၁ ရက်နေ့မှ စတင်၍ ရန်ကုန်၌ လျှောက်ထားခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

Myanmar Express

1 comments:

ကားတင်သွင်းရင် ကားထဲကဟာကြီးကိုပါ အပိုဆုပေးမှာလားဟင် .. :D

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်