Subscribe to our RSS Feed

မီတာ ၁၀၀ ရွှေတံဆိပ်ဆွတ်ခူးပြီးနောက် အူစိန်ဘော့တ် အောင်ပွဲခံ

From : planet

ဘော့တ်သည် လွန်ခဲ့သော (၄)နှစ် ဘေဂျင်းအိုလံပစ်တွင်လည်း မီတာ (၁၀၀)နှင့် (၂၀၀) ရွှေတံဆိပ်များကို ရယူဆွတ်ခူးခဲ့ဖူးသည်

မီတာ ၁၀၀ ရွှေတံဆိပ်ဆွတ်ခူးပြီးနောက် အူစိန်ဘော့တ် အောင်ပွဲခံ

အိုလံပစ်တွင် မီတာ(၁၀၀) ရွှေတံဆိပ်ကို အောင်အောင်မြင်မြင် ဆွတ်ခူးပြီးနောက် အူစိန်ဘော့တ်သည် မိန်းမလှတစ်စု ဝန်းရံကာ အောင်ပွဲခံခဲ့သည်။ (၉.၆၃) စက္ကန့်ဖြင့် မီတာ(၁၀၀)ကို ပန်းဝင်ပြီးနောက် ဘော့တ်သည် အိုလံပစ် ကျေးရွာရှိ ၎င်းပိုင် အခန်းထဲသို့ ပြန်သွားခဲ့သည်။ ထို့နောက် နံနက်စောစော (၃)နာရီ အချိန်ခန့်တွင် ဘော့တ်သည် Twitterတွင် မိန်းမလှလေး (၃)ဦး ဝန်းရံနေသည့် ဓာတ်ပုံကို လွှင့်တင်ကာ "A Gaza we say hmmm mmm"ဟု ရေးသားထားခဲ့သည်။ ဘော့တ်သည် အင်္ဂါနေ့တွင် ပြေးလမ်းများပေါ် တစ်ကျော့ပြန် ရောက်လာကာ အိုလံပစ် မီတာ(၂၀၀) ချန်ပီယံလုပွဲကို နွှဲမည်ဖြစ်သည်။



(မိန်းကလေးသုံးဦးနှင့်အတူ အောင်ပွဲခံနေသည့် အူစိန်ဘော့တ်)

ဂျမေကာ နိုင်ငံတွင် ဘော့တ်၏ အောင်ပွဲအတွက် လူအများအပြား စုရုံး အောင်ပွဲခံကာ နိုင်ငံ့သူရဲကောင်းကို ကောင်းချီးပေးခဲ့ကြသည်။ ဘော့တ်သည် လွန်ခဲ့သော (၄)နှစ် ဘေဂျင်းအိုလံပစ်တွင်လည်း မီတာ (၁၀၀)နှင့် (၂၀၀) ရွှေတံဆိပ်များကို ရယူဆွတ်ခူးခဲ့ဖူးသည်။ လက်ရှိတွင် ဘော့တ်၏ အနီးကပ် ပြိုင်ဘက်သည် တစ်နိုင်ငံတည်းသား ယိုဟန်ဘလိတ် ဖြစ်နေသည်။ ဂျမေကာတွင် အပူပိုင်း မုန်တိုင်းတစ်ခု တိုက်ခတ်နေသော်လည်း ပြည်သူများသည် ဘော့တ်၏ အောင်မြင်မှု သတင်းကို ကြားသိပြီးနောက် လမ်းများပေါ် ထွက်လာကာ အောင်ပွဲခံခဲ့ကြသည်။



(အူစိန်ဘော့တ်အတွက် ဂျမေကာနိုင်ငံသားများ အောင်ပွဲခံစဉ်)

ဘော့တ်သည် မီတာ (၁၀၀)ပြိုင်ပွဲတွင် အောင်ပွဲခံခဲ့ပြီးနောက် ကမ္ဘာ့အမြန်ဆုံး လူသားဘွဲ့ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ ဗြိတိန်တွင် ၎င်းပထမနေရာမှ ပန်းဝင်ပြီးနောက် ဂျမေကာရှိ အမျိုးသား အားကစားကွင်းတွင် လူအများ စုရုံးက နိုင်ငံအမည်ကို အော်ဟစ် ဂုဏ်ပြုကြသလို အလံများ ဝှေ့ယမ်းကာ အောင်ပွဲခံခဲ့ကြောင်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်