Subscribe to our RSS Feed

ရန်ကုန်မြို့တွင် မိန်းမများ အုပ်စုဖွဲ့၍လုယက်မူဖြစ်ပွား

From :7Days News



 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက်္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်ဟေမ၀န် ဈေးသားငါးတန်း အနီးကလေးကစားစရာရောင်းသည့်ဆိုင်တွင် လုယက်မှု တစ်ခုဖြင့်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကိုစုံစမ်းသိရသည်မှာ အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီခွဲ အချိန်ခန့်က ဒေါက်တာ —– (လက်ထောက်ကထိက၊ ရုက်္ခဗေဒဌာန၊ ရန်ကုန်တက်္ကသိုလ်) သည် ငါးနှစ်သမီးအရွယ်သမီးများကို လက်ဆွဲကာ ဟေမ၀န်ဈေးသား ငါးတန်းအနီးကလေးကစားစရာ အရောင်းဆိုင်တွင် မီးဘောလုံးဝယ်နေစဉ်အမျိုးသမီးငါးယောက်ခန့်ရှိသောအုပ်စုရောက်လာပြီး ရှေ့ နောက်ဝဲယာမှဝိုင်းဖိ၍တိုးသဖြင့်ကလေးငယ်မှာပ်နေကြောင်း တိုမိန်းမ တစ်သိုလ်ညှပ်ဖိထားသောကြောင့် ကလေးမှာအသက်မရှု နိုင်သဖြင့် ကလေးကိုမိခင်ကအာရုံ စိုက်နေစဉ်ထိုအုပ်စုထဲမှ မိန်းမတစ်ဦးက ကလေး တစ်ဦးကို ဂရုစိုက်ရန်ပြောသွားကြောင်း ဒေါက်တာ —-က သမီးငယ်ကို မယူ၍ ချီလိုက် စဉ် ဒေါက်တာ—–၏ အလေး ချိန်နှစ်ကျပ်ခွဲသားခန့်ရှိ ရွှေလက် ကောက်မှာမရှိတော့ကြောင်း မိန်းမအုပ်စုမှာလည်း အနားတွင် မရှိတော့ကြောင်း သိရသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါက်တာ—–က တောင်ဥက္ကလာပမြို့၊ ရဲစခန်းသို့သွားရောက်တိုင် ကြားရာရဲစခန်းက (ပ) ၆၃၁/၂၀၁၂ ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထားပြီး တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

 Myanmar Express 

1 comments:

တော်သေးတာပေါ့ဗျာ....မိန်းမတွေအုပ်စုဖွဲ့ ပြီးလုယက်မှုပဲလုပ်ကြလို့
မုဒိန်းမှုသာလုပ်ရင်မလွယ်ဘူး...သားသားကြောက်ကြောက်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်