Subscribe to our RSS Feed

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အသက်ရှည်စွာ ပြည်သူ အကျိုး ထမ်းပိုးနိုင်ရေး တွံတေးတွင် ဆီမီးထွန်း ဆုတောင်းမည်

From : သာဂိ


သီတ င်းကျွတ်လဆန်း ၁၄ ရက် နှင့် လပြည့်နေ့တို့တွင် တွံတေးရွှေဆံတော် ဘုရားကြီး၌ တစ်ရက်လျှင် ဆီမီး ၂ဝဝဝ ဖြင့် ပူဇော်ဆုတောင်းမည်ဖြစ်ရာ တရားဝင်ဖြစ်စေရန် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ထံသို့ ယခု အောက်တို ဘာလအတွင်းက ခွင့်ပြုမိန့် တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ အမေ့ အိမ်ပညာရေးကွန်ရက် လက်အောက်ခံ တောကြီးတန်းပညာဒါန ကျောင်းမှ အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုရဲမြတ်ရွှေ က ပြောသည်။ ''သင်တန်းက ကျောင်းသား၊ ကျောင်းသူတွေရယ်၊ ဘုရားဂေါပ က အဖွဲ့နဲ့ ကျောင်းသား မိဘတွေပါပဲ။ အပြင်လူ မပါပါဘူး'' ဟု ကိုရဲမြတ်ရွှေ က ပြောသည်။ ငွေကြေး မပြေလည်သော လက်လုပ်လက်စား ကျောင်းသား မိဘများ အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ်ဧပြီလမှစကာ ဖွင့်လှစ်ခဲ့သော တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါနသင်တန်းကျောင်းတွင် လက်ရှိ၌ ကျောင်းသား၊ ကျောင်းသူ ၂ဝဝ ကျော်ရှိကြောင်း သိရသည်။ အဆိုပါ မီးထွန်းပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် ပျော်ပွဲရွှင်ပွဲနှင့် ရန်ပုံငွေ ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည် ဟု တောကြီးတန်း ပညာဒါနကျောင်းမှ သိရသည်။ ဆင်းရဲနွမ်းပါးမှုကြောင့် ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမေ့အိမ်ပညာရေး ကွန်ရက်ကို ထူထောင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင်မှ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျောင်းပေါင်း ၇ဝ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ 

Myanmar Express 

2 comments:

ပူဇော်ထိုက်သူကို ပူဇော်တာ မင်္ဂဂလာတပါးပါ။

မှန်လိုက် လေဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်