From : အေးမြင့်
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီရပ်ကွက်၊ ကျေးရွာများ၏ လူနေဧရိယာ တဖြည်းဖြည်း ကြီးကျယ်ပြန့်ကား လာမှုများကို ကွင်းဆင်းစစ်ဆေး ကြပ်မတ်လျက်ရှိပြီး ဥပဒေနှင့် မညီညွတ်ပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၏ နယ်နမိတ်များအား ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နယ်နမိတ် သတ်မှတ်ချက် စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများ တိုးချဲ့ဆောက်လုပ်ခြင်းအား တည်ဆဲမြို့နှင့် ကျေးရွာဥပဒေ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ နိုင်ငံအတွင်းကို တရားမဝင် ခိုးဝင်မှုများ တားဆီးရေး၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မော်တင်စွန်းကနေ နတ်မြစ်ဝအထိ ရခိုင်ပင်လယ်ပြင်ကို တပ်မတော်ရေက တာဝန်ယူပြီးတော့ အငူမော်ကနေ နတ်မြစ်ဝ၊ နတ်မြစ်ဝကနေ နယ်နမိတ် တစ်လျှောက်ကိုတော့ လူဝင်မှုစစ်ဆေးရေး ကွပ်မဲမှုဌာနချုပ်က လုံခြုံရေးတာဝန်ယူပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့တွေက လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နေပါတယ်။ လက်ရှိ ဖွင့်လှစ်ထားတဲ့ ရဲစခန်း ၇၅ ခုအပြင် ရဲစခန်း ၃၀ ခု ထပ်မံဖွင့်လှစ်ဖို့နဲ့ ရဲစခန်း ရှစ်ခုကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်” ဟု ပြည်ထောင်စု ဒုတိယဝန်ကြီးက အမျိုးသားလွှတ်တော်တွင် အောက်တိုဘာ ၂၄ ရက်က ပြောကြားခဲ့သည်။ ယင်းအပြင် တရားမဝင် နေထိုင်သူများ မရှိစေရန်အတွက် မြို့နယ်အသီးသီးတွင် ရှောင်တခင် စစ်ဆေးခြင်း၊ ကုန်းလမ်း၊ ရေဆိပ်၊ လေဆိပ်နှင့် ပင်လယ်ကမ်းခြေ ဝင်ထွက်ပေါက် စစ်ဆေးရေးဂိတ်များမှ စစ်ဆေးခြင်း၊ ရပ်ကွက် ကျေးရွာများကို မြေပုံဆွဲခြင်း၊ အဆောက်အဦ မှတ်တမ်းတင်ခြင်း၊ လူဦးရေ စစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရှိရသည်။
Myanmar Express

2 comments:
i၁၉၈၂နိုင်ငံသား ဥပဒေကို ထောက်ခံမယ်။ရိုဟင်ဂျာကို
နိုင်ငံသားပေးလျှင် ဒေါ်စုကိုထောက်ခံလျှင် တို့ပြည်
ကုလားပြည်ဖြစ်လိမ့်မယ်။အကြမ်းဖက်ခေါင်းဆောင်
တဏှာရူး Mohamed ရဲ့နောက်လိုက်တွေကို ဆန့်ကျင်
ကြပါစို့ ။
ဒေါ်စုကိုထောက်ခံတာ၊ NLD ကိုမဲပေးတာဟာ ၊ကုလားတွေကိုမြန်မာ
ပြည်သားဖြစ်အောင်လုပ်တာနှင့် အတူတူပါပဲ။ နောက်တစ်ခုက ခုအရေးအခင်းမှာ စစ်သားတွေကရခိုင်တွေကို တမင်ထိအောင်ပြစ်နေတာကို ရခိုင်ပြည်ရော၊ မြန်မာပြည်ရော၊ ကမ္ဘာက
ပါသိနေပါပြီ၊ ဦမင်းအောင်လှိုင်ကာချုပ်ဟာ တိုင်မှူးဘဝတုန်းက ရခိုင်မှာ
တာဝန်ကျခဲ့လို့ တော်သေးတာပေါ့။
myanmarexpreess ရေ ဒီတစ်ခါတော့ကျွှန်တော့ comment ကိုဖေါ်ပြပေးပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်