ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စုံစမ်းစစ်ဆေးရေးကော်မရှင်
သတင်းထုတ်ပြန်ချက်အမှတ်(၃/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊
နတ်တော်လဆန်း ၈ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်)
၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာအမှတ်(၉၅/၂၀၁၂)ဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တို့သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မှ ၁၅ ရက်နေ့အထိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်း လေ့လာမှုတို့ကို ပြုလုပ်ခဲ့ပါသည်။
၂။ ထိုသို့ကွင်းဆင်းလေ့လာမှု ပြုလုပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံ တောင်း တောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းစုံစမ်းခဲ့သည့်အပြင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ-ယမ်စီကော့ပါး လီမိတက်တို့မှ လုပ်ဆောင်ဆဲရှိသော စပယ်တောင်နှင့် ကြေးစင်တောင်တို့၏ သတ္တုတွင်း လုပ်ငန်းများကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက
၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် ဒေသခံကျေးရွာလူထု၏ ခံစားချက်များ၊ ပြည်သူ့ အသံများ ပါဝင် စေရန် လက်ပံတောင်းတောင်ကြေးနီစီမံကိန်
၎။ ဤ လုပ်ငန်းများကို ဒေသခံ ကော်မရှင်အဖွဲ့ဝင် ၃ ဦးပါဝင်သော အဖွဲ့များဖွဲ့စည်း၍ ကော်မရှင်အဖွဲ့ဝင်များက စုံညီစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
၅။ ကော်မရှင်အဖွဲ့ဝင်များသည် မန္တလေးမြို့တွင် ထေရဝါဒဗုဒ္ဓသာသနာ့ အနွယ်ဝင် သက်တော်ရှည် သံဃနာယက အဖွဲ့ဝင်ဆရာတော်ကြီးများအားလည်း
၆။ မုံရွာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်
၇။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် အဖွဲ့များခွဲကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ရာတွင် ဒေသခံကျေးရွာ လူထုနှင့် တွေ့ဆုံပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ ၄င်းတို့၏ ရပ်တည်ချက်ကိုလည်းကောင်း၊ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ၄င်းတို့၏ စိုးရိမ်ပူပန်မှုကိုလည်းကောင်း ရေရရှိရေး၊ ကျန်းမာရေး၊အလုပ်အကိုင်အခွင့်အလ
၈။ ထို့အပြင် ဝက်မှေး၊ ကံတောနှင့်ဇီးတော၊ ဆည်တည်း ကျေးရွာသစ်တို့ သို့ပြောင်းရွှေ့ အခြေစိုက် နေထိုင် သူများ ကိုလည်း ကော်မရှင်အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကာ ၄င်းတို့နေထိုင်ကြသော အဆောက် အအုံများ အခြေအနေ၊အလုပ်အကိုင်အခွင့်အလမ်း
၉။ ကော်မရှင်ဥက္ကဌ၏ အစီအစဉ်ဖြင့် ရောက်ရှိလာကြသော သမားတော်ဆရာဝန်ကြီးနှင့် သြစတြေးလျနိုင်ငံသား ဆရာဝန်ကြီး နှစ်ဦးတို့သည် အက်စစ်အခိုးအငွေ့များကြောင့် ကျန်းမာရေးထိခိုက်သည်ဟု ရပ်ရွာမှ သံသယရှိသည့် ကလေးငယ်လေးဦး၏ ရောဂါဝေဒနာအား ပဏာမစမ်းသပ်စစ်ဆေးကြည့်ရှုခဲ့ရာ အက်စစ်ကြောင့်ဖြစ်သည့် ရောဂါ လက္ခဏာ မဟုတ်ဟု ချမှတ်ပြုကြသော်လည်း ကလေးများကျန်းမာရေး ဆက်လက်ကုသခံယူနိုင်ရန် အတွက် ကလေးများအား ကော်မရှင်မှရန်ကုန်သို့ခေါ်ယူ၍ ဆေးကုသပေးခြင်းဆောင်ရွက်ခဲ့ပါသည
၁ဝ။ ကော်မရှင်အဖွဲ့ဝင်များသည် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက
၁၁။ ကော်မရှင်အဖွဲ့ဝင်များသည် မုံရွာကြေးနီတောင်စီမံကိန်း၏ ပထမအဆင့်ဖြစ်သော စပယ်တောင်နှင့် ကြေးစင် တောင်စီမံကိန်းများကို မြန်မာ-ယမ်စီကော့ပါးလီမီတက်မှ လုပ်ကိုင်ဆောင်ရွက် နေသော လုပ်ငန်းရုံး သို့လည်းကောင်း၊ စပယ်တောင်နှင့် စပယ်တောင်(တောင်)ကြေးနီ သတ္တုတွင်းရှိရာ ကျင်းကြီး(Pit) နှစ်ကျင်းသို့ သွားရောက်ခဲ့ပြီးကျေးနီစီမံကိန်
၁၂။ ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများကိုဒေသခံရွာတစ်ရ
၁၃။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့
၁၄။ ကော်မရှင်သည် ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေကို သိရှိနိုင်ရန် ဆာလ်ဖျူရစ်အက်စစ် စက်ရုံရှိ စွန့်ပစ်ရေကန်အတွင်းမှ ရေကိုလည်းကောင်း၊ စပယ်တောင်ခြေမှ စိမ့်ထွက်ရေနှင့် စပယ်တောင်ခြေရှိ ရေမြောင်း အတွင်းမှ ရေတို့ကိုလည်းကောင်း၊ ဒုံးတောရွာအတွင်း ရေညစ်ညမ်းမှု ရှိသည်ဟု ဆိုသော စက်ရေတွင်းမှ ရေကိုလည်းကောင်း ဓာတ်ခွဲစစ်ဆေးရန် နမူနာများ ရယူခဲ့ပါသည်။
၁၅။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ နေပြည်တော်တွင် စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ကွင်းဆင်းလေ့လာတွေ့ရှိချက်များက
၁၆။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကွင်းဆင်းလေ့လာချက်များမှာ ပဏာမစုံစမ်းစစ်ဆေးမှုများဖြစ်ပြီ
၁၇။ ကြေးနီစီမံကိန်းအတွက် မြေယာများ သိမ်းဆည်းခဲ့စဉ် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒေသခံကျေးရွာများ၏ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးအခြေအနေတို့နှင့် ပတ်သက်၍ လည်းကောင်း ကော်မရှင်အနေဖြင့် ဆက်လက်လေ့လာစုံစမ်းမှုများ ပြုလုပ်မည်ဖြစ်ပါသည်။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်