Subscribe to our RSS Feed

Google မောင်းသူမဲ့ကားအား နီဗာဒါပြည်နယ် မော်တော်ဌာနမှ လိုင်စင်ထုတ်ပေး

From :မြဝတီ

Google ကုမ္ပဏီမှ စမ်းသပ်နေသော မောင်းသူမဲ့ကားအား နီဗာဒါပြည်နယ် မော်တော်ဌာနမှ ပြည်နယ်တွင်းရှိ လမ်းများ ပေါ်တွင်
လူမပါဘဲ မောင်းနှင်ခွင့် လိုင်စင်ကို မေလ အစောပိုင်းက ထုတ်ပေးခဲ

့သည်ဟု သိရသည်။ လိုင်စင် ထုတ်ပေးရန်အတွက် မော်တော်ယာဉ်ဌာနမှ အရာရှိများသည် Google၏ မောင်းသူမဲ့ စနစ် တပ်ဆင် ထားသော Toyota Prius အမျိုးအစား ကားပေါ်တွင် စီးနင်းလိုက်ပါပြီး စစ်ဆေးခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကားသည် ပတ်ဝန်းကျင်အား ထိခိုက်မှု မရှိစေပဲ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်သဖြင့် အများပြည်သူသုံး လမ်းများပေါ်တွင် မောင်းနှင်ခွင့် လိုင်စင်ချထားပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

နီဗာဒါပြည်နယ်တွင် အလိုအလျောက် မောင်းနှင်သော မောင်းသူမဲ့ ကားများအား လိုင်စင်ချထားပေးခွင့် ဥပဒေကို ၂၀၁၁ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ယခု လိုင်စင်ချထားပေးမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသည်။

Google ၏ မောင်းသူမဲ့ကားအား ၂၀၁၀ ခုနှစ်တွင် စတင်စမ်းသပ်ခဲ့ပြီး ရေဒါ၊ ဗီဒီယိုကင်မရာ၊ အဆင့်မြင့် အာရုံခံ ကိရိယာများနှင့် ထိန်းချုပ်မှု စနစ်များ ပါဝင်သည်။ အဆိုပါ စနစ်အား Toyota Prius ခြောက်စီး၊ Audi TT တစ်စီးနှင့် RX 450h တစ်စီးတို့တွင် တပ်ဆင်စမ်းသပ်ထားသည်ဟု သိရသည်။
  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်