From:မေသင်္ကြန်ဟိန်(မြစ်မခ)
လူကိုယ်တိုင်ကိုတော့ မြောက်ပိုင်းပြန်ကျောင်းသားအဖွဲ့(ABSDF- NB)ရဲ့ မီဒီယာ တွေ့ဆုံပွဲမှာ စပြီး တွေ့ဖူး ခဲ့တာပါ။ မျက်နှာ ၀ိုင်းဝိုင်းနဲ့စကားကို ဖြေးဖြေးနဲ့ အေးအေးပြောတတ်ပြီး စကားအသံ ခပ်တိုး တိုး ပြော တတ်ပါတယ်။
ကိုတိုးကြည်နဲ့ တွေ့ဆုံပြီး ကျမ မေးမြန်းထားသမျှကို သူဖြေပေးခဲ့သော သူ့စကားလုံး များအတိုင်း သာ ပြန် လည် ဖော်ခြင်းဖြစ်ပါတယ်။ ဖော်ပြထားသမျှမှာ ကိုတိုးကြည် ပြောဆိုခြင်းသာ ဖြစ်ပြီး ၊ ကျမရဲ့ ထင်မြင် ယူဆချက်များ၊ သဘောထားများ လုံးဝ မပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။
အပိုင်း(၁)
ကျနော်က ဒေါပုံသား။
၁၉၆၆ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဒေါပုံမှာ မွေးပါတယ်။ အဖေနာမည်က ဦးစိန်ထွန်း၊ အမေနာမည်က ဒေါ်လှကြည်၊ မွေးချင်း ၄ယောက်မှာ ကျနော်က တတိယမြောက်ပါ။ ကျနော်က မူလတန်းတုန်းကတော့ဒေါပုံကကျောင်းမှာပဲ တက်ခဲ့တယ်။ ၈ တန်းကနေ ၁၀ တန်းထိကတော့ ဗိုလ်တထောင် ၃ မှာ တက်ခဲ့တယ်။
၁၉၈၂-၈၃ မှာ ဆယ်တန်းအောင်တယ်၊ ပြီးတော့ စီးပွားရေး တက္ကသိုလ်တက်ပါတယ်။ စီးပွားရေး တက္ကသိုလ်တက်တဲ့ ကာလကတော့ သိတဲ့ အတိုင်းပဲလေ အဲဒီအချိန်တုန်းကတော့ အရမ်း ပျော်ဖို့ ကောင်းတယ်။ တကယ်ကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ခဲ့ကြတယ်။ တကယ်ကို စီးပွားရေး တက္ကသိုလ်ရဲ့ လူငယ်လှုပ်ရှားမှု မှန်သမျှ ကျနော် အကုန်ပါတယ်။
ကြက်ခြေနီ၊ လမ်းစဉ်လူငယ်၊ အခြား ဘာသာရေး လူမှုရေး အဖွဲ့အစည်း အကုန်လုပ်ဖူးတယ်။ မပါဘူးတာ မရှိသလောက်ပဲ၊ အဲဒီတုန်းကလည်း စီးပွားရေးတက္ကသိုလ်မှာ အဲဒီနှစ်အပိုင်းခြားလိုက်ဆိုရင် မသိတဲ့ သူ မရှိဘူး။ ကျနော်နဲ့ ကျနော့်သူငယ်ချင်းအုပ်စုတွေ မသိတဲ့ သူ မရှိကြဘူး အကိုသိကြတယ်။
အဲလိုနေနေရင်းနဲ့ ၁၉၈၈ မှာ အရေးခင်းဖြစ်တယ်။ အဲဒီအချိန်ထိ ကျနော့်စိတ်ထဲမှာ သိတာကတော့ သာမန်ပါပဲ။ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ကြီးကြီးမားမား ဘာမှ မသိခဲ့ဘူး၊ တခုတော့ရှိတယ်။ တခုတော့ရှိတယ် ငယ်ငယ်ကတည်းက မခံချင်စိတ်တော့ ရှိခဲ့တယ်။ဘာလေးဖြစ်ဖြစ် မှန်တဲ့ဘက်ကပဲ နေတတ်တယ်။
၈၈ အရေးအခင်းဖြစ်တော့ ဖြစ်ဖြစ်ခြင်းမှာ သိလည်း မသိဘူး၊ပါလည်း မပါခဲ့ဘူး။တနေ့ကျတော့ ကျနော့်အကိုလို့လည်း ပြောလို့ရတယ်၊ ကျနော့် သူငယ်ချင်းရဲ့ အကိုပေါ့။ သူကတော့ လက်ရှိ ကနေဒါမှာ ရောက်နေတယ်။ ABSDF စဖွဲ့တုန်းကသူပါခဲ့တယ်လို့ ပြောတယ်။ သူ့နာမည်က ကိုအောင်ကြည်ဦးတဲ့ လက်ရှိတော့သူက ကနေဒါမှာ ရောက်နေတယ်။
တရက်သူက ကျနော့်ကို ညီလေးမင်းငါနဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ဒေါပုံထဲမှာပဲ။ လက်ရှိ Capital ရှိတဲ့ နားမှာပေါ့ အဲဒီနားမှာ စစ်တပ်ချထားတယ်။ စစ်သားတွေ တန်းစီပြီး ချထားတယ်။
ကျနော်တို့ကတော့ ဘာမှ မသိဘူး၊ ပါလည်း မပါခဲ့ဘူး၊ဒီအတိုင်းပဲ ကြည့်နေတယ်။ အဲဒီအချိန်မှာ ဆန္ဒ့ပြတဲ့ သူတွေကို မတက်လာနဲ့လို့ပြောတယ်၊ စစ်တပ်က မတက်နဲ့ တက်ရင် ပစ်မယ်လို့ ပြောတယ်၊ ဒါပေမဲ့ တက်သွားကြတယ်။ တက်တော့ပစ်တာ။ ပစ်တော့ ကိုယ့်ရှေ့မှာပဲ အတုံးအရုန်းသေတာပဲ။ ကိုယ်လည်းပဲ အဲဒီနားမှာ ရှိတဲ့ လယ်ကွင်းထဲကို ဆင်းပြေးပြီးတော့ လယ်ကွင်းထဲမှာပဲ ဆင်းနေခဲ့ရတယ်။ အဲဒါ ပထမဆုံး အတွေ့အကြုံပဲ။
အဲဒီကနေ ပြန်လာရော တခြားတော့ဘာမှ မလုပ်သေးဘူး။ ရပ်ကွက်ထဲမှာပဲ နေတယ်၊ ရပ်ကွက်လုံခြုံရေးကိုပဲ လုပ်တယ်။ အဓိက ကျနော်လုပ်ချင်တာက ကိုယ့်ရပ်ကွက်အန္တရာယ်မဖြစ်ရေးပဲ။ ကျနော်ရပ်ကွက်က လူငယ်တွေနဲ့ ပေါင်းပြီးတော့လုပ်တယ်။ လုပ်ပြီးတဲ့အခါမှာ တရက်ကျတော့ သူငယ်ချင်းတွေက လာပြောတယ်။ ရပ်ကွက်ထဲက ရုံးတရုံးထဲမှာ ဓါတ်ဆီတွေ ရှိတယ်။ အဲဒါတွေကို အကို စီစဉ်ပေးပါလို့ လာပြောတယ်။
အဲဒါနဲ့ အဲဒီရုံးထဲဓါတ်ဆီတွေကို အပြင်ရောက်အောင် ထုတ်ပေးလိုက်တယ်။ ဒါ ကျနော့်အနေနဲ့ ပထမဆုံး စလုပ်ဖူးတာပဲ။အဲဒီမှာ သူငယ်ချင်းတွေကလည်း လာခေါ်ကြတယ်၊ ကျနော်တို့မြို့နယ်မှာ မရှိဘူးတဲ့။ အဲလိုဆိုတော့ ငါ သိလည်း မသိဘူး၊ လုပ်လည်း မလုပ်တတ်ဘူး၊ ငါ့မှာ မခံချင်စိတ်ပဲ ရှိတယ်လို့ ပြောမိတယ်။
သူတို့က မဟုတ်ဘူး အကိုတဲ့ ကျနော်တို့မြို့နယ်မှာ ရှိတဲ့ သင်္ယာတွေနဲ့ ကျောင်းသားတွေကြားထဲမှာ အကိုဝင်ပေးပါတဲ့။ အဲဒါဆို ငါလုပ်ပေးမယ်လို့ ပြောလိုက်တယ်။ အဲဒါနဲ့ပဲ ဒေါပုံမြို့နယ်မှာ ရှိတဲ့ ပြည်သူတွေနဲ့ သံင်္ယာတွေနဲ့ ကျောင်းသားတွေနဲ့ စုစုစည်းစည်းဖြစ်အောင် လုံခြုံရေးကော်မတီဆိုပြီး ဖွဲ့တယ်။ လိုအပ်တာတွေကိုလုပ်ပေးတယ်။ မြို့နယ်ထဲမှာ ဂိုထောင်ဖောက်တာတို့ ရပ်ကွက်တွေမှာ ဆူပူသောင်းကျန်းတာတို့ အဲဒါတွေမဖြစ်အောင် အဆင်ပြေအောင်ကျနော်လုပ်ပေးတယ်။
မြို့နယ်ထဲမှာ ပြည်သူက ရဲနဲ့လည်း ပြဿနာ မဖြစ်အောင်၊ ရဲတွေကိုလည်း ပြည်သူတွေက အန္တရာယ်မပေးစေရဘူး၊ရဲကလည်း ပြည်သူတွေကို အန္တရာယ်မပေးစေရဘူး။ သပိတ်ကာလမှာလည်း တစုံတခု ပြဿနာဖြစ်လို့ လာတိုင်။ ကျနော်တို့ လုပ်ပေးတယ်။ အကုန်လုံးကို ဖြေရှင်းပေးတယ်။ တကယ်ဖြေရှင်းပေးခဲ့တယ်။
နောက် မြို့နယ်ထဲမှာ ဆန်တွေ အရမ်းရှားတယ်၊ ဆန်တွေရဖို့အတွက် ဆန်ဂိုထောင်တွေနဲ့ ညှိုပေးတယ်၊ ကျနော်တို့ကို ဘယ်လို ပေးနိုင်မလဲ။ ရောင်းပေးနိုင်မလဲ။ ဆန်စက်တွေနဲ့ ညှိုပေးတယ်။ ဆန်စက်တွေကို ရောင်းခိုင်းပေးတယ်။ ဒါပေမဲ့ ဆန္ဒ့ပြတဲ့ ထဲမှတော့ မပါခဲ့ဘူး၊ နောက်ကွယ်ကနေ ပြီးတော့ အကုန်လုပ်ပေးခဲ့တယ်။စီစဉ်စရာရှိတာ စီစဉ်ပေးလိုက်တယ်။ အဲဒါမျိုးပဲ ကျနော် နေခဲ့တယ်။
သူငယ်ချင်းတွေဆိုတာကလည်း ကျနော်နဲ့အတူ ရပ်ကွက်ထဲမှာ နေခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ၊ သူတို့ကလည်း ကျနော် တောခိုတော့ အကုန်ပါခဲ့ကြတယ်။ ထွန်းဝင်း၊ အောင်ကျော်မြင့်၊ ကြည်စိုး၊ မင်းသူဟန်၊ တင်မောင်ဦးတို့ပေါ့။ လက်ရှိလည်း ရှိပါတယ်။ အဲဒီ သူငယ်ချင်းတွေအပြင်တခြားလည်း ရှိပါတယ်။ ဒီသူငယ်ချင်းတွေကတော့ ကျနော်နဲ့အတူ တောက်လျှောက်ပါလာခဲ့တဲ့ သူငယ်ချင်းတွေပေါ့။
ကျနော်တို့က မြို့နယ် ပါတီရုံးမှာ စတည်းချခဲ့ကြတယ်။ ပါတီယူနစ်ရုံးကလည်း ဘာပြောလဲ ဆိုတော့ မင်းတို့ နေမယ်ဆိုရင်လည်း နေပါတယ်၊ ဒါပေမဲ့ မပျက်ဆီးအောင်လုပ်ပါတဲ့။ ကျနော်တို့ကလည်း စိတ်ချပါ၊ ဘာမှ မပျက်ဆီးစေရဘူး၊ ကျနော်တို့ တာဝန်ယူတယ်၊ အဲဒါနဲ့ သူတို့က ဖယ်ပေးပါတယ်။ ကျနော်တို့ ၀င်ပြီး တာဝန်ယူလိုက်တယ်။
အဲဒီနောက်တော့ အာဏာသိမ်းတယ်။ အာဏာသိမ်းတော့စစ်တပ်က အဲဒီရုံးကို ရောက်လာတယ်။ ဗိုလ်မှူးတယောက်ပဲ ကျနော် နာမည်တော့ မမှတ်မိဘူး။ သူလာပြီးတော့ ညီလေးတို့တဲ့ ညီလေးတို့ ဘာလုပ်သလဲတဲ့။ ကျနော်တို့ကလည်း ဟုတ်ကဲ့ အကိုပေါ့၊ ကျနော်တို့ လုပ်တာတော့မြင်တဲ့အတိုင်းပေါ့ ကျနော်တို့က ဒေါပုံမြို့နယ်လုံး ဆိုင်ရာ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆပ်ကော်မတီဆိုပြီး လုပ်ထားတယ်၊ ကျောင်းသားနဲ့ သံင်္ယာနဲ့ပေါင်းပြီး လုပ်ထားတယ်အကိုလို့ သူ့ကို ပြောပြတယ်။ သူက ဟုတ်ပြီ၊ ညီလေးတို့ ဘာတွေလုပ်သလဲတဲ့။
ကျနော်တို့က မြို့နယ် လုံခြုံရေးအတွက် ဦးစားပေးပြီး လုပ်တယ်လို့။ကျန်တာတော့ ကျနော်တို့ မလုပ်ဘူးလို့။ ဒါဆိုသူက ဟုတ်ပြီတဲ့။ အဲဒီမှာသူတို့က ရုံးကို ၀င်ယူတယ်၊ ကျနော်တို့ ဖယ်ပေးတယ် ကိုယ့်အိမ်ကိုပြန်ကြတယ်။
အရေးအခင်းကာလမှာတော့ ဒီလောက်ပဲ အရေးအခင်းပြီးတော့ကျောင်းနေဖက် သူငယ်ချင်းတွေက လာခေါ်တယ်။ တိုးကြည်ရေတဲ့ …ငါတို့ ပါတီထောင်ရအောင်တဲ့။ ပါတီထောင်ကြမယ်တဲ့။
ရှေ့ဆက်ဖော်ပြပေးပါမည်။
www.MyanmarExpress.net
ကိုတိုးကြည်ရဲ့ အမည်ကိုတော့ မနန်းအောင်ထွေးကြည်ပြောတဲ့ ထဲမှာပါသလို၊
ကိုရဲလင်းတို့ ကိုဘို ဘိုတို့ ပြောခဲ့တဲ့ ထဲမှာလည်း ပါဝင်ခဲ့တဲ့အတွက်
စိတ်ထဲမှာ မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။
ကိုတိုးကြည် က မြောက်ပိုင်း ပါဂျောင်စခန်းကနေ ထွက်ပြေးလာတဲ့ ၅၅ ဦးထဲက တဦးပါ။လူကိုယ်တိုင်ကိုတော့ မြောက်ပိုင်းပြန်ကျောင်းသားအဖွဲ့(ABSDF- NB)ရဲ့ မီဒီယာ တွေ့ဆုံပွဲမှာ စပြီး တွေ့ဖူး ခဲ့တာပါ။ မျက်နှာ ၀ိုင်းဝိုင်းနဲ့စကားကို ဖြေးဖြေးနဲ့ အေးအေးပြောတတ်ပြီး စကားအသံ ခပ်တိုး တိုး ပြော တတ်ပါတယ်။

3 comments:
Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)
ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်
အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်
၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။
စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။
စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။
နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။
မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။
· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။
· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။
· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။
· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။
· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။
ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။
· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။
· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။
· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊
· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။
· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။
· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။
· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။
မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။
နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။
အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။
ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။
အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။
တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။
ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။
လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။
ဒီဇင်ဘာလ (၂၃) ၇က် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောဆိုလိုက်သည်တွင် ရန်ကုန်မြို့ရှိ မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်တွင် ဠင်းတများ လာရောက်နားခိုခြင်း ဖြစ်ပွါးခဲ့သည် ။
မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် မကောင်းသည့်နိမိတ်ကို ပြခြင်းဖြစ်ပေသည်။
ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်